အိမ္ေထာင္ေရး ေဖာက္ျပန္ျခင္းကို ျဖစ္ေပၚေစေသာ အေၾကာင္းအရင္းမ်ား

အိမ္ေထာင္ေရး ေဖာက္ျပန္ျခင္း
အိမ္ေထာင္ေရး ေဖာက္ျပန္ျခင္း

အိမ္ေထာင္ေရး ေဖာက္ျပန္ျခင္းကို ျဖစ္ေပၚေစေသာ အေၾကာင္းအရင္းမ်ား

ေဖာက္ျပန္ျခင္း ဆိုတာ လူ႔အသိုင္းအဝိုင္းရဲ႕အိမ္ေထာင္ေရးေလာကမွာ မည္သည့္နည္းနဲ႔မွလက္ခံေပးလို႔ မရေသာ စည္းေဖာက္မႈ တစ္ခုပါ။

ေဖာက္ျပန္ျခင္းကို ျဖစ္ေပၚေစေသာ အေၾကာင္းအရင္းမ်ားမွာ

(၁)အ႐ြယ္ကြာလြန္းေသာ အိမ္ေထာင္ေရး

(၂)လင္နဲ႔မယား ဘဝေပးအေျခအေနအရ ခြဲခြာေနရျခင္း

(၃)ေယာက်္ားမ်ား စီးပြားေရး အဆင္ေျပလာျခင္း

(၄)မိန္းမမ်ား ဆင္းရဲလာၿပီး မိမိဘဝကို လက္မခံႏိူင္ျခင္း

(၅)ေမတၱာမပါေသာ အိမ္ ေထာင္ေရး

(၆)အိမ္ေထာင္ေရးသုခ မရရွိျခင္း

(၇)သားသမီး မထြန္းကားျခင္း

(၈)မ်ိဳး႐ိုးဗီဇအရ ရမၼက္ႀကီးလြန္းျခင္း

(၉)အရက္ႏွင့္ မူးယစ္ေသစာ ေသာက္စားျခင္း

(၁၀)အေပ်ာ္အပါးမက္ေမာျခင္း စသည္တို႔ေၾကာင့္ျဖစ္ေသာ္လည္း ေဖာက္ျပန္ျခင္း၏ အဓိကတရားခံမွာ စိတ္အလိုလိုက္ျခင္းေၾကာင့္ ျဖစ္ပါတယ္။

လူသားတိုင္းသည္ အသစ္အဆန္းကို ႀကိဳက္ႏွစ္သက္ၿပီး လက္တည့္စမ္းၾကည့္ခ်င္တဲ့ သဘာဝရွိပါတယ္။ အ႐ြယ္ရွိေနေသာလူသားတိုင္းတြင္ ေသြးသားအလို ဆႏၵရွိေသာ္လည္း ဆႏၵကိုသိကၡာႏွင့္ အေတြးအေခၚက ထိမ္းကြပ္ေပးပါတယ္။

ေယာက်္ားေလးမ်ား၏ သဘာဝသည္ လွတာျမင္ရင္ ေငးတတ္ၾကသလို မိန္းကေလးသဘာဝသည္ အယုံလြယ္ျခင္းႏွင့္ သနားတတ္ျခင္းတို႔ေၾကာင့္ လွတာမက္ေတာ့ဘဝပ်က္ၾကရသလို သနားတတ္ၿပီး အားနာတတ္ေသာေၾကာင့္ ခါးပါတတ္ပါတယ္။

တစ္ခ်ိဳ႕ေသာေဖာက္ျပန္ေရးမ်ားတြင္ လင္နဲ႔မယား အဆင္မေျပမႈတစ္ခ်ိဳ႕ေၾကာင့္ အ႐ြဲ႕တိုက္ရင္းနဲ႔ ဘဝေတြပါ ႐ြဲ႕ေစာင္းကုန္ၾကပါတယ္။ ေဖာက္ျပန္ျခင္းတြင္ အဓိကထိခိုက္ေၾကကြဲရသူမွာ လူႀကီးေတြမဟုတ္ဘဲ အျပစ္မဲ့ေသာ သားသမီးမ်ား ျဖစ္ေနတတ္ပါတယ္။

