႐ုပ္ရည္ နဲ႔ မသက္ဆိုင္ဘဲ စန္းပြင့္ေစႏိုင္မယ့္ နည္းလမ္းမ်ား

႐ုပ္ရည္ နဲ႔ မသက္ဆိုင္ဘဲ စန္းပြင့္ေစႏိုင္မယ့္ နည္းလမ္းမ်ား
႐ုပ္ရည္ နဲ႔ မသက္ဆိုင္ဘဲ စန္းပြင့္ေစႏိုင္မယ့္ နည္းလမ္းမ်ား

႐ုပ္ရည္ နဲ႔ မသက္ဆိုင္ဘဲ စန္းပြင့္ေစႏိုင္မယ့္ နည္းလမ္းမ်ား

အခ်ိဳု႔ေသာ ပုဂၢိဳလ္ေတြဟာ ႐ုပ္ရည္ ႐ူပကာယ သာမာန္သာရွိေပမယ့္ လူမႈေရး နဲ႔ အခ်စ္ေရး နယ္ပယ္မွာ ေအာင္ျမင္ ၾကပါတာကို ေတြ႕ရမွာပါ။ အဲဒီလူေတြမွာ ဘာအရည္အခ်ည္းေတြ ရွိသလဲလို႔ ေလ့လာလိုက္တဲ့ အခါမွာ ေအာက္ပါ အခ်က္အလက္ေတြကို သြားေတြ႕ ပါတယ္။

(၁) ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိပါ

လူမႈေရးနဲ႔ အခ်စ္ေရးမွာ စန္းပြင့္ခ်င္တယ္ဆိုရင္ေတာ့ အရင္ဆုံးရွိထားရမယ့္ အရည္အခ်င္း က ကိုယ့္ကိုယ္ကို ယုံၾကည္မႈပါဘဲ။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိမွသာ အျခားလုပ္ငန္းေဆာင္တာေတြကို ရဲရဲဝင့္ဝင့္ ေဆာင္႐ြက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ပဲ မိမိကိုယ္ကို ယုံၾကည္မႈမရွိဘူး ဆိုရင္ေတာ့ အရာရာမွာ နိမ့္ က်ေနရဦးမွာပါ။ ေအာင္ျမင္မႈေတြလည္း ေႏွးေကြးေနဦးမွာပါ။

(၂) ပြင့္လင္း႐ိုးသားမႈရွိပါ

ဒုတိယ အေရးႀကီးတဲ့အခ်က္ကေတာ့ ပြင့္လင္းတဲ့သူေတြဟာ လူမႈေရး နဲ႔ အခ်စ္ေရး မွာ ပိုၿပီးေအာင္ျမင္ ထြန္းေပါက္တတ္ပါတယ္။ ဒီအရည္အခ်င္းကို ႐ိုးသားမႈပါ ထပ္ၿပီးေပါင္းလိုက္မယ္ ဆိုရင္ေတာ့ အတိုင္းထက္ အလြန္ပါဘဲ။

(၃) ဟာသ အျမင္ရွိပါေစ

ဟာသအျမင္၊ ဟာသဆန္ဆန္ အသုံးအႏႈန္းေတြ ႂကြယ္ဝစြာ သုံးႏိုင္တယ္ဆိုရင္လည္း စန္းပြင့္တတ္ပါတယ္။ ဟာသအျမင္ရွိသူရဲ႕ စကားကို နားေထာင္ရသူမွာ အေပ်ာ္ေတြကူးစက္ၿပီး၊ ခင္မင္ရင္းနီးစိတ္၊ ခ်စ္ခင္ျမတ္ႏိုး စိတ္ေတြ ျဖစ္ပါတယ္။

(၄) တိက်ျပတ္သားမႈရိွပါ

လုပ္စရာရွိရင္လည္း တိက်ပါ၊ ဆုံးျဖတ္စရာရွိရင္လည္း ျပတ္သားပါ။ ဒါဟာ ဦးေဆာင္ေကာင္းသူေတြမွာသာရွိတဲ့ အရည္အခ်င္းပါ။ ဒီအရည္အခ်င္းမ်ိဳး ရွိထားၿပီဆိုရင္လည္း နယ္ပယ္အသီးသီးမွာ ေပါက္ေျမာက္ ေအာင္ျမင္ၿပီး စန္းလာဘ္ပြင့္တတ္ပါတယ္။

