ဂ႐ုျပဳရမယ့္ ကေလးငယ္တို႔ရဲ႕ အမူအရာ (၇)ခု

ဂ႐ုျပဳရမယ့္ ကေလးငယ္တို႔ရဲ႕ အမူအရာ (၇)ခု
ဂ႐ုျပဳရမယ့္ ကေလးငယ္တို႔ရဲ႕ အမူအရာ (၇)ခု

ဂ႐ုျပဳရမယ့္ ကေလးငယ္တို႔ရဲ႕ အမူအရာ (၇)ခု

မိဘမ်ားအေနနဲ႔ မိမိတို႔ရဲ႕ကေလးငယ္မ်ားကို အက်င့္စ႐ိုက္ေကာင္းမ်ား ၊ ပတ္ဝန္းက်င္နဲ႔လိုက္ေခ်ာညီေထြ ေနထိုင္တတ္သူမ်ား ၊ ပညာတတ္ႀကီးမ်ား ျဖစ္လာေစရန္ အခ်ိန္အမ်ားအျပားယူၿပီး ျပဳစုပ်ိဳးေထာင္ၾကရပါတယ္။

မိမိတို႔ရဲ႕ကေလးငယ္မ်ားမွာ ေအာက္ပါအျပဳအမူမ်ား ေတြ႕ေနရၿပီဆိုလွ်င္ေတာ့ ဥေပကၡာမျပဳေနသင့္ေတာ့ပဲ ပိုမိုဂ႐ုတစိုက္ထိန္းေက်ာင္းေပးဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္း သိသာေစမည့္ အခ်က္အလက္တခ်ိဳ႕ကို စုစည္းတင္ျပေပးလိုပါတယ္။

(၁) မေကာင္းမႈအေပၚ တိတ္ဆိတ္ေနတတ္ျခင္း

သင့္ကေလးငယ္ကို ပါးစပ္ဖြာျခင္းႏွင့္ တက္ႂကြစြာေနထိုင္ေျပာဆိုတတ္ျခင္းတို႔ရဲ႕ ကြဲျပားမႈကို ရွင္းျပေပးၿပီး သင့္ကေလး၏ စကားကိုလဲ ေသခ်ာအေလးထားနားေထာင္ေပးပါ။ အေၾကာင္းမဲ့ ေဝဖန္ေျပာဆိုျခင္းကို ေရွာင္ၾကဥ္ၿပီး ျပသာနာတစ္ခုကို မွန္ကန္ေသာဘက္မွ ရပ္တည္တတ္ေအာင္ ေလ့က်င့္ပ်ိဳးေထာင္ပါ။

(၂) ညီအစ္ကိုေမာင္ႏွမၾကား ၿပိဳင္ဆိုင္ျခင္း

ျပသာနာအရင္းျမစ္ကို ရွာေဖြၿပီး ကေလးမ်ားအၾကား ႐ုပ္ဆိုင္းဆိုင္ရာ၊စိတ္ပိုင္းဆိုင္ရာ မနာက်င္ရေအာင္ ဂ႐ုျပဳပါ။အသင္းအဖြဲ႕စိတ္ဓာတ္ ထားတတ္ရန္ ၊ တစ္စုံတစ္ေယာက္၏စိတ္ခံစားခ်က္ကို ေလးစားတတ္ရန္၊ မွ်တစြာ ေတြးေခၚတတ္ရန္ သင္ၾကားေပးျခင္းျဖင့္ မိသားစုစိတ္ဓာတ္မ်ား ေလ့က်င့္ပ်ိဳးေထာင္ေပးရပါမယ္။

(၃) ခိုးယူျခင္း

ကိုယ္က်င့္တရားေကာင္းမြန္မႈဟာ အေရးႀကီးပါတယ္။အကယ္၍ သင့္ကေလးငယ္ တစ္စုံတစ္ခုကို ပထမဆုံးအႀကိမ္ ခိုးယူျခင္းမ်ိဳး ရွိခဲ့ေသာ္ ထိုလုပ္ရပ္မွားယြင္းေၾကာင္းနဲ႔ ပိုင္ရွင္ကို ျပန္လည္ေတာင္းပန္အပ္ႏွံတတ္ေစရန္ သင္ၾကားပါ။သို႔ေသာ္လည္း ထိုကဲ့သို ထပ္ခါထပ္ခါ ‌ျပဳလုပ္ေနခဲ့ပါက ေရရွည္အက်င့္မပါသြားေစရန္ စိတ္ပိုင္းဆိုင္ရာ ကုသမႈမ်ားအခ်ိန္မွီ လုပ္ေဆာင္သင့္ပါတယ္။

