ရည္းစားျဖစ္တဲ့အခ်ိန္ လင္လိုမယားလို ေနၾကၿပီဆိုရင္

ရည္းစားျဖစ္တဲ့အခ်ိန္ လင္လိုမယားလို ေနၾကၿပီဆိုရင္
ရည္းစားျဖစ္တဲ့အခ်ိန္ လင္လိုမယားလို ေနၾကၿပီဆိုရင္

ရည္းစားျဖစ္တဲ့အခ်ိန္ လင္လိုမယားလို ေနၾကၿပီဆိုရင္

အနာရွိရင္ စပ္ပါတယ္။ စပ္ေအာင္လည္း တမင္ဆားျဖဴးတာ မဟုတ္ပါဘူး။ ေကာင္းေစခ်င္တဲ့ ေစတနာေၾကာင့္ပါ။သမီးရည္းစားေတြ တြဲတာ ၾကာလာတဲ့အျပင္ တေယာက္အေၾကာင္း တေယာက္သိၿပီး လင္လို မယားလိုျဖစ္ေနရင္ လက္ထပ္ၾကပါ။ အခ်ိန္ေတြဆြဲၿပီး တြဲေနတာ ေယာက္်ားေလးဘက္က မနစ္နာေပမယ့္ မိန္းကေလးဘက္က နစ္နာတယ္။

အခ်ိန္တန္ရင္ ေခၚအိပ္လိုက္ ျပန္လႊတ္လိုက္နဲ႔ တခ်ိဳ႕ မိန္းကေလးေတြ လက္ဆုပ္လက္ကိုင္ ျပစရာ ေယာက္်ားသာ မရွိတာ အိမ္ေထာင္သည္ မိန္းမႀကီးေတြနဲ႔တူၿပီး Snare သီခ်င္းထဲကလို ဂ်ဳံးဂ်ဳံးက်ေနၿပီ။

ႏိုင္ငံျခားေတြကိုအားက်ၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္သိေအာင္ တစ္ေယာက္ရဲ႕ စ႐ိုက္ေတြတစ္ေယာက္ ေလ့လာႏိုင္ေအာင္ living together ေနၾကၿပီး တခါတေလ ေသြးသားဆႏၵအရ အတူေနမိ အတူအိပ္မိတာကို ဒီဘက္ေခတ္မွာနားလည္ေပးရပါမယ္ ၊လက္ခံေပးရပါမယ္။ (ဘာမွမက်ဴးလြန္ပဲ ထိန္းသိမ္းႏိုင္ရင္ေတာ့ ေယာက္်ားေလးေရာမိန္းကေလးေရာ တန္ဖိုးအရွိဆုံးပါ)

အခုဟာက living together ဆိုတာ ဆက္စ္ ကိစၥ တစ္ခုတည္းကိုသာဦးတည္ေနၿပီး အခ်ိန္တန္ရင္ ဖုတ္ဖတ္ခါၿပီး ကိုယ့္အိမ္ကိုယ္ျပန္သြားၾက ေတြ႕တဲ့အခ်ိန္ တိုင္းလည္း ဒီကိစၥကိုပဲ ဦးတည္ေနၾကေတာ့ တေယာက္ကိုတေယာက္ ေလ့လာျဖစ္ၾကသလား မေလ့လာျဖစ္ၾကလားေတာ့မသိ။

တခ်ိဳ႕မိန္းခေလးေတြကလည္း မိမိကိုယ္ကို တန္ဖိုးမထားတတ္သလို ကဲလြန္းတယ္ ဆိုရင္ မမွားပါဘူး။ ေယာက်ာ္းေလးကိုဘဲ အျပစ္ေျပာေနလို႔မရပါဘူး။

လက္ခုတ္ဆိုတာ ၂ ဖက္တီးမွ ျမည္တာပါ

အဲလို Relationship ေတြက ဒီလိုနဲ႔ ႏွစ္ေတြၾကာလာ(တခ်ိဳ႕ဆိုလပိုင္းေလာက္ပဲ )႐ိုးအီသြားၿပီး ေနာက္တေယာက္ဆီ ၿခံခုန္လို႔ရမယ့္ အကြက္ေတြျမင္ေတာ့“မင္းနဲ႔ငါ ဆက္တြဲလို႔ အဆင္မေျပေတာ့ဘူး” “မင္းနဲ႔ငါ ျပတ္ပီ”ဆိုတဲ့ စကားေလးေတြနဲ႔တင္ ကိုယ့္ဘဝႀကီးတစ္ခုလုံးကို အစိတ္စိတ္ အမႊာမႊာ ၿဖိဳခြဲသြားပါလိမ့္မယ္။

