ေႁမြတစ္ေကာင္ (အႏၲရာယ္ရွိတဲ့ ေႁမြ) အဆိပ္ရွိမရွိ ျမင္တာနဲ႔ သိႏိုင္တဲ့ အခ်က္ (၇)ခ်က္

ေႁမြတစ္ေကာင္ (အႏၲရာယ္ရွိတဲ့ ေႁမြ) အဆိပ္ရွိမရွိ
ေႁမြတစ္ေကာင္ (အႏၲရာယ္ရွိတဲ့ ေႁမြ) အဆိပ္ရွိမရွိ

ေႁမြတစ္ေကာင္ (အႏၲရာယ္ရွိတဲ့ ေႁမြ) အဆိပ္ရွိမရွိ ျမင္တာနဲ႔ သိႏိုင္တဲ့ အခ်က္ (၇)ခ်က္

ကမာၻေပၚမွာ ေႁမြမ်ိဳးစိတ္ေပါင္း ရာခ်ီရွိၿပီး အဆိပ္မရွိတဲ့ ေႁမြမ်ိဳးစိတ္ေတြလည္း ရွိပါတယ္။ ဘယ္သူမဆို ေႁမြဆိုတဲ့ သတၱဝါကို ျမင္တာနဲ႔ အဆိပ္ရွိတယ္လို႔ပဲ သတ္မွတ္ၿပီး ေဝးေဝးကေရွာင္ၾကေလ့ရွိပါတယ္။

ဒါေပမယ့္ ကိုယ္ျမင္တဲ့ေႁမြဟာ အဆိပ္ရွိမရွိကို ျမင္တာနဲ႔ သိႏိုင္တယ္ဆိုရင္ ပိုမေကာင္းဘူးလား ။ အခုလည္း ေႁမြကို ၾကည့္႐ုံျဖင့္ အဆိပ္ရွိမရွိသိႏိုင္မယ့္ နည္းလမ္းေလးေတြကို ေျပာျပသြားမွာပါ ။

၁။ မ်က္လုံး ဟာ အဆိပ္မရွိတဲ့ ေႁမြေတြရဲ႕ မ်က္လုံးထဲမွ သူငယ္အိမ္ကေတာ့ ခပ္ဝိုင္းဝိုင္းအေနအထားရွိတယ္။ အဆိပ္ရွိတဲ့ ေႁမြေတြကေတာ့ ေဒါင္လိုက္ရွည္ေျမာေျမာ အေနအထားရွိပါတယ္။

ဒါေပမယ့္ အာဖရိကမွ ေႁမြေဟာက္နက္ ၊ ေႁမြေပြး မ်ိဳးစိတ္ေတြနဲ႔ တာပန္ေႁမြေတြကေတာ့ အဆိပ္ရွိေပမယ့္ ခပ္ဝိုင္းဝိုင္း သူငယ္အိမ္ ရွိပါတယ္။

၂။ အပူအာ႐ုံခံေပါက္သည္ မ်ားေသာအားျဖင့္ အဆိပ္ရွိတဲ့ေႁမြေတြမွာ မ်က္လုံးနဲ႔ ႏွာေခါင္းၾကားအလည္တည့္တည့္မွာ သားေကာင္ေတြကို အာ႐ုံခံႏိုင္မယ့္ အပူအာ႐ုံခံေပါက္ ပါရွိပါတယ္။

၃။ ပါးပ်ဥ္း သည္ အဆိပ္ရွိတဲ့ ေႁမြအမ်ားစုဟာ လည္ပင္းေသးငယ္ၿပီးေတာ့ ပါးျပင္းခြက္ေလ့ ရွိပါတယ္ ။ အဆိပ္မရွိတဲ့ ေႁမြေတြကေတာ့ ေခါင္းခပ္လုံးလုံး ပုံသ႑ာန္ရွိပါတယ္။

၄။ အျမႇီး – အဆိပ္မရွိတဲ့ ေႁမြေတြရဲ႕ အျမႇီးဟာ အေၾကးခြံ ႏွစ္ထပ္ျဖစ္ေနေလ့ရွိၿပီး အဆိပ္ရွိတဲ့ေႁမြေတြရဲ႕ အျမႇီးကေတာ့ အရစ္အရစ္ပုံစံမ်ိဳး ေပၚေနေလ့ရွိပါတယ္။

၅။ အေရာင္ – အဆိပ္ရွိတဲ့ေႁမြအမ်ားစုဟာ အလြန္ထင္ရွားတဲ့ အေရာင္ရွိၿပီးေတာ့ ျမင္တာနဲ႔သိႏိုင္ေလာက္ေအာင္ ေတာက္ပတဲ့ အေရာင္မ်ိဳးေတြ ရွိပါတယ္။ေႁမြေဟာက္နဲ႔ ျမက္ေလ်ာေႁမြေတြကေတာ့ အေရာင္ခပ္မႈိင္းမႈိင္း ရွိတတ္ၿပီး ျမက္ေလ်ာေႁမြဟာ လည္ပင္းမွာ အဝါရစ္ေလးပါတတ္ပါတယ္။

၆။ အေၾကးခြံပုံစံ – ေႁမြရဲ႕အေၾကးခြံပုံစံဟာ ႀတိဂံပုံစံမ်ိဳးေတြ ျဖစ္ေနမယ္ ဆိုရင္ေတာ့ ဒီေႁမြဟာအဆိပ္ရွိတာ ေသခ်ာေနပါၿပီ။

