မအိုခ်င္ရင္ စိတ္ျပဳျပင္ပါ

မအိုခ်င္ရင္ စိတ္ျပဳျပင္ပါ
မအိုခ်င္ရင္ စိတ္ျပဳျပင္ပါ

မအိုခ်င္ရင္ စိတ္ျပဳျပင္ပါ

စိတ္ကို ခ်မ္းခ်မ္းသာသာ မေနတတ္ သင့္ေတာ္သလို ႏွလုံးမသြင္းတတ္လို႔ စိတ္ မခ်မ္းသာတာေတြ အားႀကီးေနရင္ အိုလြယ္တယ္။

စိတ္ေၾကာင့္ ျဖစ္ေပၚလာတဲ့ ႐ုပ္ေတြကလဲ စိတ္ေထာင္းေတာ့ ကိုယ္ေၾက ဆိုတာလို မေကာင္းတဲ့ ႐ုပ္ေတြ မခ်မ္းသာတဲ့ ခပ္အိုအို ႐ုပ္ေတြပဲ ျဖစ္လာတယ္။

အဲဒါေၾကာင့္ စိတ္ကိုထိန္းသိမ္းၿပီး စိတ္ခ်မ္းသာေအာင္ မေန တတ္တဲ့ လူေတြဟာ သူမ်ားထက္ ပိုၿပီး အိုလြယ္တယ္။

ဒါေၾကာင့္ စိတ္ မခ်မ္းသာစရာ ကိစၥ ေပၚေပါက္လာလို႔ ရွိရင္ စိတ္ကို ထိန္းသိမ္းျပဳျပင္ႏိုင္ရမယ္။ ကုသိုလ္ ေကာင္းမႈျပဳ၊ ဘုရား အာ႐ုံျပဳ၊ ဘုရားရွိခိုး၊ တရား ႏွလုံး သြင္းေနရမယ္။

အဲဒီေကာင္းတဲ့ စိတ္ခ်မ္းသာစရာ အလုပ္ေတြ လုပ္ေနရင္ စိတ္ဆင္းရဲစရာနဲ႔ ေတြ႕လည္း စိတ္မဆင္းရဲတဲ့အျပင္ ႏွလုံးသြင္းမွန္လို႔ ၿငိမ္းခ်မ္းေနတယ္။

စိတ္ကို ခ်မ္းသာေအာင္ မထိန္းသိမ္းႏိုင္ရင္ေတာ့ ဆင္းရဲတဲ့ စိတ္ေတြေၾကာင့္ ဆင္းရဲတဲ့ ႐ုပ္ေတြ ထပ္ကာထပ္ကာ အျဖစ္မ်ားလာတဲ့ အတြက္ စိတ္ေၾကာင့္ ႐ုပ္ဟာ ျမန္ျမန္ အိုလာေတာ့တာပဲ။

သမုဒယေတြေၾကာင့္ ဆင္းရဲရတယ္ ဇရာဒုကၡရဲ႕ အရင္းခံဟာ တဏွာပဲ။ ဒီ႐ုပ္ဟာ ကံေၾကာင့္လည္း အိုလြယ္တယ္။ အာဟာရေၾကာင့္လဲ အိုလြယ္တယ္။ အပူ အေအးကို မဆင္ျခင္လို႔ မေနတတ္ မထိုင္တတ္တာေတြေၾကာင့္လဲ အိုလြယ္ပါတယ္။

တဏွာအရင္းခံၿပီး စားခ်င္ရာစား အပူ ေအအး အရသာေတြကို ဇိမ္ခံၿပီးေနခ်င္သလိုေန။ ေလာက အလိုက္ ခ်မ္း ခ်မ္း သာသာ ေနတယ္။ တရား ႏွလုံးမသြင္းဘူး ေပါ့ေပါ့ ဆဆ ေနတယ္။

ဒီေတာ့ ခႏၶာဟာ မက်န္းမမာ ျဖစ္ၿပီး တျဖည္းျဖည္း ယိုယြင္းလို႔ အိုသည္ဘက္ကို ျမန္ဆန္လာတယ္ေပါ့။ အဲဒါေၾကာင့္ စိတ္ကို ထိန္းႏိုင္သမွ်ထိန္းၿပီး ျပဳျပင္ေပးမွ ဒီဒုကၡက သက္သာေပလိမ့္မယ္။ သက္သာေအာင္လည္း ငယ္စဥ္ကတည္းကစၿပီး အေလ့က်င့္ လုပ္ယူထားရမယ္။

