သိထားသင့္တဲ့ အိမ္တြင္း ပစၥည္းအခ်ိဳ႕ရဲ႕သက္တမ္းကုန္ဆုံးရက္ေတြ

သိထားသင့္တဲ့ အိမ္တြင္း ပစၥည္းအခ်ိဳ႕ရဲ႕သက္တမ္းကုန္ဆုံးရက္ေတြ
သိထားသင့္တဲ့ အိမ္တြင္း ပစၥည္းအခ်ိဳ႕ရဲ႕သက္တမ္းကုန္ဆုံးရက္ေတြ

သိထားသင့္တဲ့ အိမ္တြင္း ပစၥည္းအခ်ိဳ႕ရဲ႕သက္တမ္းကုန္ဆုံးရက္ေတြ

အိမ္တိုင္းမွာ လုပ္ေလ့ရွိတဲ့အရာေတြက ပစၥည္းေတြကို ၾကာရွည္စြာ သုံးစြဲတာ၊ တစ္ခုခုပ်က္စီးသြားရင္ ျပန္ၿပီးသုံးမယ္ဆိုၿပီး လႊင့္မပစ္ရက္ပဲ သိမ္းထားတာေတြ၊ အသစ္မလဲပဲ ပစၥည္းေဟာင္းေတြကို အထပ္ထပ္ သုံးစြဲေနတာမ်ိဳး ေတြပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ အိမ္ကိုထိန္းသိမ္းတဲ့သူေတြ လုပ္တတ္တဲ့ အယူအဆအမွားေတြလည္း ရွိေနပါေသးတယ္။ သက္တမ္းကုန္ဆုံးရက္ မရွိဘူးထင္ၿပီး ပစၥည္းေတြကို သုံးစြဲတာေတြ ရွိေနတာေၾကာင့္ အိမ္တြင္းပစၥည္းအခ်ိဳ႕ရဲ႕ သက္တမ္းကုန္ဆုံးရက္ကို ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္

(၁) သြားတိုက္တံ

သြားႏွင့္ခံတြင္းက်န္းမာေရးအတြက္ သြားဆရာဝန္ေတြက သြားတိုက္တံကို ၃ လကို တစ္ႀကိမ္လဲလွယ္ဖို႔ အႀကံျပဳထားပါတယ္။ ၃ လထက္ပိုၿပီး ၾကာေအာင္ သုံးစြဲတဲ့အခါ သြားတိုက္တံမွာဘတ္တီးရီးယားပိုးမႊားေတြ၊ ေရာဂါပိုးေတြ ကပ္ညိႏိုင္ေျခ အမ်ားအျပားရွိေနလို႔ ၃ လ ထက္ ပိုၾကာေအာင္ မသုံးသင့္ပါဘူး။

(၂) တဘက္ (သို႔) ကိုယ္သုတ္ပုဝါ မ်က္ႏွာသုတ္ပုဝါ

ပုဝါေတြကေတာ့ အခ်ိန္ၾကာၾကာ အသုံးျပဳလို႔ရပါတယ္။ ဒါေပမယ့္ သန႔္ရွင္းမႈနဲ႔ တစ္ကိုယ္ရည္က်န္းမာေရးအတြက္ ပုဝါေတြကို တစ္ႏွစ္ ႏွစ္ႏွစ္ထက္ ပိုၿပီး အသုံးမျပဳသင့္ပါဘူး။

(၃) ဘီး

ဘီးေတြကို အိမ္ေတြမွာ ႏွစ္နဲ႔ခ်ီေအာင္ အသုံးျပဳၾကေလ့ရွိပါတယ္။ ဒါေပမဲ့ ဘီးေတြကို ႏွစ္တိုင္းအသစ္တစ္ေခ်ာင္း လဲေပးသင့္သလို အပတ္တိုင္းသန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။

(၄) ေခါင္းအုံး

အိမ္ေတြအေတာ္မ်ားမ်ားက ေခါင္းအုံးေတြကို ႏွစ္ေပါင္မ်ားစြာၾကာေအာင္ သိမ္း ဆည္းအသုံးျပဳၾကပါတယ္။ ဒါေပမဲ့ ေခါင္းအုံးေတြက ႏွစ္ၾကာလာတာနဲ႔အမွ် ပုံသ႑ာန္ပ်က္ယြင္းလာၿပီး ပိုးမႊားေတြနဲ႔ ဖုန္မႈန႔္ေတြ ခိုေအာင္းရာေနရာ ျဖစ္လာၿပီး သင့္က်န္းမာေရးအတြက္ ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေခါင္းအုံးေတြကို ၁ ႏွစ္ ၂ ႏွစ္ထက္ပိုအသုံးမျပဳပဲ အသစ္လဲလွယ္ေပးျခင္းက အိမ္အတြက္သန႔္ရွင္းမႈေရာ က်န္းမာေရးအတြက္ပါ အေထာက္အကူ ျဖစ္ေစပါတယ္။