(၅)ၾကင္နာမႈရွိပါ

ျခေသၤ့အနားကို သားေကာင္ေတြ မကပ္ၾကပါဘူး၊ ဒါဟာ သူ႔ရဲ႕ ရက္စက္ျခင္းေၾကာင့္ပါ။ ရက္စက္ ၾကမ္းၾကဳပ္တဲ့ သူေတြအနားကိုလည္း ဒီလိုပဲ ဘယ္သူမွ မကပ္ၾကပါဘူး။ အခ်စ္ေရးဘက္မွာ ဆိုရင္လည္း ရက္ စက္သူေတြ၊ ႐ိုင္းစိုင္းသူေတြကို ဖူးစားဖက္ေတြ ေရွာင္ၾကဥ္ၾကပါတယ္။ ဒီအရာနဲ႔ ဆန႔္က်င္ဘက္အျဖစ္ အမ်ားသူငါအေပၚမွာ ၾကင္ၾကင္နာနာ ဆက္ဆံတတ္ သူဟာ ေရာက္ေလရာမွာ စန္းပြင့္ၿပီး လူခ်စ္လူခင္ေပါမ်ားပါတယ္။

Credit

Unicode

ရုပ်ရည် နဲ့ မသက်ဆိုင်ဘဲ စန်းပွင့်စေနိုင်မယ့် နည်းလမ်းများ

အချိုု့သော ပုဂ္ဂိုလ်တွေဟာ ရုပ်ရည် ရူပကာယ သာမာန်သာရှိပေမယ့် လူမှုရေး နဲ့ အချစ်ရေး နယ်ပယ်မှာ အောင်မြင် ကြပါတာကို တွေ့ရမှာပါ။ အဲဒီလူတွေမှာ ဘာအရည်အချည်းတွေ ရှိသလဲလို့ လေ့လာလိုက်တဲ့ အခါမှာ အောက်ပါ အချက်အလက်တွေကို သွားတွေ့ ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ

လူမှုရေးနဲ့ အချစ်ရေးမှာ စန်းပွင့်ချင်တယ်ဆိုရင်တော့ အရင်ဆုံးရှိထားရမယ့် အရည်အချင်း က ကိုယ့်ကိုယ်ကို ယုံကြည်မှုပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှသာ အခြားလုပ်ငန်းဆောင်တာတွေကို ရဲရဲဝင့်ဝင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ မိမိကိုယ်ကို ယုံကြည်မှုမရှိဘူး ဆိုရင်တော့ အရာရာမှာ နိမ့် ကျနေရဦးမှာပါ။ အောင်မြင်မှုတွေလည်း နှေးကွေးနေဦးမှာပါ။

(၂) ပွင့်လင်းရိုးသားမှုရှိပါ

ဒုတိယ အရေးကြီးတဲ့အချက်ကတော့ ပွင့်လင်းတဲ့သူတွေဟာ လူမှုရေး နဲ့ အချစ်ရေး မှာ ပိုပြီးအောင်မြင် ထွန်းပေါက်တတ်ပါတယ်။ ဒီအရည်အချင်းကို ရိုးသားမှုပါ ထပ်ပြီးပေါင်းလိုက်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါဘဲ။

(၃) ဟာသ အမြင်ရှိပါစေ

ဟာသအမြင်၊ ဟာသဆန်ဆန် အသုံးအနှုန်းတွေ ကြွယ်ဝစွာ သုံးနိုင်တယ်ဆိုရင်လည်း စန်းပွင့်တတ်ပါတယ်။ ဟာသအမြင်ရှိသူရဲ့ စကားကို နားထောင်ရသူမှာ အပျော်တွေကူးစက်ပြီး၊ ခင်မင်ရင်းနီးစိတ်၊ ချစ်ခင်မြတ်နိုး စိတ်တွေ ဖြစ်ပါတယ်။

(၄) တိကျပြတ်သားမှုရှိပါ

လုပ်စရာရှိရင်လည်း တိကျပါ၊ ဆုံးဖြတ်စရာရှိရင်လည်း ပြတ်သားပါ။ ဒါဟာ ဦးဆောင်ကောင်းသူတွေမှာသာရှိတဲ့ အရည်အချင်းပါ။ ဒီအရည်အချင်းမျိုး ရှိထားပြီဆိုရင်လည်း နယ်ပယ်အသီးသီးမှာ ပေါက်မြောက် အောင်မြင်ပြီး စန်းလာဘ်ပွင့်တတ်ပါတယ်။

(၅)ကြင်နာမှုရှိပါ

ခြင်္သေ့အနားကို သားကောင်တွေ မကပ်ကြပါဘူး၊ ဒါဟာ သူ့ရဲ့ ရက်စက်ခြင်းကြောင့်ပါ။ ရက်စက် ကြမ်းကြုပ်တဲ့ သူတွေအနားကိုလည်း ဒီလိုပဲ ဘယ်သူမှ မကပ်ကြပါဘူး။ အချစ်ရေးဘက်မှာ ဆိုရင်လည်း ရက် စက်သူတွေ၊ ရိုင်းစိုင်းသူတွေကို ဖူးစားဖက်တွေ ရှောင်ကြဉ်ကြပါတယ်။ ဒီအရာနဲ့ ဆန့်ကျင်ဘက်အဖြစ် အများသူငါအပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံတတ် သူဟာ ရောက်လေရာမှာ စန်းပွင့်ပြီး လူချစ်လူခင်ပေါများပါတယ်။

Credit

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*