လမ္းခြဲတဲ့အဆင့္အထိ မေရာက္ေအာင္ ေကာင္မေလးကို ဘယ္လိုေခ်ာ့ရမလဲ

လမ္းခြဲတဲ့အဆင့္အထိ မေရာက္ေအာင္ ေကာင္မေလးကို ဘယ္လိုေခ်ာ့ရမလဲ
လမ္းခြဲတဲ့အဆင့္အထိ မေရာက္ေအာင္ ေကာင္မေလးကို ဘယ္လိုေခ်ာ့ရမလဲ

လမ္းခြဲတဲ့အဆင့္အထိ မေရာက္ေအာင္ ေကာင္မေလးကို ဘယ္လိုေခ်ာ့ရမလဲ

သမီးရည္းစားဘဝမွာ အၿမဲတမ္း ကယုကယင္ ၾကင္နာေနၾကတာေတာ့လည္း မဟုတ္ပါဘူး။ စိတ္အခန္႔မသင့္တဲ့အခါ ျပႆနာတက္ၿပီး ရန္သတ္တဲ့အဆင့္လည္း ေရာက္တတ္ပါတယ္။

တစ္ခါတစ္ေလမွာ ဒီလို အျပတ္အျပတ္နဲ႔တကယ္ လမ္းခြဲတဲ့အဆင့္ေရာက္သြားတဲ့ စုံတြဲေတြလည္း မနည္းပါဘူး။

Break Up လို႔ေခၚတဲ့ လမ္းခြဲျပတ္စဲတဲ့အဆင့္အထိ မေရာက္ခင္မွာ ေကာင္မေလးကို စကားေျပာတာ ၊ ဆက္ဆံတာကအစ သတိထားဖို႔လိုပါတယ္။

(၁) ဘယ္လိုျဖစ္ေစခ်င္တာလဲ ေမးပါ

ေခ်ာ့တယ္ ဆိုကတည္းက ေအာက္က်ိဳ႕ရမယ္ ၊ စိတ္ရွည္ရမယ္ဆိုတာ ႀကိဳၿပီး သိရွိျပင္ဆင္ထားဖို႔လိုပါတယ္။ အရင္ဆုံး သူမ ကိုယ့္ကို ဘာေတြ ေျပာင္းလဲေစခ်င္သလဲ ေမးပါ။

လူႏွစ္ေယာက္ ခ်စ္ၾကစုံမက္ၾကတယ္ဆိုတာ တစ္ေယာက္ကို တစ္ေယာက္ နားလည္ၿပီး တစ္ေယာက္ျပႆနာေတြကို တစ္ေယာက္ တကယ္သိရွိလက္ခံတာပါ။

သူ႔အျဖစ္နဲ႔သူ႔ခံစားခ်က္ကို သိရင္ ျပႆနာကို အေျဖရွာဖို႔လြယ္ပါတယ္။ မိန္းကေလးေတြဟာ သူတို႔မိန္းကေလးျဖစ္ေၾကာင္းနဲ႔သူတို႔ခံစားေနရတဲ့ အျဖစ္ကို သူတို႔ခ်စ္သူသိဖို႔အတြက္ကို အၿမဲ အေလးထားတယ္ဆိုတာ မေမ့ပါနဲ႔။

(၂) ကိုယ္ဘယ္ေလာက္ခံစားရေၾကာင္း ရင္ဖြင့္ပါ

ကိုယ့္ခ်စ္သူက ကိုယ့္ကို လမ္းခြဲရေအာင္ လို႔ေျပာရင္ သင္ဘယ္လိုခံစားရသလဲ။

တကယ္က မိန္းမတစ္ေယာက္ စိတ္ကုန္ေလာက္ေအာင္ ကိုယ့္မွာ အမွားေတြ လုပ္မိတယ္။ ကိုယ္လည္း သူ႔အေပၚ တကယ္မေကာင္းႏိုင္/မခ်စ္ႏိုင္ဘူးဆိုရင္ မတြဲတာေကာင္းပါတယ္။

ဒါေပမယ့္ ကိုယ္အဆုံးရႈံးမခံရေအာင္ ခ်စ္ရတဲ့သူအတြက္ေတာ့ အဆိုးဆုံးအေျခအေနမေရာက္ဖို႔အေကာင္းဆုံး ႀကိဳးစားသင့္ပါတယ္။

