မယားေၾကာက္ (မ.ယ.က) ႀကီးေတြကို အထင္ေတာ့ သြားမေသးလိုက္နဲ႔ေနာ္

မယားေၾကာက္ (မ.ယ.က) ႀကီးေတြကို အထင္ေတာ့ သြားမေသးလိုက္နဲ႔ေနာ္
မယားေၾကာက္ (မ.ယ.က) ႀကီးေတြကို အထင္ေတာ့ သြားမေသးလိုက္နဲ႔ေနာ္

မယားေၾကာက္ (မ.ယ.က) ႀကီးေတြကို အထင္ေတာ့ သြားမေသးလိုက္နဲ႔ေနာ္

မယားေၾကာက္သူေတြ ဟာ ဆင္ေျခေပးဖို႔အတြက္ စဥ္းစားရင္းကေန ဉာဏ္ပိုေကာင္းလာတတ္တယ္

တစ္ခါက.. အင္မတန္ မိန္းမေၾကာက္ရတဲ့ မြိဳင္ရွီအမည္ရွိ လက္သမားဆရာတစ္ဦး ရွိပါသတဲ့..။
တစ္ေန႔ေတာ့ လက္သမားဆရာဟာ သူျပဳလုပ္ဖန္တီးထားတဲ့ အိမ္ေထာင္ပရိေဘာဂ ပစၥည္းေတြကို ၿမိဳ႕တစ္ၿမိဳ႕မွာ သြားေရာက္ေရာင္းခ်ခဲ့တယ္။

အဲဒီလို ေရာင္းခ်ၿပီး ေငြေၾကးမ်ားစြာကိုလည္း ရရွိခဲ့တယ္။ လက္သမားဆရာဟာ သူရရွိလာတဲ့ေငြေၾကးေတြကို အိတ္တစ္လုံးနဲ႔ ေသခ်ာစြာထုတ္ပိုးၿပီး ျပန္လာခဲ့တယ္။

အဲဒီလိုနဲ႔ ေတာလမ္းတစ္ေနရာအေရာက္မွာေတာ့ ေသနတ္တစ္လက္ကိုင္ထားတဲ့ ဓါးျပတစ္ေယာက္က သူ႔ကို ဓါးျပတိုက္တယ္..

“ေဟ့လူ.. ခင္ဗ်ားမွာ ေငြအမ်ားႀကီးပါတယ္ဆိုတာ က်ဳပ္ၿမိဳ႕မွာကတည္းကသိၿပီးသား၊ ယီးတီးယားတား လုပ္မယ္ေတာ့မႀကံနဲ႔၊ ဇီးသီးႏြား စားသလို အသက္ပါေပ်ာက္သြားမယ္၊ လာထား ခင္ဗ်ားရဲ႕ေငြထုပ္” ဓါးျပဟာ ေျပာေျပာဆိုဆိုနဲ႔ လက္သမားဆရာကို ေသနတ္နဲ႔ေထာက္လိုက္တယ္..။

အဲဒီအခါ လက္သမားဆရာႀကီးက “မလုပ္ပါနဲ႔ဗ်ာ..။ အိမ္ကို ေငြျပန္ပါမလာရင္ ကြၽန္ေတာ့္မိန္းမက ကြၽန္ေတာ့္ကို ႐ိုက္လိမ့္မယ္” လို႔ေျပာလိုက္တယ္။ အဲဒီအခါ ဓါးျပက.. “ခင္ဗ်ားက မိန္းမကို အသက္ေသမွာထက္ပိုၿပီးေၾကာက္သလား” လို႔ေမးျပန္တယ္။

အဲဒီအခါ လက္သမားဆရာႀကီးက.. “ေၾကာက္…ေၾကာက္ပါတယ္…။ တစ္ခုေတာ့ ကူညီပါဗ်ာ.. ကြၽန္ေတာ့္ေငြထုတ္ကို ယူခ်င္ယူပါ။

ဒါေပမယ့္ ဓါးျပတိုက္ေၾကာင္း သက္ေသအေနနဲ႔ ကြၽန္ေတာ့္ ဦးထုပ္ကို ေသနတ္နဲ႔ပစ္ၿပီး အေပါက္ေဖာက္ေပးပါ။ ဒါမွ မိန္းမက ကြၽန္ေတာ္ ဓါးျပတိုက္ခံရတယ္ဆိုတာ ယုံမွာမို႔ပါ” လို႔ေျပာရွာတယ္။

