ေနာက္လိုက္ေကာင္းမ်ား ရွိေသာ ေခါင္းေဆာင္ေကာင္း

ေနာက္လိုက္ေကာင္းမ်ား ရွိေသာ ေခါင္းေဆာင္ေကာင္း
ေနာက္လိုက္ေကာင္းမ်ား ရွိေသာ ေခါင္းေဆာင္ေကာင္း

ေနာက္လိုက္ေကာင္းမ်ား ရွိေသာ ေခါင္းေဆာင္ေကာင္း

ေခါင္းေဆာင္မွန္လွ်င္ ေနာက္လိုက္ရွိရပါမည္။ ေနာက္လိုက္မ်ားမရွိလွ်င္ ေခါင္းေဆာင္ဟု မသတ္မွတ္ႏိုင္ပါ။ ေနာက္လိုက္ရွိျခင္းႏွင့္ ပတ္သက္၍ အယူအဆအလြဲေလးမ်ားကို ေတြ႕ရေလ့ရွိပါသည္။

“လက္ေအာက္ငယ္သားမ်ားရွိျခင္း”ႏွင့္ “ေနာက္လိုက္မ်ားရွိျခင္း”သည္ ကြဲျပားျခားနားသည္ဟု ကြၽန္ေတာ္ယူဆမိပါသည္။

ေနာက္လိုက္ (Followers) မ်ားသည္ ေခါင္းေဆာင္ေနာက္ မွ ထက္ထက္သန္သန္ လိုက္ပါလုပ္ေဆာင္လိုသည့္သူမ်ား ျဖစ္ၿပီးလက္ေအာက္ ငယ္သားမ်ားသည္ သူတို႔၏အႀကီးအကဲလက္ေအာက္ တြင္

အလုပ္တာဝန္ မ်ားကိုဝတၱရားအရၿပီးေျမာက္ေအာင္ေဆာင္႐ြက္ေနၾကသူမ်ားျဖစ္သည္ဟု ဆိုခ်င္ပါသည္။

“ေနာက္လိုက္”ႏွင့္”လက္ေအာက္ငယ္သား” တို႔ မတူညီၾကသလို “ေခါင္းေဆာင္”ႏွင့္”အႀကီးအကဲ” သည္လည္းမတူညီၾကပါ။ ကြဲျပားျခားနားပါသည္။

“ေနာက္လိုက္မ်ား” ရွိေသာသူသည္ “ေခါင္းေဆာင္”ျဖစ္၍ “လက္ေအာက္ငယ္သားမ်ား” ရွိသူသည္ “အႀကီးအကဲ” သာျဖစ္ပါလိမ့္မည္။

အဖြဲ႕အစည္းတစ္ခုတြင္ မိမိလက္ေအာက္ရွိ လူအမ်ားကို အလုပ္ တာဝန္မ်ားၿပီးေျမာက္ေရးအတြက္ ေစခိုင္းႏိုင္ေသာ၊ အမိန႔္ေပးႏိုင္ေသာ အာဏာပါဝါရရွိထား႐ုံမွ်ျဖင့္ ေခါင္းေဆာင္ဟုမသတ္မွတ္ ႏိုင္ေသးပါ။ ေခါင္း ေဆာင္တစ္ဦး မျဖစ္လာႏိုင္ေသးပါ။

ထိုသူသည္ သူ႔လုပ္ငန္း၊ သူ႔ဌာန၏ “အႀကီးအကဲ” သာ ျဖစ္ပါသည္။ ေခါင္းေဆာင္မႈသည္ “အာဏာပါဝါ”ႏွင့္ မ်ားစြာမသက္ဆိုင္ ပါ။ ေခါင္းေဆာင္မႈအစစ္အမွန္သည္ “ၾသဇာပါဝါ” ျဖင့္သာမ်ားစြာသက္ဆိုင္ပါသည္။

“အာဏာပါဝါ”ရွိၿပီး”ၾသဇာပါဝါ”မရွိလွ်င္

“အာဏာပါဝါ”ရွိၿပီး”ၾသဇာပါဝါ”မရွိလွ်င္ ေခါင္းေဆာင္အစစ္မျဖစ္ႏိုင္ပါ။ အႀကီးအကဲသာ ျဖစ္ႏိုင္ပါသည္။

အာဏာပါဝါသည္ ရာထူး၊ အဆင့္အတန္းႏွင့္ သက္ဆိုင္မႈရွိၿပီး ၾသဇာပါဝါရွိျခင္းသည္ အရည္အေသြး၊ အရည္အခ်င္းႏွင့္ စိတ္ႏွလုံးသား ျမင့္ျမတ္မႈေပၚတြင္ မ်ားစြာမူတည္ပါသည္။

