Unicode
တန်ဖိုးကြီး စိန်အလုံးပေါင်း ၅၄၄၈ အပြင် ဒေါ်လာ ၈ ဘီလျံကျော် တန်ဖိုးရှိ ရွှေချပ်တွေအုပ်ထားတဲ့ ရွှေတိဂုံစေတီတော်
တန်ဖိုးကြီး စိန်အလုံးပေါင်း ၅၄၄၈ အပြင် ဒေါ်လာ ၈ ဘီလျံကျော် တန်ဖိုးရှိ ရွှေချပ်တွေအုပ်ထားတဲ့ ရွှေတိဂုံစေတီတော်(အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)
ကမ္ဘာက သုတေသီတွေ ပြုစုထားတဲ့စာတမ်းတွေအရ ရွှေတိဂုံစေတီတော်ကို ရွှေတုံးရွှေပြားများ မရေတွက်နိုင်တဲ့ ကျောက်မျက်ရတနာများနဲ့ တည်ထားတယ်လို့ဆိုပါတယ်။ ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို အခေါက်ရွေတန်ချိန် ၆၀ကို ရွှေချပ်အထူတွေသွန်းပြီး ဝက်အူနဲ့ စုတ်ထားတာပါ။
( ၂၀၁၃ ) ဧပြီလစာရင်းအရ …. ၃၂၆ ပေ မြင့်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို ရွှေချိန် ရွှေချပ် တန် ၆၀ ( ၈ ဘီလျှံ ဒေါ်လာကျော် လက်ရှိတန်ဘိုးရှိတဲ့ ရွှေချပ်တွေ ) နဲ့ ပတ်ပတ်လည် ဝက်အူစုတ် ထားတာပါတဲ့ …။ ပင်မစေတီတော်ရဲ့အောက်ပိုင်းကို ရွှေပြား ၈၆၈၈ ချပ်နဲ့ တည်ထားပြီး အလယ်ပိုင်းမှာတော့ ၁၃၁၅၃ ချပ် အထက်ပိုင်းမှာတော့ ရွှေစင်ရွှေချပ်တွေအပြင် တန်ဘိုးကြီးစိန်အလုံးပေါင်း ၅၄၄၈ လုံး (၁၈၀၀ ကာရက်) နဲ့ ပူဇော်ထားတာပါ။
တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြားလုံးချောပေါင်း ၂၃၁၇လုံး မြောက်များစွာသောနီလာ မရေတွက်နိုင်သော ကျောက်စိမ်းလုံးချောများနဲ့တခြားတန်ဘိုးကြီး ရတနာမြောက်များစွာဟာ လက်ရှိကာလတန်ဘိုး ဖြတ်မရနိုင်အောင် တန်ဘိုးကြီးပါတယ် ။ ဒါ့အပြင် ရွှေခေါင်းလောင်းပေါင်း ၁၀၆၅လုံး (ခန့်မှန်းခြေ ရွှေတန်ချိန်တစ်ဝက်) နဲ့ ထီးတော်ကလည်း ရွှေတန်ချိန် တစ်ဝက်ကျော်ရှိပါတယ် ။
စိန်ဖူးတော် ကတော့ (၇၂) ကာရက် ရှိတဲ့ တစ်လုံးထဲ ကမ္ဘာ့ ရှားပါး စိန်ကြီးဖြစ်ပါတယ်။ ဒါ တွေက စေတီပြင်ပမှာရှိတဲ့ အရေအတွက်တွေပါ …။ ရင်ပြင်ပတ်လည်က အရံစေတီတွေ ရုပ်ထုတော်တွေမုခ်လေး မုခ်က အဆောက်အဦး ဌာပနာတွေ စာရင်းမပါသေးပါဘူး။
စေတီအတွင်း ဌာပနာတိုက် လှိုဏ်ခေါင်း ထဲက အဖိုးမဖြတ်နိုင်တဲ့ ရွှေသားအတိပြီး ရုပ်တုတွေနဲ့ စေတီအောက်ခြေ ဂူထဲကရတနာတွေ၊ စေတီအောက်မှာ ပန္နရိုက် ဖောင်ဒေးရှင်း ခင်းထားတဲ့ ရွှေချောင်းတွေ မပါသေးပါဘူး …။ လောကသုံးပါးလုံး မှာ သစ္စာတရားကလွဲရင် တည်မြဲတဲ့ အရာ ဆိုတာ မရှိဘူးမဟုတ်လား။ ဖြစ်ချိန်တန်ရင် ဖြစ်မှာဖြစ်သလို ပျက်ချိန်တန်ရင်လည်း တားလို့ရမှာမှမဟုတ်ပါ။
ဒါပေမယ့် …. ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တစ်ချိန်တစ်ခါက …. မြန်မာ ရှေးဘိုးဘေးတွေ သဒ္ဓါတရားထက်သန်စွာတည်ထားခဲ့တဲ့ ဒဂုံဆံတော်ရှင်ကြီးမှာ ဒီလိုတန်ဘိုးမဖြတ်နိုင်တဲ့ ကမ္ဘာကတောင်သြချရတဲ့ ကမ္ဘာ့တစ်ခုထဲသော ရွှေချပ်တွေနဲ့တည်ထားတဲ့ အကြီးဆုံးစေတီတော်ကြီးရှိခဲ့ဘူးတာကို နောင်လာနောက်သား မြေးမြစ်တွေသိရအောင် မှတ်တမ်းထားခဲ့ကြတာပေါ့။ ချမ်းမြေ့ကြပါစေရှင် …
Leave a Reply