အဲဒီေနာက္မွာေတာ့ ဓါးျပဟာ လက္သမားဆရာရဲ႕ ဦးထုပ္ကိုယူၿပီး ေသနတ္နဲ႔ပစ္ခါ အေပါက္ေဖာက္ေပးလိုက္တယ္။

အဲဒီေနာက္ လက္သမားဆရာဆီကို ဦးထုပ္ျပန္ေပးလိုက္ၿပီး ေငြထုပ္ကို ယူကာ လွည့္ထြက္လာတယ္။ အဲဒီအခါ လက္သမားဆရာက “ေန..ေနပါဦး ဆရာ။ အဆင္မေျပေသးဘူး” လို႔ေျပာျပန္တယ္။

အဲဒီအခါ ဓါးျပက “ဘာျဖစ္ျပန္ၿပီတုံး..ခင္ဗ်ားက” လို႔ျပန္ေမးေတာ့ လက္သမားဆရာက “ဦးထုပ္မွာ အေပါက္က တစ္ေပါက္တည္းဆိုေတာ့

ကြၽန္ေတာ့္မိန္းမက ရွင္က ဓါးျပတစ္ေယာက္တည္းေတာင္ ႏိုင္ေအာင္ ျပန္မခ်ႏိုင္ဘူးလားဆိုၿပီး ဆူဦးမွာပဲဗ်။ အခန႔္မသင့္ရင္ လက္ပါ ပါလာႏိုင္ေသးတယ္။ ကြၽန္ေတာ္ေၾကာက္တယ္ဆရာ။

ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ရဲ႕ကုတ္အက်ီမၤွာပါ အေပါက္ေတြ ထပ္ေဖာက္ေပးပါဗ်ာ။ ဒါမွ ဓါးျပေတြအမ်ားႀကီးဝိုင္းတိုက္တဲ့ၾကားထဲက အသက္စြန႔္ၿပီး ေျပးလာခဲ့ရတာလို႔ ကြၽန္ေတာ္ေျပာလို႔ရတာေပါ့၊

မိန္းမကလည္း ကြၽန္ေတာ့္ကို သနားသြားႏိုင္တယ္။ အဲဒါေလးလုပ္ေပးပါဦးဗ်ာ ရွိႀကီးခိုးပါတယ္” လို႔ေျပာျပန္တယ္။ အဲဒီလိုနဲ႔ဘဲ ဓါးျပဟာ လက္သမားဆရာရဲ႕ အက်ၤ ီကို ယူၿပီး ေသနတ္နဲ႔ပစ္ခါ အေပါက္ေတာ္ေတာ္မ်ားမ်ား ေဖာက္ေပးလိုက္တယ္ ၿပီးတဲ့အခါ

“ရၿပီလား မယက ဥကၠဌ” လို႔ ေမးျပန္တယ္။ ဒီေတာ့ လက္သမားဆရာက “နည္းေသးတယ္ဆရာ ခပ္မ်ားမ်ားေလးလုပ္ေပးပါ” လို႔ေျပာျပန္တယ္ အဲဒီအခါ ဓါးျပက

“မရေတာ့ဘူး မယားေၾကာက္ေရ၊ ခင္ဗ်ားအဆူခံလည္း ခံရေပ့ေစေတာ့။ ေသနတ္က်ည္မရွိေတာ့ဘူး၊ ငါသြားေတာ့မယ္” လို႔ေျပာၿပီးလွည့္ထြက္လာျပန္တယ္။

အဲအခ်ိဳန္ခါမွာေတာ့ လက္သမားဆရာက”ဒီအခ်ိန္ကို ေစာင့္ေနခဲ့တာကြ၊ မိန္းမေၾကာက္ေပမယ့္
က်ည္မရွိတဲ့ေသနတ္ကိုင္ထားတဲ့ ဓါးျပကိုေတာ့ မေၾကာက္ဘူးေဟ့” လို႔ေျပာၿပီး

ပါလာတဲ့ လက္သမားတူကို ထုတ္ခါ ဓါးျပရဲ႕ ေခါင္းကို “ခြပ္”ခနဲျမည္ေအာင္ ထုလိုက္တယ္။ ၿပီးတဲ့အခါမွာေတာ့ သူ႔ရဲ႕ေငြထုတ္ကို ယူၿပီး သီခ်င္းတစ္ပုဒ္ကို ေအးခ်မ္းစြာညဥ္းဆိုၿပီး ထြက္ခြာသြားပါေတာ့သတဲ့..။

