ပန္း ဘာေၾကာင့္ကပ္ရသလဲ… ပန္းအိုး ဘယ္ႏွစ္အိုး ထားသင့္သလဲ…

ပန္း ဘာေၾကာင့္ကပ္ရသလဲ... ပန္းအိုး ဘယ္ႏွစ္အိုး ထားသင့္သလဲ...
ပန္း ဘာေၾကာင့္ကပ္ရသလဲ... ပန္းအိုး ဘယ္ႏွစ္အိုး ထားသင့္သလဲ...

ပန္း ဘာေၾကာင့္ကပ္ရသလဲ… ပန္းအိုး ဘယ္ႏွစ္အိုး ထားသင့္သလဲ…

ပန္း ဘာေၾကာင့္ ကပ္ရသလဲ… ပန္းအိုး ဘယ္ႏွစ္အိုး ထားသင့္သလဲ…ဖတ္ၾကည့္ေနာ္။

၁။ ေဂါတမ ျမတ္စြာဘုရားရွင္ ေဇတဝန္ေက်ာင္း ဂႏၶကုဋီတိုက္ေတာ္မွာ သီတင္းသုံးေတာ္မူစဥ္ရပ္ေဝး ရပ္နီးမွ ရဟန္း ရွင္ လူအမ်ားဘုရားဖူးတရားနာ လာၾကပါတယ္။

ခရီးက ပန္းလမ္းကၾကမ္းေသာေၾကာင့္ ေခြၽးသီးေခြၽးေပါက္ အသြယ္သြယ္ ဖုန္အလိမ္းလိမ္းႏွင့္ေပါ့။ တခ်ိဳ႕မွာေခြၽးနံ႔ တေထာင္းေထာင္းႏွင့္ဆိုေတာ့ ဘုရားရွင္သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္တစ္ခုလုံး အနံ႔သက္ေတြက မေကာင္းေတာ့ပါဘူး။

ဒါကို သတိျပဳမိတဲ့ ညီေတာ္အရွင္အာနႏၵာ စေသာ ရဟန္း ရွင္ လူေတြက ဘုရားနဲ႔ တရားနာပရိသတ္အၾကားမွာ ပန္းနံ႔သာေတြကို ထားခဲ့ၾကတယ္။

ပန္းေတြရဲ႕ အေမႊးရနံ႔ေၾကာင့္ပရိသတ္ေတြဆီက ေခြၽးနံ႔ေတြ ဘုရားဆီ မေရာက္ေတာ့ဘူးေပါ့။ တရားနာပရိသတ္ေတြလည္း ပန္းနံ႔ေလးေတြ ရ ပန္းေတြကို ျမင္ၿပီးအေမာေတြ ေျပ စိတ္ေတြ ၾကည္လင္လာပါတယ္။

တရားနာရတာလည္း အရင္ကထက္ ၾကည္ၾကည္ႏူးႏူး ရွိလာသတဲ့။ ထိုအခ်ိန္မွစ၍ ဘုရားပန္းလႉတဲ့ ဓေလ့ကစတင္လာပါတယ္။ ပန္းပန္တာမဟုတ္တဲ့အတြက္ မာလာဂႏၶ ဝိေလပနဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈ မရွိေတာ့ဘူး။ အျပစ္ကင္းတယ္။

၂။ ပန္းအိုး ဘယ္ႏွစ္အိုးထားရမလဲဆိုတဲ့ အေမးမွာ နံပါတ္( ၁ )အေျဖကသက္ေသျဖစ္ပါတယ္။

ဘယ္ႏွစ္အိုး ထားထား အျပစ္မရွိပါဘူး။ မိမိတို႔ရဲ႕ ဘုရားေက်ာင္းေဆာင္နဲ႔လိုက္ဖက္သလို ထားႏိုင္တယ္။

( ၁ )အိုး ( ၃ )အိုး စသည္ျဖင့္ မ ဂဏန္းထားမွ ( ၂ )အိုး ( ၄ )အိုး စသည္ျဖင့္ စုံဂဏန္းထားမွဟု
ဘုရားေဟာ မရွိခဲ့ပါဘူး။

စုံ မ ခြဲၿပီး လႉဒါန္းတာက ဗုဒၶဘာသာရဲ႕အယူအဆ မဟုတ္ပါဘူး။ မိမိရဲ႕ ဘုရားေက်ာင္းေဆာင္ အေနထားက ဘယ္ႏွစ္အိုးထားမွ တင့္တယ္မယ္ ဆိုတာကို ခ်င့္ခ်ိန္တတ္ဖို႔ပါပဲ။

မိမိသဒ္ဓါ မိမိစိတ္ႀကိဳက္ျပင္ဆင္ လႉဒါန္းႏိုင္ပါတယ္။ တခ်ိဳ႕ကယၾတာေတြ အဓိ႒ာန္ေတြေၾကာင့္ အေရအတြက္အမ်ိဳးမ်ိဳး လႉၾကတယ္။ ဘယ္လိုပဲ လႉလႉ ကုသိုလ္က ကုသိုလ္ပါပဲ။