(၄) သူတစ္ပါးအေပၚ ေလးစားမႈ မရွိျခင္း

သူတစ္ပါးအ‌ေပၚ ေလးစားမႈရွိစြာျဖင့္ မိမိသေဘာထားႏွင့္ ခံစားခ်က္မ်ား ေဖာ္ျပတတ္ရန္ သြန္သင္ေပးပါ။ မိမိ ေျပာစကားနားမေထာင္ပါက သူႀကိဳက္ႏွစ္သက္တတ္ေသာ အခြင့္ထူးတခ်ိဳ႕ကို ပိတ္ပင္ျခင္းျဖင့္ ႀကိဳးစား ျပဳျပင္ယူၾကည့္သင့္ပါတယ္။

(၅) မ႐ိုးသားျခင္း

႐ိုးသားမႈဟာ လူမႈဆက္ဆံေရး၏ အေျခခံအက်ဆုံးအရာျဖစ္ေၾကာင္း ရွင္းျပေပးပါ။ လိမ္ညာျခင္းဟာ လက္ခံႏိုင္ဖြယ္မရွိေၾကာင္းႏွင့္ အက်ိဳးအျပစ္မ်ားကို အခ်ိန္ယူသြန္သင္ေပးရပါမယ္။

(၆) ညည္းတြားဂ်ီက်သံ

ပုံမွန္ အသံျဖင့္သာ ေျပာဆိုတတ္ရန္ ၊ နားပူနားဆာလုပ္ ညည္းတြားျခင္းကို ေရွာင္ၾကဥ္ရန္ သင္ၾကားေပးပါ ။ ညည္းတြားသံ ၊ ဂ်ီက်သံမ်ား အၿမဲလိုၾကားေနရပါက သင္တို႔မိသားစုအၾကားရွိ ဆက္ဆံေရးျပသာနာမ်ားကို ျပန္လည္သုံးသပ္သင့္ပါတယ္။

(၇)႐ိုင္းစိုင္းေသာ အျပဳအမူ

အျပဳအမူေကာင္းမ်ား သင္ၾကားေပးရာမွာ ဖိအားအလြန္အကြၽံ မေပးမိပါေစနဲ႔။ စိတ္ရွည္စြာျဖင့္ သင့္ကေလးငယ္ရဲ႕ စ႐ိုက္ကို ယဥ္ေက်းလိမ္မာေအာင္ ပုံသြင္းပါ။ ထို႔အျပင္ အတုယူလြယ္ေသာ အ႐ြယ္မ်ားျဖစ္သျဖင့္ မိမိတို႔ လူႀကီးမ်ားကိုယ္တိုင္ကလဲ ႐ိုင္းစိုင္းၾကမ္းတမ္းေသာ အျပဳအမူ အေျပာအဆိုမ်ားကို ေရွာင္ရွားရပါမယ္။

Rft Brightside

Credit One daily media

Unicode

ဂရုပြုရမယ့် ကလေးငယ်တို့ရဲ့ အမူအရာ (၇)ခု

မိဘများအနေနဲ့ မိမိတို့ရဲ့ကလေးငယ်များကို အကျင့်စရိုက်ကောင်းများ ၊ ပတ်ဝန်းကျင်နဲ့လိုက်ချောညီထွေ နေထိုင်တတ်သူများ ၊ ပညာတတ်ကြီးများ ဖြစ်လာစေရန် အချိန်အများအပြားယူပြီး ပြုစုပျိုးထောင်ကြရပါတယ်။

မိမိတို့ရဲ့ကလေးငယ်များမှာ အောက်ပါအပြုအမူများ တွေ့နေရပြီဆိုလျှင်တော့ ဥပေက္ခာမပြုနေသင့်တော့ပဲ ပိုမိုဂရုတစိုက်ထိန်းကျောင်းပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း သိသာစေမည့် အချက်အလက်တချို့ကို စုစည်းတင်ပြပေးလိုပါတယ်။

(၁) မကောင်းမှုအပေါ် တိတ်ဆိတ်နေတတ်ခြင်း

သင့်ကလေးငယ်ကို ပါးစပ်ဖွာခြင်းနှင့် တက်ကြွစွာနေထိုင်ပြောဆိုတတ်ခြင်းတို့ရဲ့ ကွဲပြားမှုကို ရှင်းပြပေးပြီး သင့်ကလေး၏ စကားကိုလဲ သေချာအလေးထားနားထောင်ပေးပါ။ အကြောင်းမဲ့ ဝေဖန်ပြောဆိုခြင်းကို ရှောင်ကြဉ်ပြီး ပြသာနာတစ်ခုကို မှန်ကန်သောဘက်မှ ရပ်တည်တတ်အောင် လေ့ကျင့်ပျိုးထောင်ပါ။