ထို႔ေၾကာင့္ရာထူးအဆင့္အတန္း (Position) မရွိလွ်င္အာဏာပါဝါ (Power) လည္း မရွိေတာ့ေပ။ ေခါင္းေဆာင္မႈအရည္အေသြးရွိသူသည္ ရာထူးအဆင့္အတန္း မလိုပါ။ အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး ေခါင္းေဆာင္ ေကာင္းျဖစ္ႏိုင္သည္။

လက္ေအာက္ငယ္သားမ်ားကို အုပ္ခ်ဳပ္ျခင္းသည္ “အႀကီး အကဲ” မ်ား၏ ဦးေဆာင္မႈ (Leading) ျဖစ္သည္။

မိမိလက္ေအာက္ရွိ လူတစ္စုကို ဦးစီးဦးေဆာင္မႈ (Leading) လုပ္ေနသူတိုင္းအား ေခါင္းေဆာင္မႈ (Leadership) ေပးေနသူ ေခါင္းေဆာင္ (Leader) ဟုသတ္မွတ္၍ မရႏိုင္ေပ။

ေခါင္းေဆာင္မႈသည္သိမ္ေမြ႕နက္နဲလြန္းလွပါသည္။ လူအမ်ားကို ထက္ထက္သန္သန္ လိုက္ပါလုပ္ေဆာင္လိုစိတ္မ်ားျဖစ္ ေပၚလာေအာင္ ၾသဇာလႊမ္းမိုးႏိုင္စြမ္းရွိသည္။

လူအမ်ားကို စြမ္းအားေတြ ျဖစ္ေပၚ လာေအာင္လႈံ႕ေဆာ္ႏိုင္စြမ္းရွိသည္။ လူအမ်ားကိုပါဝါအင္အားႏွင့္ အုပ္မိုးျခင္း (Power over People) မဟုတ္ဘဲ လူအမ်ားႏွင့္ ပါဝါအင္အားစြမ္းအားထြက္ရွိရန္ အတူတကြစြမ္းေဆာင္ျခင္း (Power with People) ျဖစ္ပါသည္။

လက္ရွိတြင္ အႀကီးအကဲျဖစ္ေနေသာ သူတိုင္း သည္ ေခါင္းေဆာင္ ေကာင္းမ်ားျဖစ္လာေစရန္ အားထုတ္လုပ္ေဆာင္သင့္ပါ သည္။

ေခါင္းေဆာင္အရည္အခ်င္းရွိေသာအႀကီးအကဲသည္သူ႔လက္ေအာက္ရွိလူအမ်ားကိုေနာက္လိုက္မ်ားျဖစ္လာေစရန္အသြင္ေျပာင္း သည္။ လြမ္းမိုး ဆြဲေဆာင္ႏိုင္သည္။ ေပ်ာ္႐ႊင္တက္ႂကြမႈေတြ ျဖစ္ေပၚ လာေအာင္ လုပ္ေဆာင္ သည္။

အႀကီးအကဲ တစ္ဦးသည္ ေခါင္းေဆာင္ေကာင္းပီသလာပါ က လက္ေအာက္ငယ္သားမ်ား၏ ခ်စ္ခင္မႈမ်ားကို ရရွိလာႏိုင္သည္။ လက္ေအာက္ငယ္သားမ်ား၏ ၾကည္ညိဳေလးစားမႈမ်ား၊ ခ်စ္ခင္မႈမ်ား၊ ယုံၾကည္မႈမ်ားကို ေငြေၾကးျဖင့္ဝယ္ယူ၍မရႏိုင္ပါ။

အာဏာပါဝါျဖင့္ လည္း အတင္းအက်ပ္မရယူႏိုင္ပါ။ လက္နက္ျဖင့္လည္း ရႏိုင္ပါ။ ေခါင္းေဆာင္ ေကာင္းတို႔၏ ႏွလုံးသားျဖင့္သာ အရယူႏိုင္မည္ျဖစ္ပါ သည္။ ထိုအခါလက္ေအာက္ငယ္သားမ်ားသည္ေနာက္လိုက္ေကာင္း မ်ားျဖစ္လာၾကမည္မွာ မလြဲေပ။

အႏွစ္ခ်ဳပ္ေသာ္ ေခါင္းေဆာင္ေကာင္းမ်ား၏ ေနာက္တြင္ ေနာက္ လိုက္ေကာင္းမ်ား ရွိတတ္ၾကသည္။ ေနာက္လိုက္ေကာင္းမ်ား မရွိလွ်င္ မိမိ၏ေခါင္းေဆာင္မႈအရည္အေသြးလိုအပ္ခ်က္မ်ား ရွိေန၍ ျဖစ္သည္။