မူရင္းေရးသားပူေဇာ္သူ ကို ဂါရဝျပဳပါသည္။

Unicode

မအိုချင်ရင် စိတ်ပြုပြင်ပါ

စိတ်ကို ချမ်းချမ်းသာသာ မနေတတ် သင့်တော်သလို နှလုံးမသွင်းတတ်လို့ စိတ် မချမ်းသာတာတွေ အားကြီးနေရင် အိုလွယ်တယ်။

စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တွေကလဲ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတာလို မကောင်းတဲ့ ရုပ်တွေ မချမ်းသာတဲ့ ခပ်အိုအို ရုပ်တွေပဲ ဖြစ်လာတယ်။

အဲဒါကြောင့် စိတ်ကိုထိန်းသိမ်းပြီး စိတ်ချမ်းသာအောင် မနေ တတ်တဲ့ လူတွေဟာ သူများထက် ပိုပြီး အိုလွယ်တယ်။

ဒါကြောင့် စိတ် မချမ်းသာစရာ ကိစ္စ ပေါ်ပေါက်လာလို့ ရှိရင် စိတ်ကို ထိန်းသိမ်းပြုပြင်နိုင်ရမယ်။ ကုသိုလ် ကောင်းမှုပြု၊ ဘုရား အာရုံပြု၊ ဘုရားရှိခိုး၊ တရား နှလုံး သွင်းနေရမယ်။

အဲဒီကောင်းတဲ့ စိတ်ချမ်းသာစရာ အလုပ်တွေ လုပ်နေရင် စိတ်ဆင်းရဲစရာနဲ့ တွေ့လည်း စိတ်မဆင်းရဲတဲ့အပြင် နှလုံးသွင်းမှန်လို့ ငြိမ်းချမ်းနေတယ်။

စိတ်ကို ချမ်းသာအောင် မထိန်းသိမ်းနိုင်ရင်တော့ ဆင်းရဲတဲ့ စိတ်တွေကြောင့် ဆင်းရဲတဲ့ ရုပ်တွေ ထပ်ကာထပ်ကာ အဖြစ်များလာတဲ့အတွက် စိတ်ကြောင့် ရုပ်ဟာ မြန်မြန် အိုလာတော့တာပဲ။

သမုဒယတွေကြောင့် ဆင်းရဲရတယ် ဇရာဒုက္ခရဲ့ အရင်းခံဟာ တဏှာပဲ။ ဒီရုပ်ဟာ ကံကြောင့်လည်း အိုလွယ်တယ်။ အာဟာရကြောင့်လဲ အိုလွယ်တယ်။ အပူ အအေးကို မဆင်ခြင်လို့ မနေတတ် မထိုင်တတ်တာတွေကြောင့်လဲ အိုလွယ်ပါတယ်။

တဏှာအရင်းခံပြီး စားချင်ရာစား အပူ အေအး အရသာတွေကို ဇိမ်ခံပြီးနေချင်သလိုနေ။ လောက အလိုက် ချမ်း ချမ်း သာသာ နေတယ်။ တရား နှလုံးမသွင်းဘူး ပေါ့ပေါ့ ဆဆ နေတယ်။

ဒီတော့ ခန္ဓာဟာ မကျန်းမမာ ဖြစ်ပြီး တဖြည်းဖြည်း ယိုယွင်းလို့ အိုသည်ဘက်ကို မြန်ဆန်လာတယ်ပေါ့။ အဲဒါကြောင့် စိတ်ကို ထိန်းနိုင်သမျှထိန်းပြီး ပြုပြင်ပေးမှ ဒီဒုက္ခက သက်သာပေလိမ့်မယ်။ သက်သာအောင်လည်း ငယ်စဉ်ကတည်းကစပြီး အလေ့ကျင့် လုပ်ယူထားရမယ်။

မူရင်းရေးသားပူဇော်သူ ကို ဂါရဝပြုပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*