မိန္းမ အမ်ားစုက ကိုယ့္ခ်စ္သူကို အပစ္မရွိတဲ့ ႐ိုးစင္းတဲ့ ယုန္သူငယ္ေလးေတြလို ျမင္ၾကသလို ကိုယ့္ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ေပး ကာကြယ္ေပးမယ့္သူရဲေကာင္းႀကီးေတြလိုလည္း အားကိုးၾကပါတယ္။ သူမ်ားက မေကာင္းေျပာရင္ သတိေပးရင္ လက္မခံၾကပါဘူး ၊ မႀကိဳက္ပါဘူး။

ေသခ်ာတာကေတာ့ စြန႔္ပစ္ခံထားခဲ့ခံရတဲ့ မိန္းမေတြလည္း တခ်ိန္ကေတာ့ ငါ့ခ်စ္သူက ဒီလို ေယာက္်ားမ်ိဳး မဟုတ္ဘူး ဒီလိုလုပ္မွာမဟုတ္ဘူးလို႔ ယုံၾကည္ၾကဖူးပါတယ္။ အဲဒီယုံၾကည္မႈေတြကပဲ ရႈံးၿပီးရင္းရႈံးေအာင္ တြန္းပို႔ခဲ့ၾကတာပါ။ဒီေခတ္က ကိုယ့္လက္ထဲေရာက္ေနရင္ေတာင္ ဘယ္သူလာႏႈိက္မလဲ လို႔ ရင္ပူရတဲ့ေခတ္ပါ။

ကိုယ့္လက္ထဲလည္း မေရာက္ေသးတဲ့အျပင္… ဘဝနဲ႔ရင္းပီးပါ ခ်စ္ျပထားရင္ေတာ့ အခ်ိန္တန္ရင္ ဆုံးရႈံးရမွာ ကိုယ္ပါ နာက်င္ရမွာ ကိုယ္ပါ နာၾကည္းရမွာ ကိုယ္ပါ။ အဲ့ေတာ့ ေယာက္်ားေလးကလည္း မိန္းကေလးဘက္ကို ထည့္တြက္ရင္ အခ်ိန္ အၾကာႀကီးဆြဲၿပီး မတြဲသင့္ဘူး။

ငါ့ကို ဒီဘဲက အရမ္းခ်စ္တာ ငါ့လက္က ႐ုန္းႏိုင္မွာမဟုတ္ဘူးလို႔ ကိုယ့္ကိုကိုယ္ ေသြးနားထင္မေရာက္ပါနဲ႔ေနာ္ Everything is possible ပါ။( ေယာက္်ားေတြက ဒီေန႔မွာ ကိုယ့္ကိုနတ္သမီးလို႔ ျမင္ေပမယ့္ ေနာက္တေန႔မွာ ေ႐ႊၾကာလို႔လဲျမင္ႏိုင္ပါတယ္)

အဲ့ဒီေတာ့ တြဲလာတာ ၾကာေနေပမယ့္ ေရွ႕ေရးေတြ ေနာက္ေရးေတြ စဥ္းစားေနရလို႔ မယူႏိုင္ေသးဘူး ဆိုရင္ သူထားခဲ့တဲ့အခ်ိန္ ကိုယ္က်န္ခဲ့ရမယ့္ အေရးထက္ဘယ္ဟာကမွ အေရးပိုမႀကီးႏိုင္ဘူး ဆိုတာလည္း ထည့္ေတြးပါ။

ကိုယ္က တေယာက္ မေကာင္းေတာ့ ေနာက္တေယာက္ ေျပာင္းခ်စ္ ေနာက္တေယာက္ကလည္း ဒီအခ်ိဳးေတြပဲ ဆိုရင္ အသက္ကသာ ႀကီးၿပီး အခြံဘဝသာ က်န္တယ္ တန္ဖိုးထား ခံရျခင္းဆိုတဲ့ အရသာကို မသိလိုက္မွာ စိုးလို႔ပါ။

ေယာက္်ားေလးဘက္က ေဖေဖေတြ ေမေမေတြ အေၾကာင္းျပၿပီး အခ်ိန္ဆြဲေနရင္ေတာ့ အေျခအေန သိပ္မေကာင္းပါဘူး။ ဒီေန႔ေခတ္ ေမေမေတြက သားေတြနဲ႔ပြင့္လင္းျမင္သာ ေဆြးေႏြးမႈရွိၿပီး သားနဲ႔အေမ အရာရာ တိုင္ပင္ၿပီး လႈပ္ရွားၾကတာပါေနာ္။

