ဆားဝက္ၿခံေတြကိုအၿပီးသတ္ဖယ္ရွားၿပီး အသားအေရကိုၾကည္လင္တင္းရင္းေစမယ့္နည္း(၅)မ်ိဳး

ဆားဝက္ၿခံေတြကိုအၿပီးသတ္ဖယ္ရွားၿပီး အသားအေရကိုၾကည္လင္တင္းရင္းေစမယ့္နည္း(၅)မ်ိဳး
ဆားဝက္ၿခံေတြကိုအၿပီးသတ္ဖယ္ရွားၿပီး အသားအေရကိုၾကည္လင္တင္းရင္းေစမယ့္နည္း(၅)မ်ိဳး

ဆားဝက္ၿခံေတြကိုအၿပီးသတ္ဖယ္ရွားၿပီး အသားအေရကိုၾကည္လင္တင္းရင္းေစမယ့္နည္း(၅)မ်ိဳး

ကံေကာင္းလြန္းတဲ့ တခ်ိဳ႕မိန္းကေလးေတြက အျပစ္အနာအဆာမရွိတဲ့ ျပစ္မ်ိဳးမွဲ႔မထင္အသားအေရမ်ိဳးကိုပိုင္ဆိုင္ထားၾကတယ္ဆိုေပမယ့္ အမ်ားစုကေတာ့ အသားအေရျပႆနာေလးေတြ အနည္းနဲ႔အမ်ားေတာ့ ရွိတတ္ၾကပါတယ္။

အသားအေရနဲ႔ပတ္သက္လို႔ အျဖစ္မ်ားတဲ့အထဲမွာ ေခြၽးေပါက္ပိတ္တာနဲ႔ ဆားဝက္ၿခံေတြပါပဲ။ ဆားဝက္ၿခံေတြျဖစ္လာရင္ သဘာဝအတိုင္းလည္းၾကည့္လို႔မလွသလို မိတ္ကပ္လိမ္းရင္လည္း ၾကာရွည္မခံဘဲ မိတ္ကပ္ကြက္တာေတြျဖစ္လာတာေၾကာင့္ စိတ္ညစ္စရာႀကီးပါ။

ဒီေတာ့ ပ်ိဳေမတို႔ကိုစိတ္အေႏွာက္အယွက္ေပးေနတဲ့ မ်က္ႏွာေပၚက ဆားဝက္ၿခံေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားၿပီး ထပ္မျဖစ္လာေအာင္ ကာကြယ္ထားႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေရေႏြးေငြ႕

ဇလုံအႀကီးတစ္လုံးထဲကိုေရေႏြးပူပူတစ္ဝက္ေလာက္ထည့္ပါ။ အဲ့ဒီထဲကို ခ်ာမိုမိုင္းလက္ဖက္ေျခာက္ ဒါမွမဟုတ္ စံပယ္လက္ဖက္ေျခာက္ အနည္းငယ္၊ လာဗင္ဒါပန္းအဆီအနည္းငယ္ထည့္ၿပီး မ်က္ႏွာကို အဲဒီဇလုံအေပၚနားေလးမွာကပ္ၿပီး အေႏြးခံေပးပါ။

အဲ့ဒီအခါ ေခြၽးေပါက္ေတြပြင့္လာၿပီး ဆားဝက္ၿခံေတြ ေပ်ာ့ေပ်ာင္းသြားတာေၾကာင့္ တစ္သွ်ဴးေလးနဲ႔ ဖြဖြေလးဖိၿပီးညႇစ္ထုတ္လိုက္ရင္ ဆားဝက္ၿခံေတြထြက္လာပါလိမ့္မယ္။ တစ္ႀကိမ္နဲ႔မကုန္ရင္ ေနာက္တစ္ႀကိမ္ထပ္လုပ္ေပးပါ။

ၿပီးရင္ ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ၿပီး toner, essence စတာေတြလိမ္းေပးပါ။ ဒီနည္းကို ႏွစ္ပတ္တစ္ႀကိမ္ေလာက္လုပ္ေပးသြားမယ္ဆိုရင္ မ်က္ႏွာေလးက ဆားဝက္ၿခံလုံးဝကင္းစင္ၿပီး ၾကည္လင္သန႔္စင္ေနပါလိမ့္မယ္။

(၂) သၾကား၊ သံပ႐ိုရည္

သၾကား(၂)ဇြန္း၊ ဟင္းသီးဟင္း႐ြက္ဆီ (၁)ဇြန္း၊ သံပ႐ိုရည္(၁) ဇြန္းတို႔ကိုေရာၿပီး အႏွစ္ျဖစ္ေအာင္ေမႊပါ။ ရလာတဲ့အႏွစ္ကို ဆားဝက္ၿခံရွိတဲ့ေနရာေတြမွာ ထူထူေလးလိမ္းေပးၿပီး မိနစ္ႏွစ္ဆယ္ေလာက္ၾကာရင္ ေရေႏြးစိမ္ထားတဲ့တဘက္ေလးနဲ႔ သုတ္ေပးလိုက္ပါ။

