ဝက်ခြံ အတွက် တိုနာ ကို အိမ်မှာလုပ်ကြည့်ရအောင်
ဝက်ခြံ အတွက် တိုနာ ကို အိမ်မှာလုပ်ကြည့်ရအောင်
ပြုလုပ်နည်း
Credit
Unicode
၀က်ခြံ အတွက် တိုနာ ကို အိမ်မှာတင် လုပ်ကြည့်ရအောင်
တိုနာဆိုတာ မျက်နှာအညစ်အကြေး ချွတ်တဲ့ ပစ္စည်းတမျိုးဖြစ်တယ်။ ဈေးကွက်မှာရှိတဲ့ တိုနာအများစုမှာ polyethylene glycol, aclohol, mineral oil, glycerine, fragrance, dye ဆိုးဆေးတွေပါလေ့ရှိတယ်။
ဒီဓာတုပစ္စည်းတွေက ဝက်ခြံကိုပိုဆိုးတာဖြစ်နိုင်တယ်။ အထူးသဖြင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဖြစ်တယ်။ ဝက်ခြံပေါက်သူတွေမှာ လက်ဖက်စိမ်းဆီက အသုံးများတယ်။ အထူးသဖြင့် ဝက်ခြံ အဖုအပိန့်တွေ ဖြစ်တယ်။
နောက် တမျိုးက အားလုံးသိတဲ့ ပန်းသီးရှာလကာရည် (apple cider vinegar) ဖြစ်တယ်။ ပန်းသီးရှာလကာရည်က အရေပြား pH ကို ထိန်းပေးတယ်။ လူ့အရေပြားဟာ အက်ဆစ်ဖက်ကဲတယ်။ pH 5.5 လောက်ရှိမယ်။
ဒီထက်နည်းတာ၊ များတာတွေက ဝက်ခြံ ပေါက်ဖို့ အားပေးတယ်။ ဥပမာ ဆပ်ပြာက အယ်ကာလီဖြစ် တယ်။ ဆပ်ပြာသုံးတာများရင် ဝက်ခြံပေါက်လွယ်တယ်။
ရှာလကာရည်ရဲ့ အားသာချက်က ဗက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်နိုင်တာဖြစိတယ်။ ပန်းသီးရှာလကာရည်ရွေးတဲ့အခါ အကြည်ထက် အနောက်ကိုသာ ရွေးချယ်ရမယ်။ bragg တံဆိပ်က အကောငိးဆုံး ဖြစ်တယ်။
ပြုလုပ်နည်း
လက်ဖက်စိမ်းရည်(green tea).  ခွက် လေးပုံသုံးပုံ၊ ပန်းသီးရှာလကာရည်(Apple cider vinegar)  ခွက် လေးပုံတပုံ။ လက်ဖက်စိမ်း အထုပ်ကို ရေနွေးနဲ့ စိမ်ပြီး နာရီဝက် ထားပါ။ ရေနွေးကို ခွက်ရဲ့ လေးပုံသုံးပုံ ထည့်ရမယ်။
(ခွက်သေးတာကိုသာ သုံးပါ) ပြီးရင် ပန်းသီးရှာလကာရည် ခွက် လေးပုံတပုံနဲ့ ရောပြီး သန့်စင်တဲ့ အဖုံးပိတ်ခွက်တခုထဲ ထည့်ပါ။ မျက်နှာမှာ တိုနာအနေနဲ့ သုံးရင် ဂွမ်းစနဲ့ယူပြီး လိမ်းရမယ်။ တချို့က ရှောက်ရည်၊ ရှားစောင်းလက်ပပ်၊ လာဗင်ဒါဆီစတာတွေနဲ့ ရောသုံးကြတယ်။
သိမ်းဆည်းတဲ့အခါ ရေခဲသေတ္တာထဲ သိမ်းဆည်းရမယ်။ တခါလုပ်ပြီးရင် (၂) ပတ်ထိ အထားခံတယ်။ မျက်နှာသစ်ပြီးချိန်တိုင်း သုံးစွဲခြင်းအားဖြင့် ဝက်ခြံကို တပတ်အတွင်း သိသိသာသာ ပျောက်ကင်းစေမှာဖြစ် တယ်။
Credit
Be the first to comment
Leave a Reply
Your email address will not be published.
*