ႏို႔စိမ္းေခါက္ဆြဲ ႀကိဳက္သူမ်ားအတြက္ ႏို႔စိမ္းေခါက္ဆြဲ ခ်က္နည္းေလးပါ

ႏို႔စိမ္းေခါက္ဆြဲ
ႏို႔စိမ္းေခါက္ဆြဲ

ႏို႔စိမ္းေခါက္ဆြဲ ႀကိဳက္သူမ်ားအတြက္ ႏို႔စိမ္းေခါက္ဆြဲ ခ်က္နည္းေလးပါ

ႏို႔စိမ္းေခါက္ဆြဲ ႀကိဳက္သူမ်ား အတြက္ ႏို႔စိမ္းေခါက္ဆြဲ ခ်က္နည္းေလး ကို မွ်ေဝ ေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္း မ်ား

ၾကက္သား ၃၀သါး၊ ၾကက္႐ိုး အနည္းငယ္၊ ႏို႔စိမ္း တစ္ဗူး၊ ၾကက္သြန္ျဖဴ..ၾကက္သြန္နီ. ဂ်င္း၊ ေမႊးပဲစိမ္းမႉန႔္ တစ္ထုပ္၊ ေခါက္ဆြဲ ၅၀သါး၊ အခ်ိဳမႈန႔္ .ဆား. သၾကား၊ ခေနာ ၾကက္သားမႈန႔္ တို႔ပဲျဖစ္ပါတယ္။

အရင္ဆူံး ၾကက္သား ကို အတုံးေသးေသးေလးေတြတုံးထားပီး အခ်ိဳအငံ နယ္ပီး ႏွပ္ထားေပးပါ။ ႏွပ္ထား ပီး ၁၀မိနစ္ေလာက္ၾကာမွ ဆီသတ္ပါ့မယ္ေနာ္။ ဆီ ဆူလာတာနဲ႔ ၾကက္သြန္နီ ၾကက္သြန္ျဖဴ ဂ်င္း ေထာင္းထား တာကို အရင္ ေမႊးလာေအာင္ ဆီသတ္ပါ။ ေမႊးလာပီ ဆိုမွ ၾကက္သား ထည့္ အေရာင္တင္မႈန႔္ ထည့္ပီး ခ်က္ေပးပါ။ ၾကက္သားက အေနေတာ္ က်က္ပီ ဆိုတာနဲ႔ ခ်လို႔ပါၿပီ။

ဒါ ဆို ဟင္းရည္ စခ်က္မယ္ေနာ္….

ၾကက္႐ိုး ကို အခ်ိဳအငံ ထည့္ပီး ျပဳတ္ထားေ ပးပါ။ ၾကက္႐ိုး ျပဳတ္ ရပီ ဆိုတာ နဲ႔ ေရေဖ်ာ္ထားတဲ့ ပဲစိမ္းမႈန႔္ ထည့္ပီး ေမႊ ေပးရပါ့မယ္။ ပဲစိမ္းမႈန႔္ က အစိမ္းအနံ႔ ေပ်ာက္ပီ ဆိုမွ ႏို႔စိမ္း ေဖာက္ထည့္ပါ။ ၾကက္သြန္ဥ ေသးေသးေလးေတြ ရွိရင္ ထည့္လို႔ရပါတယ္။

သၾကား. ဆား. ငံျပာရည္…ၾကက္သား မႈန႔္တို႔ကို လိုသေလာက္ ထည့္ ပါ။ ၿပီးမွ ေစာေစာက ဆီသတ္ထားတဲ့ ၾကက္သား ကို ထည့္ၿပီး မီးေအးေအးနဲ႔ ဟင္းရည္ က်တဲ့ အထိ တည္ထားေပးပါ ေနာ္။

ဟင္းရည္ ရပီ ဆိုရင္ေတာ့ မိမိတိူ႔ ႀကိဳက္ႏွစ္သက္ရာ ပဲေၾကာ္ ငဖယ္ေၾကာ္ တို႔နဲ႔ စားလို႔ရပါပီ
အားလုံး အဆင္ေျပၾကပါေစရွင္။ ေလးစားလွ်က္ Credit

Unicode

နို့စိမ်းခေါက်ဆွဲ ကြိုက်သူများအတွက် နို့စိမ်းခေါက်ဆွဲ ချက်နည်းလေးပါ

နို့စိမ်းခေါက်ဆွဲ ကြိုက်သူများ အတွက် နို့စိမ်းခေါက်ဆွဲ ချက်နည်းလေး ကို မျှဝေ ပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း များ

ကြက်သား ၃၀သါး၊ ကြက်ရိုး အနည်းငယ်၊ နို့စိမ်း တစ်ဗူး၊ ကြက်သွန်ဖြူ..ကြက်သွန်နီ. ဂျင်း၊ မွှေးပဲစိမ်းမှူန့် တစ်ထုပ်၊ ခေါက်ဆွဲ ၅၀သါး၊ အချိုမှုန့် .ဆား. သကြား၊ ခနော ကြက်သားမှုန့် တို့ပဲဖြစ်ပါတယ်။

အရင်ဆူံး ကြက်သား ကို အတုံးသေးသေးလေးတွေတုံးထားပီး အချိုအငံ နယ်ပီး နှပ်ထားပေးပါ။ နှပ်ထား ပီး ၁၀မိနစ်လောက်ကြာမှ ဆီသတ်ပါ့မယ်နော်။ ဆီ ဆူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းထား တာကို အရင် မွှေးလာအောင် ဆီသတ်ပါ။ မွှေးလာပီ ဆိုမှ ကြက်သား ထည့် အရောင်တင်မှုန့် ထည့်ပီး ချက်ပေးပါ။ ကြက်သားက အနေတော် ကျက်ပီ ဆိုတာနဲ့ ချလို့ပါပြီ။

ဒါ ဆို ဟင်းရည် စချက်မယ်နော်….

ကြက်ရိုး ကို အချိုအငံ ထည့်ပီး ပြုတ်ထားေ ပးပါ။ ကြက်ရိုး ပြုတ် ရပီ ဆိုတာ နဲ့ ရေဖျော်ထားတဲ့ ပဲစိမ်းမှုန့် ထည့်ပီး မွှေ ပေးရပါ့မယ်။ ပဲစိမ်းမှုန့် က အစိမ်းအနံ့ ပျောက်ပီ ဆိုမှ နို့စိမ်း ဖောက်ထည့်ပါ။ ကြက်သွန်ဥ သေးသေးလေးတွေ ရှိရင် ထည့်လို့ရပါတယ်။

သကြား. ဆား. ငံပြာရည်…ကြက်သား မှုန့်တို့ကို လိုသလောက် ထည့် ပါ။ ပြီးမှ စောစောက ဆီသတ်ထားတဲ့ ကြက်သား ကို ထည့်ပြီး မီးအေးအေးနဲ့ ဟင်းရည် ကျတဲ့ အထိ တည်ထားပေးပါ နော်။

ဟင်းရည် ရပီ ဆိုရင်တော့ မိမိတိူ့ ကြိုက်နှစ်သက်ရာ ပဲကြော် ငဖယ်ကြော် တို့နဲ့ စားလို့ရပါပီ
အားလုံး အဆင်ပြေကြပါစေရှင်။ လေးစားလျှက် Credit

Be the first to comment

Leave a Reply

Your email address will not be published.


*