“တပည့္ မေကာင္း၊ ဆရာ့ေခါင္း” ဆိုသလို “ေနာက္လိုက္ မေကာင္း၊ ေခါင္းေဆာင္ေခါင္း”၊ “အဖြဲ႕အစည္းမေကာင္း၊ ေခါင္းေဆာင္ေခါင္း” သာျဖစ္လိမ့္မည္။

ထို႔ေၾကာင့္ “ေနာက္လိုက္ေကာင္း မ်ားရွိေသာ ေခါင္းေဆာင္ေကာင္းေတြ” ျဖစ္လာဖို႔အတြက္ ေခါင္းေဆာင္ မႈအရည္အေသြးေတြကို အၿမဲတေစ ျဖည့္ဆည္းေနဖို႔ အထူး လိုအပ္ပါသည္။

Credit မူရင္းေရးသူ …ဖူးေက်ာ္ဇင္ (Future Wave)

Unicode

နောက်လိုက်ကောင်းများ ရှိသော ခေါင်းဆောင်ကောင်း

ခေါင်းဆောင်မှန်လျှင် နောက်လိုက်ရှိရပါမည်။ နောက်လိုက်များမရှိလျှင် ခေါင်းဆောင်ဟု မသတ်မှတ်နိုင်ပါ။ နောက်လိုက်ရှိခြင်းနှင့် ပတ်သက်၍ အယူအဆအလွဲလေးများကို တွေ့ရလေ့ရှိပါသည်။

“လက်အောက်ငယ်သားများရှိခြင်း”နှင့် “နောက်လိုက်များရှိခြင်း”သည် ကွဲပြားခြားနားသည်ဟု ကျွန်တော်ယူဆမိပါသည်။

နောက်လိုက် (Followers) များသည် ခေါင်းဆောင်နောက် မှ ထက်ထက်သန်သန် လိုက်ပါလုပ်ဆောင်လိုသည့်သူများ ဖြစ်ပြီးလက်အောက် ငယ်သားများသည် သူတို့၏အကြီးအကဲလက်အောက် တွင်

အလုပ်တာဝန် များကိုဝတ္တရားအရပြီးမြောက်အောင်ဆောင်ရွက်နေကြသူများဖြစ်သည်ဟု ဆိုချင်ပါသည်။

“နောက်လိုက်”နှင့်”လက်အောက်ငယ်သား” တို့ မတူညီကြသလို “ခေါင်းဆောင်”နှင့်”အကြီးအကဲ” သည်လည်းမတူညီကြပါ။ ကွဲပြားခြားနားပါသည်။

“နောက်လိုက်များ” ရှိသောသူသည် “ခေါင်းဆောင်”ဖြစ်၍ “လက်အောက်ငယ်သားများ” ရှိသူသည် “အကြီးအကဲ” သာဖြစ်ပါလိမ့်မည်။

အဖွဲ့အစည်းတစ်ခုတွင် မိမိလက်အောက်ရှိ လူအများကို အလုပ် တာဝန်များပြီးမြောက်ရေးအတွက် စေခိုင်းနိုင်သော၊ အမိန့်ပေးနိုင်သော အာဏာပါဝါရရှိထားရုံမျှဖြင့် ခေါင်းဆောင်ဟုမသတ်မှတ် နိုင်သေးပါ။ ခေါင်း ဆောင်တစ်ဦး မဖြစ်လာနိုင်သေးပါ။

ထိုသူသည် သူ့လုပ်ငန်း၊ သူ့ဌာန၏ “အကြီးအကဲ” သာ ဖြစ်ပါသည်။ ခေါင်းဆောင်မှုသည် “အာဏာပါဝါ”နှင့် များစွာမသက်ဆိုင် ပါ။ ခေါင်းဆောင်မှုအစစ်အမှန်သည် “သြဇာပါဝါ” ဖြင့်သာများစွာသက်ဆိုင်ပါသည်။

“အာဏာပါဝါ”ရှိပြီး”သြဇာပါဝါ”မရှိလျှင်

“အာဏာပါဝါ”ရှိပြီး”သြဇာပါဝါ”မရှိလျှင် ခေါင်းဆောင်အစစ်မဖြစ်နိုင်ပါ။ အကြီးအကဲသာ ဖြစ်နိုင်ပါသည်။

အာဏာပါဝါသည် ရာထူး၊ အဆင့်အတန်းနှင့် သက်ဆိုင်မှုရှိပြီး သြဇာပါဝါရှိခြင်းသည် အရည်အသွေး၊ အရည်အချင်းနှင့် စိတ်နှလုံးသား မြင့်မြတ်မှုပေါ်တွင် များစွာမူတည်ပါသည်။