(၅) ေရေမႊး

ေရေမႊးကို ႏွစ္ေတြအၾကာႀကီးသုံးလို႔ရတဲ့ အရာလို႔ သင္သိထားရင္ေတာ့ အဲ့ဒီအသိကမွားပါတယ္။ ေရေမႊးေတြကို ပုလင္းအဖုံးဖြင့္ၿပီးရင္ ဖြင့္တဲ့အခ်ိန္ကေန တစ္ႏွစ္ ႏွစ္ႏွစ္ၾကာေအာင္သုံးစြဲႏိုင္ပါတယ္။ ပု လင္းအသစ္ဆိုရင္ေတာ့ သူတို႔ရဲ႕ သက္ တမ္းက ၃ ႏွစ္ျဖစ္ပါတယ္။

(၆) အမ်ိဳးသမီး အေပၚဝတ္အတြင္းခံ

အမ်ိဳးသမီးအတြင္းခံအဝတ္ေတြကို ပုံမွန္ေလွ်ာ္ဖြတ္ရတဲ့ အဝတ္ အစားထဲမွာပါဝင္ပါတယ္။အတြင္းဝတ္ေတြကို ႏွစ္ၾကာၾကာ မသုံးသင့္ပါဘူး။ တစ္ႏွစ္ ႏွစ္ႏွစ္ထက္ ပိုၾကာတဲ့အခါ သူတို႔ကေလ်ာ့ရဲမႈေတြ ရွိလာသလို ပုံစံေတြလည္းပ်က္သြားတတ္ပါတယ္။ ဒါ့အျပင္ ရင္သားကိုပုံစံတက် ထိန္းႏိုင္မႈကိုလည္း ေလ်ာ့က်သြားတာေၾကာင့္ ၂ ႏွစ္ထက္ေတာ့ပိုမဝတ္ဆင္သင့္ပါဘူး။

(၇) ဟင္းခတ္အေမႊးအႀကိဳင္

အိမ္ေထာင္ရွင္မအမ်ားစုက ဟင္းခတ္ပစၥည္းေတြ အေျခာက္ အျခမ္းေတြကို ၾကာရွည္စြာသိုေလွာင္ထားၿပီး လိုတဲ့အခါ ထုတ္ခ်က္တာမ်ိဳးေတြ လုပ္တတ္ၾကပါတယ္။ တကယ္တမ္းမွာေတာ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို သုံးႏွစ္ထက္ပိုၿပီး မသိုေလွာင္ထားသင့္သလို ၃ ႏွစ္ထက္ေက်ာ္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုလည္း မသုံးစြဲသင့္ပါတယ္။

ဒီကာလကို ေက်ာ္သြားရင္ ဟင္းခတ္အေမႊးအႀကိဳင္ေတြရဲ႕ အာနိသင္ေတြက ပ်က္သြားတာေၾကာင့္ မသုံးသင့္ပါဘူး။ အားလုံးပဲ သန႔္ ရွင္းၿပီးစနစ္က်တဲ့ အိမ္ေတြျဖစ္ေအာင္ ဖန္တီးႏိုင္ၾကပါေစေနာ္။(crd)

Unicode

သိထားသင့်တဲ့ အိမ်တွင်း ပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်တွေ

အိမ်တိုင်းမှာ လုပ်လေ့ရှိတဲ့အရာတွေက ပစ္စည်းတွေကို ကြာရှည်စွာ သုံးစွဲတာ၊ တစ်ခုခုပျက်စီးသွားရင် ပြန်ပြီးသုံးမယ်ဆိုပြီး လွှင့်မပစ်ရက်ပဲ သိမ်းထားတာတွေ၊ အသစ်မလဲပဲ ပစ္စည်းဟောင်းတွေကို အထပ်ထပ် သုံးစွဲနေတာမျိုး တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ကိုထိန်းသိမ်းတဲ့သူတွေ လုပ်တတ်တဲ့ အယူအဆအမှားတွေလည်း ရှိနေပါသေးတယ်။ သက်တမ်းကုန်ဆုံးရက် မရှိဘူးထင်ပြီး ပစ္စည်းတွေကို သုံးစွဲတာတွေ ရှိနေတာကြောင့် အိမ်တွင်းပစ္စည်းအချို့ရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြပေးလိုက်ရပါတယ်နော်

