မိန်းမသားတို့အတွက်
Unicode
အချစ်နဲ့ပတ်သက်ပြီး မိန်းကလေး ၄ မျိုးရှိတယ်
အချစ်နဲ့ပတ်သက်ပြီး မိန်းကလေး ၄ မျိုးရှိတယ်ဆိုတဲ့ အကြောင်းလေးကို ပြေပြပေးချင်ပါတယ်။
၁။ချစ်ကြောင်းမပြတတ်တဲ့ မိန်းကလေး
သေလောက်အောင် ချစ်ပေမယ့် ရင်ထဲမှာပဲ သိမ်းထားတယ် ။ ဘယ်တော့မှ ထုတ်ပြလေ့မရှိဘူး ။ တီတီတာတာတွေ မပြောပဲ ဘယ်လောက်ချစ်တဲ့ အကြောင်းတွေ ဘယ်လောက်လွမ်းတဲ့အကြောင်းတွေ တဖွဖွ မပြောတတ်ဘူးပေါ့ ။
အရမ်းချစ်ပြလိုက်ရင် တန်ဖိုးမထားပဲ နေမလားဆိုတဲ့ အတွေးနဲ့ သူ့တို့ရင်ထဲမှာ ရှိတဲ့အရာကို ထုတ်ပြပြီး မချစ်ခဲ့ကြရုံပဲ သေလောက်အောင်တော့ ချစ်ကြတယ် ။ နောက်ဆုံး အဲ့လို အေးတိအေးစက်ကြောင့်ပဲ တချို့က မချစ်ဘူးအထင်နဲ့ လမ်းခွဲရတာ တွေလဲ ရှိတယ် ။
၂။ပွင့်လင်းတတ်တဲ့ မိန်းကလေး
ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ဘယ်လောက်ချစ်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဖို့ ဝန်မလေးသလို ။ ဘယ်လောက်လွမ်းတဲ့ အကြောင်း မမေးပဲ ဖြေဖို့လဲ ဝန်မလေးကြဘူး ။ သိပ်ချစ်ပြတတ်တယ် ဂရုစိုက်တတ်တယ် ။
မေတ္တာတွေစစ်မှန်ရင် မေတ္တာတွေ ပြန်ရလာလိမ့်မယ် ဆိုတဲ့ အတွေးနဲ့ သူပေးခဲ့တာပေါ့ ။ ဒါပေမယ့် တကယ်တမ်း ပြန်ရလာခဲ့တာက တန်ဖိုးမထားခဲ့မှုတွေ နာကျင်ရတာတွေက လွဲလို့ ဘာမှ မရှိခဲ့ဘူး ။
၃။တွေဝေတတ်တဲ့ မိန်းကလေး
သူ့ကို ကိုယ် ချစ်နေတာလား မချစ်ဘူးလား ဆိုတာ သူကိုယ်တိုင်တောင် မသိပဲ ဖြစ်နေတတ်တာမျိုးပေါ့ ။ သူရှိနေတဲ့အခါ ပျော်သယောင် ရှိပေမယ့် သူမရှိတဲ့ အခါလဲ ထူးထူးခြားခြား လွမ်းနေရတာ မျိုးတွေ မဖြစ်ခဲ့ဘူး ။ သူကိုယ်တိုင် … ဆုံးဖြတ်ရခက် ဝေခွဲရခက် နေတာမျိုးပေါ့ ။
၄။အချစ်ကို ကြောက်သွားတဲ့ မိန်းကလေး
အချစ်လို့ ပြောတာနဲ့ အတိတ်က ဒဏ်ရာတွေ ပြန်ပေါ်လာပြီး သိပ်ကြွေပြ နေရင်တောင် အဲ့တာ ဟန်ဆောင်လိမ်ညာ နေတာပဲနေမှာ ဆိုပြီး အတွေး ဝင်သွားတတ်တဲ့ မိန်းကလေးပေါ့ ။ သူ့မှာ အချစ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ခံစားခဲ့ရတာတွေလဲ ရှိရင် ရှိခဲ့လိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်ကို ကြည့်ပြီး အချစ်ကို အလိုလို ကြောက်နေတာမျိုးတွေလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ။
ညီမလေးကော ဘယ်လို မိန်းကလေးထဲမှာ ပါလဲ commetပြောပြပေးခဲ့လို့ ရတယ်နော်။
မိန်းမသားတို့အတွက်
Be the first to comment
Leave a Reply
Your email address will not be published.
*