ႏွာေခ်ျခင္းကို လက္ျဖင့္ပိတ္ျခင္းဟာ ေသေစႏိုင္ေၾကာင္း ဆရာဝန္မ်ားက သတိေပး

ႏွာေခ်ျခင္းကို လက္ျဖင့္ပိတ္ျခင္းဟာ ေသေစႏိုင္ေၾကာင္း ဆရာဝန္မ်ားက သတိေပး

ႏွာေခ်ျခင္းကို လက္ျဖင့္ပိတ္ျခင္းဟာ ေသေစႏိုင္ေၾကာင္း ဆရာဝန္မ်ားက သတိေပး

ႏွာေခ်တဲ့အခါမွာ ပါးစပ္နဲ႔ ႏွာေခါင္းကို ပိတ္တာဟာ ယဥ္ေက်းတဲ့ အမႈအရာ တစ္ခုပါ။ ဒါေပမဲ့ ျပင္းထန္တဲ့ ေလတြန္းအားေၾကာင့္ လူတစ္ေယာက္ ေသေလာက္တဲ့ ဒဏ္ရာရသြားတဲ့ ေနာက္ ပိုင္းမွာေတာ့ ဆရာဝန္ေတြဟာ ဒီယဥ္ေက်းတဲ့ အမူအရာနဲ႔ ပက္သက္ၿပီး သတိေပးလာၾကပါ တယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ လူတစ္ေယာက္ဟာ ႏွာေခ်တာကို ထိန္းခ်ဳပ္ဖို႔ အတြက္ ပါးစပ္ကို လက္ျဖင့္ အုပ္ၿပီး ႏွာေခါင္းကို ပိတ္ခဲ့တဲ့အတြက္ ေဆး႐ုံ ကို အေရးေပၚ လူနာအျဖစ္ ေရာက္သြားခဲ့ပါ တယ္။

ဆရာဝန္ေတြ ရဲ႕ ေဆးစစ္ခ်က္အရ ထိုလူရဲ႕ လည္ေခ်ာင္းမွ ရင္ေခါင္းအထိ ထူးဆန္းတဲ့ အက္ကြဲ ေနတဲ့ အသံေတြ ၾကားေနရၿပီး အဆုတ္မွလာတဲ့ ေလေတြဟာ ထြက္ေပါက္မရွိေတာ့တဲ့အတြက္ တစ္ရႉးနဲ႔ ႂကြက္သားေတြအတြင္းပိုင္းကို ဝင္ေရာက္သြားရာမွ ထြက္လာတဲ့ အသံျဖစ္ေၾကာင္း သိခဲ့ရပါတယ္။

ျပင္းထန္တဲ့ ႏွာေခ်ျခင္းကို ခ်ဳပ္ထားျခင္းဟာ နားစည္ ေပါက္ကြဲျခင္း၊ မ်က္လုံးတြင္း ေသြးေၾကာမ်ားေပါက္ကြဲျခင္း၊ မ်ာက္ႏွာျပင္နာဗ့္ေၾကာမ်ား ထိခိုက္ ျခင္း၊ လႈပ္ရွားႏိုင္တဲ့ ႂကြက္သားမ်ားအပါအ ဝင္ နံ႐ိုးပါ အက္ကြဲေစေၾကာင္း ယခင္

ျဖစ္ခဲ့ဖူးတဲ့ သူမ်ားရဲ႕ ေဆးစစ္ခ်က္မ်ားအ ရ သိရၿပီး ရင္ဘတ္နဲ႔ အဆုတ္ ၾကားမွာ ပိတ္မိသြားတဲ့ ေလေတြ ဟာ ဦးေႏွာက္ ေသြးေၾကာေတြအထိ ဝင္ေရာက္ေပါက္ကြဲေစႏိုင္တယ္လို႔ ေဆးပညာရွင္ေတြ မွတ္ ခ်က္ခ်ခဲ့ၾက ပါတယ္။

ျပင္းထန္တဲ့ ႏွာေခ်ျခင္းေတြဟာ တစ္နာရီ မိုင္ ၂၀၀ ႏႈန္း သြားႏိုင္ၿပီး ေက်ာက္ခဲ အပိုင္းအစေတြကို ၂၅ ေပအကြာအေဝးထိေရာက္ေအာင္ လြင့္စင္သြားႏိုင္ေစပါတယ္။