ၿပီးရင္ ဆားဝက္ၿခံေတြကို တစ္သွ်ဴးေလးနဲ႔ ဖြဖြေလးညႇစ္ေပးလိုက္ၿပီး ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးၿပီး toner, essence ေလးေတြ လိမ္းေပးလိုက္ပါ။ တစ္ပတ္တစ္ခါေလာက္လုပ္ေပးမယ္ဆိုရင္ ဆားဝက္ၿခံေတြ တျဖည္းျဖည္းေပ်ာက္ကင္းလာၿပီး အသားအေရ တင္းရင္းၾကည္လင္လာပါလိမ့္မယ္။

(၃) အုတ္ဂ်ဳံ

အုတ္ဂ်ဳံအနည္းငယ္၊ ပ်ားရည္တစ္ဇြန္း နဲ႔ ပန္းသီးရွာလကာရည္ အနည္းငယ္တို႔ကိုေရာၿပီး ဆားဝက္ၿခံရွိတဲ့ေနရာေတြမွာ ထူထူေလးလိမ္းေပးၿပီး မိနစ္ႏွစ္ဆယ္ေလာက္ထားလိုက္ပါ။

ၿပီးရင္ လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ၂ မိနစ္ေလာက္ဖြဖြေလးပြတ္တိုက္ေပးၿပီး ေရေႏြးစိမ္ထားတဲ့တဘက္ေလးနဲ႔ သုတ္ေပးလိုက္ပါ။ တစ္သွ်ဴးေလးနဲ႔ ဆားဝက္ၿခံေတြထြက္သြားေအာင္ညႇစ္ထုတ္လိုက္ၿပီး ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ၿပီး toner နဲ႔ essence ေလးလိမ္းေပးလိုက္ပါ။

ဒီနည္းလမ္းကိုလည္း တစ္ပတ္တစ္ခါေလာက္လုပ္ေပးမယ္ဆိုရင္ ေခြၽးေပါက္ထဲကအညစ္အေၾကးေတြ သန႔္စင္သြားၿပီး ဆားဝက္ၿခံမျဖစ္ေတာ့ေအာင္ တားဆီးႏိုင္ပါတယ္။

(၄) ဆား

မိတ္ကပ္ဖ်က္ေဆးအဆီထဲကို ေကာ္ဖီမႈန႔္တစ္ဇြန္း၊ ဆားအနည္းငယ္ထည့္လိုက္ၿပီး ဆားဝက္ၿခံရွိတဲ့ေနရာေတြကို ဖြဖြေလးပြတ္တိုက္ႏွိပ္နယ္ေပးပါ။မိနစ္အနည္းငယ္ၾကာတဲ့အခါ ဆားဝက္ၿခံေတြ ေပ်ာ္က်သြားၿပီး ေခြၽးေပါက္ထဲမွာသန႔္စင္သြားပါလိမ့္မယ္။

ၿပီးရင္ ေရေႏြးေႏြးနဲ႔ မ်က္ႏွာသစ္ေပးၿပီး တိုနာေလးလိမ္းေပးပါ။ တစ္ပတ္တစ္ခါေလာက္လုပ္ေပးမယ္ဆို ဆားဝက္ၿခံေတြေနာက္ထပ္ျဖစ္မလာေတာ့ေအာင္ တားဆီးႏိုင္ပါတယ္။

(၅) ေရခဲ

အေပၚကနည္းလမ္းေလးေတြနဲ႔ဆားဝက္ၿခံေတြဖယ္ရွားၿပီးတဲ့အခါတိုင္းမွာ ေခြၽးေပါက္ေတြျပန္ပိတ္သြားေအာင္ တိုနာလိမ္းေပးၿပီး essence တစ္မ်ိဳးမ်ိဳးလိမ္းၿပီးရင္ ေရခဲတုံးေလးေတြကို အဝတ္သန႔္သန႔္ေလးထဲထုပ္ၿပီး ေခြၽးေပါက္က်ယ္ေနတဲ့ေနရာေတြကို လိုက္ဖိေပးလိုက္မယ္ဆိုရင္ ေခြၽးေပါက္ေတြျပန္က်ဥ္းသြားပါလိမ့္မယ္။

ဆားဝက္ၿခံထပ္မျဖစ္ေအာင္ ဒါေတြကိုေရွာင္ပါ

Mineral oils က ေခြၽးေပါက္ေတြကိုပိတ္ေစၿပီး ဆားဝက္ၿခံေတြျဖစ္ေစႏိုင္တာေၾကာင့္ Mineral oils ပါဝင္တဲ့ အလွကုန္ေတြကို မသုံးပါနဲ႔။အဆီကိုအေျခခံထုတ္ထားတဲ့ အလွကုန္နဲ႔မိတ္ကပ္ေတြကို တတ္ႏိုင္သေလာက္ေရွာင္ပါ။