မယားေၾကာက္သူေတြ ဟာ ဆင္ေျခေပးဖို႔အတြက္ စဥ္းစားရင္း ဉာဏ္ေကာင္း လာတတ္တယ္လို႔ဆိုတယ္။ “ဒါေၾကာင့္ ဉာဏ္ေကာင္းတဲ့ သူေတြဟာ၊ မယားေၾကာက္ၾကၿပီး၊ မယားေၾကာက္တဲ့ လူေတြဟာလည္းပဲ ဉာဏ္ေကာင္း လာတတ္ၾကတယ္ တဲ့။ ဘဝအေမာေလးေတြ ေျပေပ်ာက္ႏိူင္ၾကပါေစ

Crd by ဟာသလူ႐ႊင္ေတာ္ၾကယ္ပြင့္

Unicode

မယားကြောက် (မ.ယ.က) ကြီးတွေကို အထင်တော့ သွားမသေးလိုက်နဲ့နော်

မယားကြောက်သူတွေ ဟာ ဆင်ခြေပေးဖို့အတွက် စဉ်းစားရင်းကနေ ဉာဏ်ပိုကောင်းလာတတ်တယ်

တစ်ခါက.. အင်မတန် မိန်းမကြောက်ရတဲ့ မွိုင်ရှီအမည်ရှိ လက်သမားဆရာတစ်ဦး ရှိပါသတဲ့..။
တစ်နေ့တော့ လက်သမားဆရာဟာ သူပြုလုပ်ဖန်တီးထားတဲ့ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို မြို့တစ်မြို့မှာ သွားရောက်ရောင်းချခဲ့တယ်။

အဲဒီလို ရောင်းချပြီး ငွေကြေးများစွာကိုလည်း ရရှိခဲ့တယ်။ လက်သမားဆရာဟာ သူရရှိလာတဲ့ငွေကြေးတွေကို အိတ်တစ်လုံးနဲ့ သေချာစွာထုတ်ပိုးပြီး ပြန်လာခဲ့တယ်။

အဲဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာတော့ သေနတ်တစ်လက်ကိုင်ထားတဲ့ ဓါးပြတစ်ယောက်က သူ့ကို ဓါးပြတိုက်တယ်..

“ဟေ့လူ.. ခင်ဗျားမှာ ငွေအများကြီးပါတယ်ဆိုတာ ကျုပ်မြို့မှာကတည်းကသိပြီးသား၊ ယီးတီးယားတား လုပ်မယ်တော့မကြံနဲ့၊ ဇီးသီးနွား စားသလို အသက်ပါပျောက်သွားမယ်၊ လာထား ခင်ဗျားရဲ့ငွေထုပ်” ဓါးပြဟာ ပြောပြောဆိုဆိုနဲ့ လက်သမားဆရာကို သေနတ်နဲ့ထောက်လိုက်တယ်..။

အဲဒီအခါ လက်သမားဆရာကြီးက “မလုပ်ပါနဲ့ဗျာ..။ အိမ်ကို ငွေပြန်ပါမလာရင် ကျွန်တော့်မိန်းမက ကျွန်တော့်ကို ရိုက်လိမ့်မယ်” လို့ပြောလိုက်တယ်။ အဲဒီအခါ ဓါးပြက.. “ခင်ဗျားက မိန်းမကို အသက်သေမှာထက်ပိုပြီးကြောက်သလား” လို့မေးပြန်တယ်။

အဲဒီအခါ လက်သမားဆရာကြီးက.. “ကြောက်…ကြောက်ပါတယ်…။ တစ်ခုတော့ ကူညီပါဗျာ.. ကျွန်တော့်ငွေထုတ်ကို ယူချင်ယူပါ။

ဒါပေမယ့် ဓါးပြတိုက်ကြောင်း သက်သေအနေနဲ့ ကျွန်တော့် ဦးထုပ်ကို သေနတ်နဲ့ပစ်ပြီး အပေါက်ဖောက်ပေးပါ။ ဒါမှ မိန်းမက ကျွန်တော် ဓါးပြတိုက်ခံရတယ်ဆိုတာ ယုံမှာမို့ပါ” လို့ပြောရှာတယ်။

အဲဒီနောက်မှာတော့ ဓါးပြဟာ လက်သမားဆရာရဲ့ ဦးထုပ်ကိုယူပြီး သေနတ်နဲ့ပစ်ခါ အပေါက်ဖောက်ပေးလိုက်တယ်။