မိန္းကေလးတစ္ေယာက္က သူ႔ခ်စ္သူကို လမ္းခြဲတာဟာ သူ႔အေပၚမွာ ေလးစားယုံၾကည္မႈ ေပ်ာက္ဆုံးသြားလို႔လည္း ျဖစ္ႏိုင္ပါတယ္။ သူမရဲ႕ ေလးစားယုံၾကည္မႈ ျပန္ရေအာင္ ႀကိဳးစားပါ။ ကိုယ့္အေနနဲ႔ပိုေကာင္းေအာင္ ႀကိဳးစားေနေၾကာင္းလည္း သက္ေသျပေနပါ။

(၃) Romantic ျဖစ္စရာေလးေတြ လုပ္ပါ

ခ်စ္စတုန္းက အၾကင္နာနဲ႔အမွတ္တရေတြကို ျပန္အမွတ္ရေစေအာင္ ပန္းစည္းေတြ ေပးတာ ၊ ပို႔စကတ္နဲ႔စာတိုေလးေတြ ေပးတာ ၊ Date Night လုပ္တာ ၊ အျပင္လည္တာေတြ လုပ္သင့္ပါတယ္။

သူမအတြက္ အမွတ္တရသစ္ေတြ ဖန္တီးတာ ၊ အခ်ိန္ေပးၿပီး အနားမွာ ေနတာမ်ိဳးလည္း လုပ္သင့္ပါတယ္။

(၄) ခဏေလာက္ အခ်ိန္ေပးပါ

သူတစ္ေယာက္တည္း ေနခ်င္တယ္ဆိုရင္ အခ်ိန္ေပးပါ။ ကိုယ့္အေနနဲ႔လူကိုယ္တိုင္ သူမဆီ မသြားေတာ့ဘဲနဲ႔ပထမဆုံးအႀကိမ္အျဖစ္ ခဏေလာက္ ေဝးေနပါေစ။ ဒီအခ်ိန္မွာ အတူေနခဲ့တဲ့ အခ်ိန္ေတြအေၾကာင္း စဥ္းစားပါေစ။

တကယ္ခ်စ္တဲ့ မိန္းကေလးတစ္ေယာက္ဟာ ဒီလိုေဝးေနခ်ိန္ေတြမွာ ကိုယ့္ရဲ႕ ခ်စ္ျခင္းေမၱာနဲ႔သံေယာဇဥ္ကို ျပန္ျမင္လာပါလိမ့္မယ္။

(၅) မထိန္းခ်ဳပ္ပါနဲ႔

အရမ္း ဖိအားမေပးပါနဲ႔။ စကားေတြ ၾကမ္းၾကမ္းတမ္းတမ္းနဲ႔သူမကို စိတ္ကုန္ေအာင္ မလုပ္ပါနဲ႔။ လြတ္လြတ္လပ္လပ္ ေနပါေစ။

ကိုယ္ဟာ ေနာက္ဆုံး ဆုံးရႈံးရမယ့္ အခ်ိန္အထိ သူမအေပၚ ႏူးညံ့ၾကင္နာခဲ့သူ ၊ သေဘာထားႀကီးႀကီးနဲ႔ေစာင့္ေရွာက္ခဲ့သူအျဖစ္ အမွတ္ရေနပါေစ

Crd

Unicode

လမ်းခွဲတဲ့အဆင့်အထိ မရောက်အောင် ကောင်မလေးကို ဘယ်လိုချော့ရမလဲ

သမီးရည်းစားဘဝမှာ အမြဲတမ်း ကယုကယင် ကြင်နာနေကြတာတော့လည်း မဟုတ်ပါဘူး။ စိတ်အခန့်မသင့်တဲ့အခါ ပြဿနာတက်ပြီး ရန်သတ်တဲ့အဆင့်လည်း ရောက်တတ်ပါတယ်။

တစ်ခါတစ်လေမှာ ဒီလို အပြတ်အပြတ်နဲ့တကယ် လမ်းခွဲတဲ့အဆင့်ရောက်သွားတဲ့ စုံတွဲတွေလည်း မနည်းပါဘူး။

Break Up လို့ခေါ်တဲ့ လမ်းခွဲပြတ်စဲတဲ့အဆင့်အထိ မရောက်ခင်မှာ ကောင်မလေးကို စကားပြောတာ ၊ ဆက်ဆံတာကအစ သတိထားဖို့လိုပါတယ်။

(၁) ဘယ်လိုဖြစ်စေချင်တာလဲ မေးပါ

ချော့တယ် ဆိုကတည်းက အောက်ကျို့ရမယ် ၊ စိတ်ရှည်ရမယ်ဆိုတာ ကြိုပြီး သိရှိပြင်ဆင်ထားဖို့လိုပါတယ်။ အရင်ဆုံး သူမ ကိုယ့်ကို ဘာတွေ ပြောင်းလဲစေချင်သလဲ မေးပါ။