ညအိပ္ရာဝင္ခါနီးတိုင္းမွာ မိတ္ကပ္ဖ်က္ေပးဖို႔၊ မ်က္ႏွာကို ေသခ်ာသန႔္စင္ေပးဖို႔ လိုပါတယ္။မ်က္ႏွာအဆီျပန္တဲ့သူေတြက ဆားဝက္ၿခံျဖစ္ႏိုင္ေခ်ပိုမ်ားတာေၾကာင့္ မ်က္ႏွာကိုေရဓာတ္အလုံအေလာက္ရေအာင္ျဖည့္ေပးပါ။ အစိုဓာတ္ျဖည့္ခရင္မ္လိမ္းေပးၿပီး ေရမ်ားမ်ားေသာက္ေပးပါ။

Credit

Unicode

ဆားဝက်ခြံတွေကိုအပြီးသတ်ဖယ်ရှားပြီး အသားအရေကိုကြည်လင်တင်းရင်းစေမယ့်နည်း(၅)မျိုး

ကံကောင်းလွန်းတဲ့ တချို့မိန်းကလေးတွေက အပြစ်အနာအဆာမရှိတဲ့ ပြစ်မျိုးမှဲ့မထင်အသားအရေမျိုးကိုပိုင်ဆိုင်ထားကြတယ်ဆိုပေမယ့် အများစုကတော့ အသားအရေပြဿနာလေးတွေ အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။

အသားအရေနဲ့ပတ်သက်လို့ အဖြစ်များတဲ့အထဲမှာ ချွေးပေါက်ပိတ်တာနဲ့ ဆားဝက်ခြံတွေပါပဲ။ ဆားဝက်ခြံတွေဖြစ်လာရင် သဘာဝအတိုင်းလည်းကြည့်လို့မလှသလို မိတ်ကပ်လိမ်းရင်လည်း ကြာရှည်မခံဘဲ မိတ်ကပ်ကွက်တာတွေဖြစ်လာတာကြောင့် စိတ်ညစ်စရာကြီးပါ။

ဒီတော့ ပျိုမေတို့ကိုစိတ်အနှောက်အယှက်ပေးနေတဲ့ မျက်နှာပေါ်က ဆားဝက်ခြံတွေကို ထိထိရောက်ရောက် ဖယ်ရှားပြီး ထပ်မဖြစ်လာအောင် ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေနွေးငွေ့

ဇလုံအကြီးတစ်လုံးထဲကိုရေနွေးပူပူတစ်ဝက်လောက်ထည့်ပါ။ အဲ့ဒီထဲကို ချာမိုမိုင်းလက်ဖက်ခြောက် ဒါမှမဟုတ် စံပယ်လက်ဖက်ခြောက် အနည်းငယ်၊ လာဗင်ဒါပန်းအဆီအနည်းငယ်ထည့်ပြီး မျက်နှာကို အဲဒီဇလုံအပေါ်နားလေးမှာကပ်ပြီး အနွေးခံပေးပါ။

အဲ့ဒီအခါ ချွေးပေါက်တွေပွင့်လာပြီး ဆားဝက်ခြံတွေ ပျော့ပျောင်းသွားတာကြောင့် တစ်သျှူးလေးနဲ့ ဖွဖွလေးဖိပြီးညှစ်ထုတ်လိုက်ရင် ဆားဝက်ခြံတွေထွက်လာပါလိမ့်မယ်။ တစ်ကြိမ်နဲ့မကုန်ရင် နောက်တစ်ကြိမ်ထပ်လုပ်ပေးပါ။

ပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပြီး toner, essence စတာတွေလိမ်းပေးပါ။ ဒီနည်းကို နှစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးသွားမယ်ဆိုရင် မျက်နှာလေးက ဆားဝက်ခြံလုံးဝကင်းစင်ပြီး ကြည်လင်သန့်စင်နေပါလိမ့်မယ်။

(၂) သကြား၊ သံပရိုရည်

သကြား(၂)ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (၁)ဇွန်း၊ သံပရိုရည်(၁) ဇွန်းတို့ကိုရောပြီး အနှစ်ဖြစ်အောင်မွှေပါ။ ရလာတဲ့အနှစ်ကို ဆားဝက်ခြံရှိတဲ့နေရာတွေမှာ ထူထူလေးလိမ်းပေးပြီး မိနစ်နှစ်ဆယ်လောက်ကြာရင် ရေနွေးစိမ်ထားတဲ့တဘက်လေးနဲ့ သုတ်ပေးလိုက်ပါ။