ဘုရားပန္းေတြ လန္းေတာ့ ဘုရားေက်ာင္းေဆာင္လည္းမဂၤလာက်က္သေရ တိုးတာေပါ့။ လႉဒါန္းရသူ မိမိလည္းစိတ္ၾကည္ႏူး ေအးခ်မ္းရတာေပါ့။ တရားခ်စ္ခင္ စိတ္ေကာင္းဝင္ၾကကုန္ေသာသူေတာ္စင္ ပရိသတ္အေပါင္းကပ္သုံးပါးႏွင့္ ေဝး၍ အျမတ္ဆုံးတရားႏွင့္ ေအးပါေစ။

ကိုယ္စိတ္ႏွစ္ျဖာက်န္းမာ ခ်မ္းသာ လန္းျဖာၾကပါေစ။

Unicode

ပန်း ဘာကြောင့်ကပ်ရသလဲ… ပန်းအိုး ဘယ်နှစ်အိုး ထားသင့်သလဲ…

ပန်း ဘာကြောင့် ကပ်ရသလဲ… ပန်းအိုး ဘယ်နှစ်အိုး ထားသင့်သလဲ…ဖတ်ကြည့်နော်။

၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ်ရပ်ဝေး ရပ်နီးမှ ရဟန်း ရှင် လူအများဘုရားဖူးတရားနာ လာကြပါတယ်။

ခရီးက ပန်းလမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။ တချို့မှာချွေးနံ့ တထောင်းထောင်းနှင့်ဆိုတော့ ဘုရားရှင်သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော်တစ်ခုလုံး အနံ့သက်တွေက မကောင်းတော့ပါဘူး။

ဒါကို သတိပြုမိတဲ့ ညီတော်အရှင်အာနန္ဒာ စသော ရဟန်း ရှင် လူတွေက ဘုရားနဲ့ တရားနာပရိသတ်အကြားမှာ ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။

ပန်းတွေရဲ့ အမွှေးရနံ့ကြောင့်ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီ မရောက်တော့ဘူးပေါ့။ တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေ ရ ပန်းတွေကို မြင်ပြီးအမောတွေ ပြေ စိတ်တွေ ကြည်လင်လာပါတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာသတဲ့။ ထိုအချိန်မှစ၍ ဘုရားပန်းလှူတဲ့ ဓလေ့ကစတင်လာပါတယ်။ ပန်းပန်တာမဟုတ်တဲ့အတွက် မာလာဂန္ဓ ဝိလေပနဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှု မရှိတော့ဘူး။ အပြစ်ကင်းတယ်။

၂။ ပန်းအိုး ဘယ်နှစ်အိုးထားရမလဲဆိုတဲ့ အမေးမှာ နံပါတ်( ၁ )အဖြေကသက်သေဖြစ်ပါတယ်။

ဘယ်နှစ်အိုး ထားထား အပြစ်မရှိပါဘူး။ မိမိတို့ရဲ့ ဘုရားကျောင်းဆောင်နဲ့လိုက်ဖက်သလို ထားနိုင်တယ်။

( ၁ )အိုး ( ၃ )အိုး စသည်ဖြင့် မ ဂဏန်းထားမှ ( ၂ )အိုး ( ၄ )အိုး စသည်ဖြင့် စုံဂဏန်းထားမှဟု
ဘုရားဟော မရှိခဲ့ပါဘူး။

စုံ မ ခွဲပြီး လှူဒါန်းတာက ဗုဒ္ဓဘာသာရဲ့အယူအဆ မဟုတ်ပါဘူး။ မိမိရဲ့ ဘုရားကျောင်းဆောင် အနေထားက ဘယ်နှစ်အိုးထားမှ တင့်တယ်မယ် ဆိုတာကို ချင့်ချိန်တတ်ဖို့ပါပဲ။

မိမိသဒ်ဓါ မိမိစိတ်ကြိုက်ပြင်ဆင် လှူဒါန်းနိုင်ပါတယ်။ တချို့ကယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက်အမျိုးမျိုး လှူကြတယ်။ ဘယ်လိုပဲ လှူလှူ ကုသိုလ်က ကုသိုလ်ပါပဲ။

ဘုရားပန်းတွေ လန်းတော့ ဘုရားကျောင်းဆောင်လည်းမင်္ဂလာကျက်သရေ တိုးတာပေါ့။ လှူဒါန်းရသူ မိမိလည်းစိတ်ကြည်နူး အေးချမ်းရတာပေါ့။ တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သောသူတော်စင် ပရိသတ်အပေါင်းကပ်သုံးပါးနှင့် ဝေး၍ အမြတ်ဆုံးတရားနှင့် အေးပါစေ။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ လန်းဖြာကြပါစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*