(၁) သွားတိုက်တံ

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားဆရာဝန်တွေက သွားတိုက်တံကို ၃ လကို တစ်ကြိမ်လဲလှယ်ဖို့ အကြံပြုထားပါတယ်။ ၃ လထက်ပိုပြီး ကြာအောင် သုံးစွဲတဲ့အခါ သွားတိုက်တံမှာဘတ်တီးရီးယားပိုးမွှားတွေ၊ ရောဂါပိုးတွေ ကပ်ညိနိုင်ခြေ အများအပြားရှိနေလို့ ၃ လ ထက် ပိုကြာအောင် မသုံးသင့်ပါဘူး။

(၂) တဘက် (သို့) ကိုယ်သုတ်ပုဝါ မျက်နှာသုတ်ပုဝါ

ပုဝါတွေကတော့ အချိန်ကြာကြာ အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် ပုဝါတွေကို တစ်နှစ် နှစ်နှစ်ထက် ပိုပြီး အသုံးမပြုသင့်ပါဘူး။

(၃) ဘီး

ဘီးတွေကို အိမ်တွေမှာ နှစ်နဲ့ချီအောင် အသုံးပြုကြလေ့ရှိပါတယ်။ ဒါပေမဲ့ ဘီးတွေကို နှစ်တိုင်းအသစ်တစ်ချောင်း လဲပေးသင့်သလို အပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၄) ခေါင်းအုံး

အိမ်တွေအတော်များများက ခေါင်းအုံးတွေကို နှစ်ပေါင်များစွာကြာအောင် သိမ်း ဆည်းအသုံးပြုကြပါတယ်။ ဒါပေမဲ့ ခေါင်းအုံးတွေက နှစ်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီး ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေ ခိုအောင်းရာနေရာ ဖြစ်လာပြီး သင့်ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုံးတွေကို ၁ နှစ် ၂ နှစ်ထက်ပိုအသုံးမပြုပဲ အသစ်လဲလှယ်ပေးခြင်းက အိမ်အတွက်သန့်ရှင်းမှုရော ကျန်းမာရေးအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။

(၅) ရေမွှေး

ရေမွှေးကို နှစ်တွေအကြာကြီးသုံးလို့ရတဲ့ အရာလို့ သင်သိထားရင်တော့ အဲ့ဒီအသိကမှားပါတယ်။ ရေမွှေးတွေကို ပုလင်းအဖုံးဖွင့်ပြီးရင် ဖွင့်တဲ့အချိန်ကနေ တစ်နှစ် နှစ်နှစ်ကြာအောင်သုံးစွဲနိုင်ပါတယ်။ ပု လင်းအသစ်ဆိုရင်တော့ သူတို့ရဲ့ သက် တမ်းက ၃ နှစ်ဖြစ်ပါတယ်။

(၆) အမျိုးသမီး အပေါ်ဝတ်အတွင်းခံ

အမျိုးသမီးအတွင်းခံအဝတ်တွေကို ပုံမှန်လျှော်ဖွတ်ရတဲ့ အဝတ် အစားထဲမှာပါဝင်ပါတယ်။အတွင်းဝတ်တွေကို နှစ်ကြာကြာ မသုံးသင့်ပါဘူး။ တစ်နှစ် နှစ်နှစ်ထက် ပိုကြာတဲ့အခါ သူတို့ကလျော့ရဲမှုတွေ ရှိလာသလို ပုံစံတွေလည်းပျက်သွားတတ်ပါတယ်။ ဒါ့အပြင် ရင်သားကိုပုံစံတကျ ထိန်းနိုင်မှုကိုလည်း လျော့ကျသွားတာကြောင့် ၂ နှစ်ထက်တော့ပိုမဝတ်ဆင်သင့်ပါဘူး။

(၇) ဟင်းခတ်အမွှေးအကြိုင်

အိမ်ထောင်ရှင်မအများစုက ဟင်းခတ်ပစ္စည်းတွေ အခြောက် အခြမ်းတွေကို ကြာရှည်စွာသိုလှောင်ထားပြီး လိုတဲ့အခါ ထုတ်ချက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးနှစ်ထက်ပိုပြီး မသိုလှောင်ထားသင့်သလို ၃ နှစ်ထက်ကျော်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း မသုံးစွဲသင့်ပါတယ်။

ဒီကာလကို ကျော်သွားရင် ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အာနိသင်တွေက ပျက်သွားတာကြောင့် မသုံးသင့်ပါဘူး။ အားလုံးပဲ သန့် ရှင်းပြီးစနစ်ကျတဲ့ အိမ်တွေဖြစ်အောင် ဖန်တီးနိုင်ကြပါစေနော်။(crd)

Be the first to comment

Leave a Reply

Your email address will not be published.


*