ထို့ကြောင့်ရာထူးအဆင့်အတန်း (Position) မရှိလျှင်အာဏာပါဝါ (Power) လည်း မရှိတော့ပေ။ ခေါင်းဆောင်မှုအရည်အသွေးရှိသူသည် ရာထူးအဆင့်အတန်း မလိုပါ။ အချိန်မရွေး၊ နေရာမရွေး ခေါင်းဆောင် ကောင်းဖြစ်နိုင်သည်။

လက်အောက်ငယ်သားများကို အုပ်ချုပ်ခြင်းသည် “အကြီး အကဲ” များ၏ ဦးဆောင်မှု (Leading) ဖြစ်သည်။

မိမိလက်အောက်ရှိ လူတစ်စုကို ဦးစီးဦးဆောင်မှု (Leading) လုပ်နေသူတိုင်းအား ခေါင်းဆောင်မှု (Leadership) ပေးနေသူ ခေါင်းဆောင် (Leader) ဟုသတ်မှတ်၍ မရနိုင်ပေ။

ခေါင်းဆောင်မှုသည်သိမ်မွေ့နက်နဲလွန်းလှပါသည်။ လူအများကို ထက်ထက်သန်သန် လိုက်ပါလုပ်ဆောင်လိုစိတ်များဖြစ် ပေါ်လာအောင် သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။

လူအများကို စွမ်းအားတွေ ဖြစ်ပေါ် လာအောင်လှုံ့ဆော်နိုင်စွမ်းရှိသည်။ လူအများကိုပါဝါအင်အားနှင့် အုပ်မိုးခြင်း (Power over People) မဟုတ်ဘဲ လူအများနှင့် ပါဝါအင်အားစွမ်းအားထွက်ရှိရန် အတူတကွစွမ်းဆောင်ခြင်း (Power with People) ဖြစ်ပါသည်။

လက်ရှိတွင် အကြီးအကဲဖြစ်နေသော သူတိုင်း သည် ခေါင်းဆောင် ကောင်းများဖြစ်လာစေရန် အားထုတ်လုပ်ဆောင်သင့်ပါ သည်။

ခေါင်းဆောင်အရည်အချင်းရှိသောအကြီးအကဲသည်သူ့လက်အောက်ရှိလူအများကိုနောက်လိုက်များဖြစ်လာစေရန်အသွင်ပြောင်း သည်။ လွမ်းမိုး ဆွဲဆောင်နိုင်သည်။ ပျော်ရွှင်တက်ကြွမှုတွေ ဖြစ်ပေါ် လာအောင် လုပ်ဆောင် သည်။

အကြီးအကဲ တစ်ဦးသည် ခေါင်းဆောင်ကောင်းပီသလာပါ က လက်အောက်ငယ်သားများ၏ ချစ်ခင်မှုများကို ရရှိလာနိုင်သည်။ လက်အောက်ငယ်သားများ၏ ကြည်ညိုလေးစားမှုများ၊ ချစ်ခင်မှုများ၊ ယုံကြည်မှုများကို ငွေကြေးဖြင့်ဝယ်ယူ၍မရနိုင်ပါ။

အာဏာပါဝါဖြင့် လည်း အတင်းအကျပ်မရယူနိုင်ပါ။ လက်နက်ဖြင့်လည်း ရနိုင်ပါ။ ခေါင်းဆောင် ကောင်းတို့၏ နှလုံးသားဖြင့်သာ အရယူနိုင်မည်ဖြစ်ပါ သည်။ ထိုအခါလက်အောက်ငယ်သားများသည်နောက်လိုက်ကောင်း များဖြစ်လာကြမည်မှာ မလွဲပေ။

အနှစ်ချုပ်သော် ခေါင်းဆောင်ကောင်းများ၏ နောက်တွင် နောက် လိုက်ကောင်းများ ရှိတတ်ကြသည်။ နောက်လိုက်ကောင်းများ မရှိလျှင် မိမိ၏ခေါင်းဆောင်မှုအရည်အသွေးလိုအပ်ချက်များ ရှိနေ၍ ဖြစ်သည်။

“တပည့် မကောင်း၊ ဆရာ့ခေါင်း” ဆိုသလို “နောက်လိုက် မကောင်း၊ ခေါင်းဆောင်ခေါင်း”၊ “အဖွဲ့အစည်းမကောင်း၊ ခေါင်းဆောင်ခေါင်း” သာဖြစ်လိမ့်မည်။

ထို့ကြောင့် “နောက်လိုက်ကောင်း များရှိသော ခေါင်းဆောင်ကောင်းတွေ” ဖြစ်လာဖို့အတွက် ခေါင်းဆောင် မှုအရည်အသွေးတွေကို အမြဲတစေ ဖြည့်ဆည်းနေဖို့ အထူး လိုအပ်ပါသည်။

Credit မူရင်းရေးသူ …ဖူးကျော်ဇင် (Future Wave)

Be the first to comment

Leave a Reply

Your email address will not be published.


*