အဲဒီနောက် လက်သမားဆရာဆီကို ဦးထုပ်ပြန်ပေးလိုက်ပြီး ငွေထုပ်ကို ယူကာ လှည့်ထွက်လာတယ်။ အဲဒီအခါ လက်သမားဆရာက “နေ..နေပါဦး ဆရာ။ အဆင်မပြေသေးဘူး” လို့ပြောပြန်တယ်။

အဲဒီအခါ ဓါးပြက “ဘာဖြစ်ပြန်ပြီတုံး..ခင်ဗျားက” လို့ပြန်မေးတော့ လက်သမားဆရာက “ဦးထုပ်မှာ အပေါက်က တစ်ပေါက်တည်းဆိုတော့

ကျွန်တော့်မိန်းမက ရှင်က ဓါးပြတစ်ယောက်တည်းတောင် နိုင်အောင် ပြန်မချနိုင်ဘူးလားဆိုပြီး ဆူဦးမှာပဲဗျ။ အခန့်မသင့်ရင် လက်ပါ ပါလာနိုင်သေးတယ်။ ကျွန်တော်ကြောက်တယ်ဆရာ။

ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ကုတ်အကျီၤမှာပါ အပေါက်တွေ ထပ်ဖောက်ပေးပါဗျာ။ ဒါမှ ဓါးပြတွေအများကြီးဝိုင်းတိုက်တဲ့ကြားထဲက အသက်စွန့်ပြီး ပြေးလာခဲ့ရတာလို့ ကျွန်တော်ပြောလို့ရတာပေါ့၊

မိန်းမကလည်း ကျွန်တော့်ကို သနားသွားနိုင်တယ်။ အဲဒါလေးလုပ်ပေးပါဦးဗျာ ရှိကြီးခိုးပါတယ်” လို့ပြောပြန်တယ်။ အဲဒီလိုနဲ့ဘဲ ဓါးပြဟာ လက်သမားဆရာရဲ့ အင်္ကျ ီကို ယူပြီး သေနတ်နဲ့ပစ်ခါ အပေါက်တော်တော်များများ ဖောက်ပေးလိုက်တယ် ပြီးတဲ့အခါ

“ရပြီလား မယက ဥက္ကဌ” လို့ မေးပြန်တယ်။ ဒီတော့ လက်သမားဆရာက “နည်းသေးတယ်ဆရာ ခပ်များများလေးလုပ်ပေးပါ” လို့ပြောပြန်တယ် အဲဒီအခါ ဓါးပြက

“မရတော့ဘူး မယားကြောက်ရေ၊ ခင်ဗျားအဆူခံလည်း ခံရပေ့စေတော့။ သေနတ်ကျည်မရှိတော့ဘူး၊ ငါသွားတော့မယ်” လို့ပြောပြီးလှည့်ထွက်လာပြန်တယ်။

အဲအချိုန်ခါမှာတော့ လက်သမားဆရာက”ဒီအချိန်ကို စောင့်နေခဲ့တာကွ၊ မိန်းမကြောက်ပေမယ့်
ကျည်မရှိတဲ့သေနတ်ကိုင်ထားတဲ့ ဓါးပြကိုတော့ မကြောက်ဘူးဟေ့” လို့ပြောပြီး

ပါလာတဲ့ လက်သမားတူကို ထုတ်ခါ ဓါးပြရဲ့ ခေါင်းကို “ခွပ်”ခနဲမြည်အောင် ထုလိုက်တယ်။ ပြီးတဲ့အခါမှာတော့ သူ့ရဲ့ငွေထုတ်ကို ယူပြီး သီချင်းတစ်ပုဒ်ကို အေးချမ်းစွာညဉ်းဆိုပြီး ထွက်ခွာသွားပါတော့သတဲ့..။

မယားကြောက်သူတွေ ဟာ ဆင်ခြေပေးဖို့အတွက် စဉ်းစားရင်း ဉာဏ်ကောင်း လာတတ်တယ်လို့ဆိုတယ်။ “ဒါကြောင့် ဉာဏ်ကောင်းတဲ့ သူတွေဟာ၊ မယားကြောက်ကြပြီး၊ မယားကြောက်တဲ့ လူတွေဟာလည်းပဲ ဉာဏ်ကောင်း လာတတ်ကြတယ် တဲ့။ ဘဝအမောလေးတွေ ပြေပျောက်နိူင်ကြပါစေ

Crd by ဟာသလူရွှင်တော်ကြယ်ပွင့်

Be the first to comment

Leave a Reply

Your email address will not be published.


*