ပြီးရင် ဆားဝက်ခြံတွေကို တစ်သျှူးလေးနဲ့ ဖွဖွလေးညှစ်ပေးလိုက်ပြီး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပြီး toner, essence လေးတွေ လိမ်းပေးလိုက်ပါ။ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆိုရင် ဆားဝက်ခြံတွေ တဖြည်းဖြည်းပျောက်ကင်းလာပြီး အသားအရေ တင်းရင်းကြည်လင်လာပါလိမ့်မယ်။

(၃) အုတ်ဂျုံ

အုတ်ဂျုံအနည်းငယ်၊ ပျားရည်တစ်ဇွန်း နဲ့ ပန်းသီးရှာလကာရည် အနည်းငယ်တို့ကိုရောပြီး ဆားဝက်ခြံရှိတဲ့နေရာတွေမှာ ထူထူလေးလိမ်းပေးပြီး မိနစ်နှစ်ဆယ်လောက်ထားလိုက်ပါ။

ပြီးရင် လက်ချောင်းထိပ်လေးတွေနဲ့ ၂ မိနစ်လောက်ဖွဖွလေးပွတ်တိုက်ပေးပြီး ရေနွေးစိမ်ထားတဲ့တဘက်လေးနဲ့ သုတ်ပေးလိုက်ပါ။ တစ်သျှူးလေးနဲ့ ဆားဝက်ခြံတွေထွက်သွားအောင်ညှစ်ထုတ်လိုက်ပြီး ရေနွေးလေးနဲ့မျက်နှာသစ်ပြီး toner နဲ့ essence လေးလိမ်းပေးလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆိုရင် ချွေးပေါက်ထဲကအညစ်အကြေးတွေ သန့်စင်သွားပြီး ဆားဝက်ခြံမဖြစ်တော့အောင် တားဆီးနိုင်ပါတယ်။

(၄) ဆား

မိတ်ကပ်ဖျက်ဆေးအဆီထဲကို ကော်ဖီမှုန့်တစ်ဇွန်း၊ ဆားအနည်းငယ်ထည့်လိုက်ပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကို ဖွဖွလေးပွတ်တိုက်နှိပ်နယ်ပေးပါ။မိနစ်အနည်းငယ်ကြာတဲ့အခါ ဆားဝက်ခြံတွေ ပျော်ကျသွားပြီး ချွေးပေါက်ထဲမှာသန့်စင်သွားပါလိမ့်မယ်။

ပြီးရင် ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပြီး တိုနာလေးလိမ်းပေးပါ။ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆို ဆားဝက်ခြံတွေနောက်ထပ်ဖြစ်မလာတော့အောင် တားဆီးနိုင်ပါတယ်။

(၅) ရေခဲ

အပေါ်ကနည်းလမ်းလေးတွေနဲ့ဆားဝက်ခြံတွေဖယ်ရှားပြီးတဲ့အခါတိုင်းမှာ ချွေးပေါက်တွေပြန်ပိတ်သွားအောင် တိုနာလိမ်းပေးပြီး essence တစ်မျိုးမျိုးလိမ်းပြီးရင် ရေခဲတုံးလေးတွေကို အဝတ်သန့်သန့်လေးထဲထုပ်ပြီး ချွေးပေါက်ကျယ်နေတဲ့နေရာတွေကို လိုက်ဖိပေးလိုက်မယ်ဆိုရင် ချွေးပေါက်တွေပြန်ကျဉ်းသွားပါလိမ့်မယ်။

ဆားဝက်ခြံထပ်မဖြစ်အောင် ဒါတွေကိုရှောင်ပါ

Mineral oils က ချွေးပေါက်တွေကိုပိတ်စေပြီး ဆားဝက်ခြံတွေဖြစ်စေနိုင်တာကြောင့် Mineral oils ပါဝင်တဲ့ အလှကုန်တွေကို မသုံးပါနဲ့။အဆီကိုအခြေခံထုတ်ထားတဲ့ အလှကုန်နဲ့မိတ်ကပ်တွေကို တတ်နိုင်သလောက်ရှောင်ပါ။

ညအိပ်ရာဝင်ခါနီးတိုင်းမှာ မိတ်ကပ်ဖျက်ပေးဖို့၊ မျက်နှာကို သေချာသန့်စင်ပေးဖို့ လိုပါတယ်။မျက်နှာအဆီပြန်တဲ့သူတွေက ဆားဝက်ခြံဖြစ်နိုင်ချေပိုများတာကြောင့် မျက်နှာကိုရေဓာတ်အလုံအလောက်ရအောင်ဖြည့်ပေးပါ။ အစိုဓာတ်ဖြည့်ခရင်မ်လိမ်းပေးပြီး ရေများများသောက်ပေးပါ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*