အျပစ္မဲ့ေသာကေလးမ်ား ေျမစာပင္ျဖစ္ခဲ့ၾကရသလို ေဖာက္ျပန္ေနသူလည္း လူ႔အသိုင္းအဝိုင္းၾကားမွာ ႏွာေခါင္းရႈံ႕ခံၾကရပါတယ္။

ေဖာက္ျပန္ျခင္းကို အစျပဳေသာ တရားခံအမ်ားစုသည္ စႏိုက္ေက်ာ္မိန္းမမ်ားေၾကာင့္ ျဖစ္သလို ၾကာကူလီေယာက်္ားတစ္ခ်ိဳ႕ေၾကာင့္ မခူးခင္က အၫႊတ္ခံခ်င္သူမ်ားက အသိုက္အၿမဳံ ဆိုေသာမိ သားစုကမာၻေလးကို ခဏတာ သာယာမႈနဲ႔ လဲလွယ္ခဲ့ၾကပါတယ္။

သတိတစ္ခ်က္ လြတ္ၿပီး စိတ္အလိုလိုက္မႈ တစ္ခဏတာေၾကာင့္ တစ္သက္လုံး ထိမ္းသိမ္းလာေသာ ဂုဏ္သိကၡာသည္ မည္းညစ္ခဲ့ရသလို သားသမီးမ်ား၏ အနာဂတ္ကို အရိပ္မည္းႀကီးလိုက္ထိုးေနတာကို သိသြားတဲ့ အခ်ိန္မွာေတာ့ အခ်ိန္ လြန္မွ ရတဲ့ ေနာင္တတစ္ေပြ႕ တစ္ပိုက္ႀကီးနဲ႔ ကိုယ့္ကိုယ္ကိုယ္ေ ဒါသထြက္ေန႐ုံကလြဲပီး ျပင္လို႔မရေသာအမွားေၾကာင့္ ေခါင္းငုံ႔ခံေန႐ုံအျပင္ အျခားမရွိေတာ့ဘူးလို႔ထင္ပါတယ္။

ခ်စ္လို႔ပဲယူယူ ၊ သင့္ေတာ္လို႔ပဲယူယူ ကိုယ့္ရဲ႕လက္တြဲေဖာ္ကို အတတ္ႏိူင္ဆုံး သည္းခံေပါင္းသင္းသင့္ပါတယ္။ သည္းမခံႏိူင္ရင္ ေဖာက္ျပန္ျခင္းဆိုတဲ့ ထြက္ေပါက္ကိုေ႐ြးခ်ယ္မည့္အစားတရားဝင္ လမ္းခြဲလိုက္တာက ကိုယ့္ရဲ႕သမိုင္းေၾကာင္း လွပကာ တစ္သက္တာလိပ္ျပာ သန႔္ၿပီးစိတ္ခ်မ္းသာေစမယ္လို႔ ယူဆပါတယ္။

ေလးစားစြာျဖင့္
Credit – ဇင္းနစ္ မေကြး

Unicode

အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ

ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့အိမ်ထောင်ရေးလောကမှာ မည်သည့်နည်းနဲ့မှလက်ခံပေးလို့ မရသော စည်းဖောက်မှု တစ်ခုပါ။

ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ

(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး

(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း

(၃)ယောကျ်ားများ စီးပွားရေး အဆင်ပြေလာခြင်း

(၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိူင်ခြင်း

(၅)မေတ္တာမပါသော အိမ် ထောင်ရေး

(၆)အိမ်ထောင်ရေးသုခ မရရှိခြင်း

(၇)သားသမီး မထွန်းကားခြင်း

(၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း

(၉)အရက်နှင့် မူးယစ်သေစာ သောက်စားခြင်း

(၁၀)အပျော်အပါးမက်မောခြင်း စသည်တို့ကြောင့်ဖြစ်သော်လည်း ဖောက်ပြန်ခြင်း၏ အဓိကတရားခံမှာ စိတ်အလိုလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။