၇။ ေရကူးျခင္း – အဆိပ္ရွိတဲ့ ေႁမြေတြဟာ ေခါင္းေဖာ္ၿပီးေရကူးေလ့ ရွိၿပီးေတာ့ အဆိပ္မရွိတဲ့ေႁမြေတြကေတာ့ ေရေအာက္ကို ငုပ္လ်ိဳးၿပီး ကူးခတ္သြားလာေလ့ ရွိၾကပါတယ္။

Credit – Min Thu ( XYZ News )

Unicode

မြွေတစ်ကောင် (အန္တရာယ်ရှိတဲ့ မြွေ) အဆိပ်ရှိမရှိ မြင်တာနဲ့ သိနိုင်တဲ့ အချက် (၇)ချက်

ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း ရာချီရှိပြီး အဆိပ်မရှိတဲ့ မြွေမျိုးစိတ်တွေလည်း ရှိပါတယ်။ ဘယ်သူမဆို မြွေဆိုတဲ့ သတ္တဝါကို မြင်တာနဲ့ အဆိပ်ရှိတယ်လို့ပဲ သတ်မှတ်ပြီး ဝေးဝေးကရှောင်ကြလေ့ရှိပါတယ်။

ဒါပေမယ့် ကိုယ်မြင်တဲ့မြွေဟာ အဆိပ်ရှိမရှိကို မြင်တာနဲ့ သိနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလား ။ အခုလည်း မြွေကို ကြည့်ရုံဖြင့် အဆိပ်ရှိမရှိသိနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြသွားမှာပါ ။

၁။ မျက်လုံး ဟာ အဆိပ်မရှိတဲ့ မြွေတွေရဲ့ မျက်လုံးထဲမှ သူငယ်အိမ်ကတော့ ခပ်ဝိုင်းဝိုင်းအနေအထားရှိတယ်။ အဆိပ်ရှိတဲ့ မြွေတွေကတော့ ဒေါင်လိုက်ရှည်မြောမြော အနေအထားရှိပါတယ်။

ဒါပေမယ့် အာဖရိကမှ မြွေဟောက်နက် ၊ မြွေပွေး မျိုးစိတ်တွေနဲ့ တာပန်မြွေတွေကတော့ အဆိပ်ရှိပေမယ့် ခပ်ဝိုင်းဝိုင်း သူငယ်အိမ် ရှိပါတယ်။

၂။ အပူအာရုံခံပေါက်သည် များသောအားဖြင့် အဆိပ်ရှိတဲ့မြွေတွေမှာ မျက်လုံးနဲ့ နှာခေါင်းကြားအလည်တည့်တည့်မှာ သားကောင်တွေကို အာရုံခံနိုင်မယ့် အပူအာရုံခံပေါက် ပါရှိပါတယ်။

၃။ ပါးပျဉ်း သည် အဆိပ်ရှိတဲ့ မြွေအများစုဟာ လည်ပင်းသေးငယ်ပြီးတော့ ပါးပြင်းခွက်လေ့ ရှိပါတယ် ။ အဆိပ်မရှိတဲ့ မြွေတွေကတော့ ခေါင်းခပ်လုံးလုံး ပုံသဏ္ဍာန်ရှိပါတယ်။

၄။ အမြှီး – အဆိပ်မရှိတဲ့ မြွေတွေရဲ့ အမြှီးဟာ အကြေးခွံ နှစ်ထပ်ဖြစ်နေလေ့ရှိပြီး အဆိပ်ရှိတဲ့မြွေတွေရဲ့ အမြှီးကတော့ အရစ်အရစ်ပုံစံမျိုး ပေါ်နေလေ့ရှိပါတယ်။

၅။ အရောင် – အဆိပ်ရှိတဲ့မြွေအများစုဟာ အလွန်ထင်ရှားတဲ့ အရောင်ရှိပြီးတော့ မြင်တာနဲ့သိနိုင်လောက်အောင် တောက်ပတဲ့ အရောင်မျိုးတွေ ရှိပါတယ်။မြွေဟောက်နဲ့ မြက်လျောမြွေတွေကတော့ အရောင်ခပ်မှိုင်းမှိုင်း ရှိတတ်ပြီး မြက်လျောမြွေဟာ လည်ပင်းမှာ အဝါရစ်လေးပါတတ်ပါတယ်။

၆။ အကြေးခွံပုံစံ – မြွေရဲ့အကြေးခွံပုံစံဟာ တြိဂံပုံစံမျိုးတွေ ဖြစ်နေမယ် ဆိုရင်တော့ ဒီမြွေဟာအဆိပ်ရှိတာ သေချာနေပါပြီ။

၇။ ရေကူးခြင်း – အဆိပ်ရှိတဲ့ မြွေတွေဟာ ခေါင်းဖော်ပြီးရေကူးလေ့ ရှိပြီးတော့ အဆိပ်မရှိတဲ့မြွေတွေကတော့ ရေအောက်ကို ငုပ်လျိုးပြီး ကူးခတ်သွားလာလေ့ ရှိကြပါတယ်။

Credit – Min Thu ( XYZ News )

Be the first to comment

Leave a Reply

Your email address will not be published.


*