လူနှစ်ယောက် ချစ်ကြစုံမက်ကြတယ်ဆိုတာ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး တစ်ယောက်ပြဿနာတွေကို တစ်ယောက် တကယ်သိရှိလက်ခံတာပါ။

သူ့အဖြစ်နဲ့သူ့ခံစားချက်ကို သိရင် ပြဿနာကို အဖြေရှာဖို့လွယ်ပါတယ်။ မိန်းကလေးတွေဟာ သူတို့မိန်းကလေးဖြစ်ကြောင်းနဲ့သူတို့ခံစားနေရတဲ့ အဖြစ်ကို သူတို့ချစ်သူသိဖို့အတွက်ကို အမြဲ အလေးထားတယ်ဆိုတာ မမေ့ပါနဲ့။

(၂) ကိုယ်ဘယ်လောက်ခံစားရကြောင်း ရင်ဖွင့်ပါ

ကိုယ့်ချစ်သူက ကိုယ့်ကို လမ်းခွဲရအောင် လို့ပြောရင် သင်ဘယ်လိုခံစားရသလဲ။

တကယ်က မိန်းမတစ်ယောက် စိတ်ကုန်လောက်အောင် ကိုယ့်မှာ အမှားတွေ လုပ်မိတယ်။ ကိုယ်လည်း သူ့အပေါ် တကယ်မကောင်းနိုင်/မချစ်နိုင်ဘူးဆိုရင် မတွဲတာကောင်းပါတယ်။

ဒါပေမယ့် ကိုယ်အဆုံးရှုံးမခံရအောင် ချစ်ရတဲ့သူအတွက်တော့ အဆိုးဆုံးအခြေအနေမရောက်ဖို့အကောင်းဆုံး ကြိုးစားသင့်ပါတယ်။

မိန်းကလေးတစ်ယောက်က သူ့ချစ်သူကို လမ်းခွဲတာဟာ သူ့အပေါ်မှာ လေးစားယုံကြည်မှု ပျောက်ဆုံးသွားလို့လည်း ဖြစ်နိုင်ပါတယ်။ သူမရဲ့ လေးစားယုံကြည်မှု ပြန်ရအောင် ကြိုးစားပါ။ ကိုယ့်အနေနဲ့ပိုကောင်းအောင် ကြိုးစားနေကြောင်းလည်း သက်သေပြနေပါ။

(၃) Romantic ဖြစ်စရာလေးတွေ လုပ်ပါ

ချစ်စတုန်းက အကြင်နာနဲ့အမှတ်တရတွေကို ပြန်အမှတ်ရစေအောင် ပန်းစည်းတွေ ပေးတာ ၊ ပို့စကတ်နဲ့စာတိုလေးတွေ ပေးတာ ၊ Date Night လုပ်တာ ၊ အပြင်လည်တာတွေ လုပ်သင့်ပါတယ်။

သူမအတွက် အမှတ်တရသစ်တွေ ဖန်တီးတာ ၊ အချိန်ပေးပြီး အနားမှာ နေတာမျိုးလည်း လုပ်သင့်ပါတယ်။

(၄) ခဏလောက် အချိန်ပေးပါ

သူတစ်ယောက်တည်း နေချင်တယ်ဆိုရင် အချိန်ပေးပါ။ ကိုယ့်အနေနဲ့လူကိုယ်တိုင် သူမဆီ မသွားတော့ဘဲနဲ့ပထမဆုံးအကြိမ်အဖြစ် ခဏလောက် ဝေးနေပါစေ။ ဒီအချိန်မှာ အတူနေခဲ့တဲ့ အချိန်တွေအကြောင်း စဉ်းစားပါစေ။

တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ဒီလိုဝေးနေချိန်တွေမှာ ကိုယ့်ရဲ့ ချစ်ခြင်းမ္တောနဲ့သံယောဇဉ်ကို ပြန်မြင်လာပါလိမ့်မယ်။

(၅) မထိန်းချုပ်ပါနဲ့

အရမ်း ဖိအားမပေးပါနဲ့။ စကားတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့သူမကို စိတ်ကုန်အောင် မလုပ်ပါနဲ့။ လွတ်လွတ်လပ်လပ် နေပါစေ။

ကိုယ်ဟာ နောက်ဆုံး ဆုံးရှုံးရမယ့် အချိန်အထိ သူမအပေါ် နူးညံ့ကြင်နာခဲ့သူ ၊ သဘောထားကြီးကြီးနဲ့စောင့်ရှောက်ခဲ့သူအဖြစ် အမှတ်ရနေပါစေ

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*