လူသားတိုင်းသည် အသစ်အဆန်းကို ကြိုက်နှစ်သက်ပြီး လက်တည့်စမ်းကြည့်ချင်တဲ့ သဘာဝရှိပါတယ်။ အရွယ်ရှိနေသောလူသားတိုင်းတွင် သွေးသားအလို ဆန္ဒရှိသော်လည်း ဆန္ဒကိုသိက္ခာနှင့် အတွေးအခေါ်က ထိမ်းကွပ်ပေးပါတယ်။

ယောကျ်ားလေးများ၏ သဘာဝသည် လှတာမြင်ရင် ငေးတတ်ကြသလို မိန်းကလေးသဘာဝသည် အယုံလွယ်ခြင်းနှင့် သနားတတ်ခြင်းတို့ကြောင့် လှတာမက်တော့ဘဝပျက်ကြရသလို သနားတတ်ပြီး အားနာတတ်သောကြောင့် ခါးပါတတ်ပါတယ်။

တစ်ချို့သောဖောက်ပြန်ရေးများတွင် လင်နဲ့မယား အဆင်မပြေမှုတစ်ချို့ကြောင့် အရွဲ့တိုက်ရင်းနဲ့ ဘဝတွေပါ ရွဲ့စောင်းကုန်ကြပါတယ်။ ဖောက်ပြန်ခြင်းတွင် အဓိကထိခိုက်ကြေကွဲရသူမှာ လူကြီးတွေမဟုတ်ဘဲ အပြစ်မဲ့သော သားသမီးများ ဖြစ်နေတတ်ပါတယ်။

အပြစ်မဲ့သောကလေးများ မြေစာပင်ဖြစ်ခဲ့ကြရသလို ဖောက်ပြန်နေသူလည်း လူ့အသိုင်းအဝိုင်းကြားမှာ နှာခေါင်းရှုံ့ခံကြရပါတယ်။

ဖောက်ပြန်ခြင်းကို အစပြုသော တရားခံအများစုသည် စနိုက်ကျော်မိန်းမများကြောင့် ဖြစ်သလို ကြာကူလီယောကျ်ားတစ်ချို့ကြောင့် မခူးခင်က အညွှတ်ခံချင်သူများက အသိုက်အမြုံ ဆိုသောမိ သားစုကမ္ဘာလေးကို ခဏတာ သာယာမှုနဲ့ လဲလှယ်ခဲ့ကြပါတယ်။

သတိတစ်ချက် လွတ်ပြီး စိတ်အလိုလိုက်မှု တစ်ခဏတာကြောင့် တစ်သက်လုံး ထိမ်းသိမ်းလာသော ဂုဏ်သိက္ခာသည် မည်းညစ်ခဲ့ရသလို သားသမီးများ၏ အနာဂတ်ကို အရိပ်မည်းကြီးလိုက်ထိုးနေတာကို သိသွားတဲ့ အချိန်မှာတော့ အချိန် လွန်မှ ရတဲ့ နောင်တတစ်ပွေ့ တစ်ပိုက်ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ်ေ ဒါသထွက်နေရုံကလွဲပီး ပြင်လို့မရသောအမှားကြောင့် ခေါင်းငုံ့ခံနေရုံအပြင် အခြားမရှိတော့ဘူးလို့ထင်ပါတယ်။

ချစ်လို့ပဲယူယူ ၊ သင့်တော်လို့ပဲယူယူ ကိုယ့်ရဲ့လက်တွဲဖော်ကို အတတ်နိူင်ဆုံး သည်းခံပေါင်းသင်းသင့်ပါတယ်။ သည်းမခံနိူင်ရင် ဖောက်ပြန်ခြင်းဆိုတဲ့ ထွက်ပေါက်ကိုရွေးချယ်မည့်အစားတရားဝင် လမ်းခွဲလိုက်တာက ကိုယ့်ရဲ့သမိုင်းကြောင်း လှပကာ တစ်သက်တာလိပ်ပြာ သန့်ပြီးစိတ်ချမ်းသာစေမယ်လို့ ယူဆပါတယ်။

လေးစားစွာဖြင့်
Credit – ဇင်းနစ် မကွေး

Be the first to comment

Leave a Reply

Your email address will not be published.


*