အနာရွိရင္ေတာ့ စပ္ပါမယ္။ စပ္ေစခ်င္လို႔ ဆားျဖဴးတာ မဟုတ္ပါဘူး။ ထားခဲ့ခံရလို႔ လာၿပီးရင္ဖြင့္တဲ့ မိန္းကေလးေတြ မ်ားလာတာရယ္ တခ်ိဳ႕မိန္းကေလးေတြ ထပ္ၿပီး ထားခဲ့ခံရမွာ စိုးတာရယ္ေၾကာင့္ သတိေပးတာပါ။

Living together ကို လက္ကိုင္ထားတယ္ ဆိုရင္လည္း မွန္ကန္တဲ့ နည္းလမ္းနဲ႔ တူဂဲသားႏိုင္ၾကပါေစ…

Crd

Unicode

ရည်းစားဖြစ်တဲ့အချိန် လင်လိုမယားလို နေကြပြီဆိုရင်

အနာရှိရင် စပ်ပါတယ်။ စပ်အောင်လည်း တမင်ဆားဖြူးတာ မဟုတ်ပါဘူး။ ကောင်းစေချင်တဲ့ စေတနာကြောင့်ပါ။သမီးရည်းစားတွေ တွဲတာ ကြာလာတဲ့အပြင် တယောက်အကြောင်း တယောက်သိပြီး လင်လို မယားလိုဖြစ်နေရင် လက်ထပ်ကြပါ။ အချိန်တွေဆွဲပြီး တွဲနေတာ ယောက်ျားလေးဘက်က မနစ်နာပေမယ့် မိန်းကလေးဘက်က နစ်နာတယ်။

အချိန်တန်ရင် ခေါ်အိပ်လိုက် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းကလေးတွေ လက်ဆုပ်လက်ကိုင် ပြစရာ ယောက်ျားသာ မရှိတာ အိမ်ထောင်သည် မိန်းမကြီးတွေနဲ့တူပြီး Snare သီချင်းထဲကလို ဂျုံးဂျုံးကျနေပြီ။

နိုင်ငံခြားတွေကိုအားကျပြီး တစ်ယောက်အကြောင်း တစ်ယောက်သိအောင် တစ်ယောက်ရဲ့ စရိုက်တွေတစ်ယောက် လေ့လာနိုင်အောင် living together နေကြပြီး တခါတလေ သွေးသားဆန္ဒအရ အတူနေမိ အတူအိပ်မိတာကို ဒီဘက်ခေတ်မှာနားလည်ပေးရပါမယ် ၊လက်ခံပေးရပါမယ်။ (ဘာမှမကျူးလွန်ပဲ ထိန်းသိမ်းနိုင်ရင်တော့ ယောက်ျားလေးရောမိန်းကလေးရော တန်ဖိုးအရှိဆုံးပါ)

အခုဟာက living together ဆိုတာ ဆက်စ် ကိစ္စ တစ်ခုတည်းကိုသာဦးတည်နေပြီး အချိန်တန်ရင် ဖုတ်ဖတ်ခါပြီး ကိုယ့်အိမ်ကိုယ်ပြန်သွားကြ တွေ့တဲ့အချိန် တိုင်းလည်း ဒီကိစ္စကိုပဲ ဦးတည်နေကြတော့ တယောက်ကိုတယောက် လေ့လာဖြစ်ကြသလား မလေ့လာဖြစ်ကြလားတော့မသိ။

တချို့မိန်းခလေးတွေကလည်း မိမိကိုယ်ကို တန်ဖိုးမထားတတ်သလို ကဲလွန်းတယ် ဆိုရင် မမှားပါဘူး။ ယောကျာ်းလေးကိုဘဲ အပြစ်ပြောနေလို့မရပါဘူး။

လက်ခုတ်ဆိုတာ ၂ ဖက်တီးမှ မြည်တာပါ

အဲလို Relationship တွေက ဒီလိုနဲ့ နှစ်တွေကြာလာ(တချို့ဆိုလပိုင်းလောက်ပဲ )ရိုးအီသွားပြီး နောက်တယောက်ဆီ ခြံခုန်လို့ရမယ့် အကွက်တွေမြင်တော့“မင်းနဲ့ငါ ဆက်တွဲလို့ အဆင်မပြေတော့ဘူး” “မင်းနဲ့ငါ ပြတ်ပီ”ဆိုတဲ့ စကားလေးတွေနဲ့တင် ကိုယ့်ဘဝကြီးတစ်ခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြိုခွဲသွားပါလိမ့်မယ်။