ျပင္းထန္တဲ့ ႏွာေခ်ျခင္းကို ထိန္းခ်ဳပ္ဖို႔ ဆိုရင္ ႏွာေခါင္းကို ပြတ္၊ ဒါမွမဟုတ္ အသက္ျပင္းျပင္းရႉၿပီး ႏွာခမ္းအ ေပၚ နားကို ပြတ္ေပ ဖို႔ ကြၽမ္းက်င္သူေတြက အႀကံေပးထားပါတယ္။

Unicode

နှာချေခြင်းကို လက်ဖြင့်ပိတ်ခြင်းဟာ သေစေနိုင်ကြောင်း ဆရာဝန်များက သတိပေး

နှာချေတဲ့အခါမှာ ပါးစပ်နဲ့ နှာခေါင်းကို ပိတ်တာဟာ ယဉ်ကျေးတဲ့ အမှုအရာ တစ်ခုပါ။ ဒါပေမဲ့ ပြင်းထန်တဲ့ လေတွန်းအားကြောင့် လူတစ်ယောက် သေလောက်တဲ့ ဒဏ်ရာရသွားတဲ့ နောက် ပိုင်းမှာတော့ ဆရာဝန်တွေဟာ ဒီယဉ်ကျေးတဲ့ အမူအရာနဲ့ ပက်သက်ပြီး သတိပေးလာကြပါ တယ်။

အသက် ၃၄ နှစ်အရွယ် လူတစ်ယောက်ဟာ နှာချေတာကို ထိန်းချုပ်ဖို့ အတွက် ပါးစပ်ကို လက်ဖြင့် အုပ်ပြီး နှာခေါင်းကို ပိတ်ခဲ့တဲ့အတွက် ဆေးရုံ ကို အရေးပေါ် လူနာအဖြစ် ရောက်သွားခဲ့ပါ တယ်။

ဆရာဝန်တွေ ရဲ့ ဆေးစစ်ချက်အရ ထိုလူရဲ့ လည်ချောင်းမှ ရင်ခေါင်းအထိ ထူးဆန်းတဲ့ အက်ကွဲ နေတဲ့ အသံတွေ ကြားနေရပြီး အဆုတ်မှလာတဲ့ လေတွေဟာ ထွက်ပေါက်မရှိတော့တဲ့အတွက် တစ်ရှူးနဲ့ ကြွက်သားတွေအတွင်းပိုင်းကို ဝင်ရောက်သွားရာမှ ထွက်လာတဲ့ အသံဖြစ်ကြောင်း သိခဲ့ရပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းကို ချုပ်ထားခြင်းဟာ နားစည် ပေါက်ကွဲခြင်း၊ မျက်လုံးတွင်း သွေးကြောများပေါက်ကွဲခြင်း၊ မျာက်နှာပြင်နာဗ့်ကြောများ ထိခိုက် ခြင်း၊ လှုပ်ရှားနိုင်တဲ့ ကြွက်သားများအပါအ ဝင် နံရိုးပါ အက်ကွဲစေကြောင်း ယခင်

ဖြစ်ခဲ့ဖူးတဲ့ သူများရဲ့ ဆေးစစ်ချက်များအ ရ သိရပြီး ရင်ဘတ်နဲ့ အဆုတ် ကြားမှာ ပိတ်မိသွားတဲ့ လေတွေ ဟာ ဦးနှောက် သွေးကြောတွေအထိ ဝင်ရောက်ပေါက်ကွဲစေနိုင်တယ်လို့ ဆေးပညာရှင်တွေ မှတ် ချက်ချခဲ့ကြ ပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းတွေဟာ တစ်နာရီ မိုင် ၂၀၀ နှုန်း သွားနိုင်ပြီး ကျောက်ခဲ အပိုင်းအစတွေကို ၂၅ ပေအကွာအဝေးထိရောက်အောင် လွင့်စင်သွားနိုင်စေပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းကို ထိန်းချုပ်ဖို့ ဆိုရင် နှာခေါင်းကို ပွတ်၊ ဒါမှမဟုတ် အသက်ပြင်းပြင်းရှူပြီး နှာခမ်းအ ပေါ် နားကို ပွတ်ပေ ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*