(၂) ညီအစ်ကိုမောင်နှမကြား ပြိုင်ဆိုင်ခြင်း

ပြသာနာအရင်းမြစ်ကို ရှာဖွေပြီး ကလေးများအကြား ရုပ်ဆိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ မနာကျင်ရအောင် ဂရုပြုပါ။အသင်းအဖွဲ့စိတ်ဓာတ် ထားတတ်ရန် ၊ တစ်စုံတစ်ယောက်၏စိတ်ခံစားချက်ကို လေးစားတတ်ရန်၊ မျှတစွာ တွေးခေါ်တတ်ရန် သင်ကြားပေးခြင်းဖြင့် မိသားစုစိတ်ဓာတ်များ လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။

(၃) ခိုးယူခြင်း

ကိုယ်ကျင့်တရားကောင်းမွန်မှုဟာ အရေးကြီးပါတယ်။အကယ်၍ သင့်ကလေးငယ် တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် ခိုးယူခြင်းမျိုး ရှိခဲ့သော် ထိုလုပ်ရပ်မှားယွင်းကြောင်းနဲ့ ပိုင်ရှင်ကို ပြန်လည်တောင်းပန်အပ်နှံတတ်စေရန် သင်ကြားပါ။သို့သော်လည်း ထိုကဲ့သို ထပ်ခါထပ်ခါ ‌ပြုလုပ်နေခဲ့ပါက ရေရှည်အကျင့်မပါသွားစေရန် စိတ်ပိုင်းဆိုင်ရာ ကုသမှုများအချိန်မှီ လုပ်ဆောင်သင့်ပါတယ်။

(၄) သူတစ်ပါးအပေါ် လေးစားမှု မရှိခြင်း

သူတစ်ပါးအ‌ပေါ် လေးစားမှုရှိစွာဖြင့် မိမိသဘောထားနှင့် ခံစားချက်များ ဖော်ပြတတ်ရန် သွန်သင်ပေးပါ။ မိမိ ပြောစကားနားမထောင်ပါက သူကြိုက်နှစ်သက်တတ်သော အခွင့်ထူးတချို့ကို ပိတ်ပင်ခြင်းဖြင့် ကြိုးစား ပြုပြင်ယူကြည့်သင့်ပါတယ်။

(၅) မရိုးသားခြင်း

ရိုးသားမှုဟာ လူမှုဆက်ဆံရေး၏ အခြေခံအကျဆုံးအရာဖြစ်ကြောင်း ရှင်းပြပေးပါ။ လိမ်ညာခြင်းဟာ လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် အကျိုးအပြစ်များကို အချိန်ယူသွန်သင်ပေးရပါမယ်။

(၆) ညည်းတွားဂျီကျသံ

ပုံမှန် အသံဖြင့်သာ ပြောဆိုတတ်ရန် ၊ နားပူနားဆာလုပ် ညည်းတွားခြင်းကို ရှောင်ကြဉ်ရန် သင်ကြားပေးပါ ။ ညည်းတွားသံ ၊ ဂျီကျသံများ အမြဲလိုကြားနေရပါက သင်တို့မိသားစုအကြားရှိ ဆက်ဆံရေးပြသာနာများကို ပြန်လည်သုံးသပ်သင့်ပါတယ်။

(၇)ရိုင်းစိုင်းသော အပြုအမူ

အပြုအမူကောင်းများ သင်ကြားပေးရာမှာ ဖိအားအလွန်အကျွံ မပေးမိပါစေနဲ့။ စိတ်ရှည်စွာဖြင့် သင့်ကလေးငယ်ရဲ့ စရိုက်ကို ယဉ်ကျေးလိမ်မာအောင် ပုံသွင်းပါ။ ထို့အပြင် အတုယူလွယ်သော အရွယ်များဖြစ်သဖြင့် မိမိတို့ လူကြီးများကိုယ်တိုင်ကလဲ ရိုင်းစိုင်းကြမ်းတမ်းသော အပြုအမူ အပြောအဆိုများကို ရှောင်ရှားရပါမယ်။

Rft Brightside

Credit One daily media

Be the first to comment

Leave a Reply

Your email address will not be published.


*