မိန်းမ အများစုက ကိုယ့်ချစ်သူကို အပစ်မရှိတဲ့ ရိုးစင်းတဲ့ ယုန်သူငယ်လေးတွေလို မြင်ကြသလို ကိုယ့်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေး ကာကွယ်ပေးမယ့်သူရဲကောင်းကြီးတွေလိုလည်း အားကိုးကြပါတယ်။ သူများက မကောင်းပြောရင် သတိပေးရင် လက်မခံကြပါဘူး ၊ မကြိုက်ပါဘူး။

သေချာတာကတော့ စွန့်ပစ်ခံထားခဲ့ခံရတဲ့ မိန်းမတွေလည်း တချိန်ကတော့ ငါ့ချစ်သူက ဒီလို ယောက်ျားမျိုး မဟုတ်ဘူး ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ကြဖူးပါတယ်။ အဲဒီယုံကြည်မှုတွေကပဲ ရှုံးပြီးရင်းရှုံးအောင် တွန်းပို့ခဲ့ကြတာပါ။ဒီခေတ်က ကိုယ့်လက်ထဲရောက်နေရင်တောင် ဘယ်သူလာနှိုက်မလဲ လို့ ရင်ပူရတဲ့ခေတ်ပါ။

ကိုယ့်လက်ထဲလည်း မရောက်သေးတဲ့အပြင်… ဘဝနဲ့ရင်းပီးပါ ချစ်ပြထားရင်တော့ အချိန်တန်ရင် ဆုံးရှုံးရမှာ ကိုယ်ပါ နာကျင်ရမှာ ကိုယ်ပါ နာကြည်းရမှာ ကိုယ်ပါ။ အဲ့တော့ ယောက်ျားလေးကလည်း မိန်းကလေးဘက်ကို ထည့်တွက်ရင် အချိန် အကြာကြီးဆွဲပြီး မတွဲသင့်ဘူး။

ငါ့ကို ဒီဘဲက အရမ်းချစ်တာ ငါ့လက်က ရုန်းနိုင်မှာမဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ် သွေးနားထင်မရောက်ပါနဲ့နော် Everything is possible ပါ။( ယောက်ျားတွေက ဒီနေ့မှာ ကိုယ့်ကိုနတ်သမီးလို့ မြင်ပေမယ့် နောက်တနေ့မှာ ရွှေကြာလို့လဲမြင်နိုင်ပါတယ်)

အဲ့ဒီတော့ တွဲလာတာ ကြာနေပေမယ့် ရှေ့ရေးတွေ နောက်ရေးတွေ စဉ်းစားနေရလို့ မယူနိုင်သေးဘူး ဆိုရင် သူထားခဲ့တဲ့အချိန် ကိုယ်ကျန်ခဲ့ရမယ့် အရေးထက်ဘယ်ဟာကမှ အရေးပိုမကြီးနိုင်ဘူး ဆိုတာလည်း ထည့်တွေးပါ။

ကိုယ်က တယောက် မကောင်းတော့ နောက်တယောက် ပြောင်းချစ် နောက်တယောက်ကလည်း ဒီအချိုးတွေပဲ ဆိုရင် အသက်ကသာ ကြီးပြီး အခွံဘဝသာ ကျန်တယ် တန်ဖိုးထား ခံရခြင်းဆိုတဲ့ အရသာကို မသိလိုက်မှာ စိုးလို့ပါ။

ယောက်ျားလေးဘက်က ဖေဖေတွေ မေမေတွေ အကြောင်းပြပြီး အချိန်ဆွဲနေရင်တော့ အခြေအနေ သိပ်မကောင်းပါဘူး။ ဒီနေ့ခေတ် မေမေတွေက သားတွေနဲ့ပွင့်လင်းမြင်သာ ဆွေးနွေးမှုရှိပြီး သားနဲ့အမေ အရာရာ တိုင်ပင်ပြီး လှုပ်ရှားကြတာပါနော်။

အနာရှိရင်တော့ စပ်ပါမယ်။ စပ်စေချင်လို့ ဆားဖြူးတာ မဟုတ်ပါဘူး။ ထားခဲ့ခံရလို့ လာပြီးရင်ဖွင့်တဲ့ မိန်းကလေးတွေ များလာတာရယ် တချို့မိန်းကလေးတွေ ထပ်ပြီး ထားခဲ့ခံရမှာ စိုးတာရယ်ကြောင့် သတိပေးတာပါ။

Living together ကို လက်ကိုင်ထားတယ် ဆိုရင်လည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ တူဂဲသားနိုင်ကြပါစေ…

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*