သင့္ခင္ပြန္းေလာင္းကို ေရြးခ်ယ္ျခင္းက သင့္အနာဂါတ္ကို ေရြးခ်ယ္တာနဲ႔ အတူတူပါပဲ

သင့္ခင္ပြန္းေလာင္းကို ေရြးခ်ယ္ျခင္းက
သင့္ခင္ပြန္းေလာင္းကို ေရြးခ်ယ္ျခင္းက

သင့္ခင္ပြန္းေလာင္းကို ေရြးခ်ယ္ျခင္းက သင့္အနာဂါတ္ကို ေရြးခ်ယ္တာနဲ႔ အတူတူပါပဲ

ခင္ပြန္းသည္က အရက္မေသာက္၊ အလုပ္ေကာင္းေကာင္းလုပ္ပါတယ္။ ရွာသမ်ွ ပိုက္ဆံေတြကိုစုထားပါတယ္။ ဇနီးသည္ကို မေပးခ်င္ဘူး။ အပိုေငြ မကုန္ေအာင္လို႔ထင္ပါတယ္။ လူဆိုေတာ့လည္း က်န္တဲ့ေနရာမွာ ေခြၽတာလို႔ရခ်င္ရမယ္။ မစားလို႔ေတာ့မရဘူးေလ။

မနက္မိုးလင္းတာနဲ႔ ဗိုက္ကဆာေနၿပီ။ အိမ္အတြက္ဆန္ေတာ့ ၀ယ္ေပးပါတယ္။ ထမင္းပဲ စားလို႔ကေတာ့ မ၀င္ႏိုင္ဘူးေလေနာ္။ တစ္လတစ္လ ေပးထားတဲ့ ပိုက္ဆံေတြထဲက သားသမီးေတြ ပညာေရးအတြက္၊ မီးဖိုေခ်ာင္အသံုးစရိတ္အတြက္ ေခြၽတာတာၿပီးသံုးရပါတယ္။

မေလာက္တဲ့ လအတြက္ေတာ့ ဆိုင္ေတြမွာအေႂကြးယူရတာေပါ့ေလ။ ခင္ပြန္းသည္က ေငြအပိုသံုးတယ္ထင္မွာစိုးလို႔ အိမ္အသံုးစရိတ္ကို စာရင္းမွတ္ရပါတယ္။ ခင္ပြန္းသည္ အရိပ္အကဲ ၾကၫ့္ၿပီး စာရင္းစာအုပ္သာျပေတာ့ “မင္းဟာမင္း မွတ္တဲ့ စာရင္း မင္းႀကိဳက္သလို ေရးမွတ္မွာေပါ့” တဲ့ခက္ၿပီ။

ပိုက္ဆံကိစၥနဲ႔ တစ္ေယာက္တစ္ခြန္း စကားမ်ားၾကတဲ့အခါ ပိုက္ဆံ တစ္ျပားမွ မေပးေတာ့ပါဘူး။ ေသာေရာတစ္ခါတစ္ေလ လနဲ႔ခ်ီၾကာတတ္ပါတယ္။ သူ႔ကိုျပန္ခံေျပာလို႔ အျပစ္ေပးတာေလ ကြၽန္မက အမ်ိဳးေတြဆီက ေခ်းငွားၿပီး အဆင္ေျပေအာင္ ေျဖရွင္းရတာေပါ့။

သူကေတာ့ အလုပ္မွာ သူေဌးေကြၽးတဲ့ ထမင္းဟင္း စားရတယ္ဆိုေတာ့ အိမ္က သားမယားေတြကို ဘယ္လိုစားေသာက္ ေနရတယ္ဆိုတာ သူတကယ္မသိတာလား? မသိခ်င္ေယာင္ေဆာင္ တာလား?? သူကိုယ္တိုင္ပဲ အသိဆံုးေနမွာပါ။ကြၽန္မ ၀င္ေငြရေအာင္ မရွာႏိုင္ပါဘူး မွန္ပါတယ္။

တအိမ္လံုး အလုပ္၊ သားသမီးေတြကိစၥ မနက္မိုးလင္းက မိုးခ်ဳပ္ထိ နားခ်ိန္မရိွသေလာက္ပဲတစ္ေယာက္တည္း လုပ္ရပါတယ္။ သားသမီးေတြ ေနထိုင္မေကာင္းရင္ေတာ့ ပိုဆိုးေပါ့။ အလုပ္ကျပန္လာရင္ အိမ္မွာေနရတဲ့ ဇနီးသည္က ဘာအလုပ္မွ မလုပ္ပဲ ဇိမ္နဲ႔ေနရတယ္ ထင္ေနသလားမသိပါဘူး။ မ်က္ႏွာက ရွစ္ေခါက္ခ်ိဳး။

တစ္ခါတေလ စိတ္မထင္ရင္ မထင္သလို ေခြးလိုကိုက္တတ္ပါေသးတယ္။ သူစိမ္းလူေတြနဲ႔ စကားေျပာရင္ေတာ့ မ်က္ႏွာက ပ်ားသာကာလို ခ်ိဳလို႔ေပါ့။ ကြၽန္မတို႔ကို ရွာေဖြေကြၽးေမြးေပးေနလို႔ ေက်းဇူးေတာ့တင္ပါတယ္။

ကြၽန္မ ခင္ပြန္းသည္ကို ေျပာခ်င္တာကေတာ့ ဇနီးသည္တစ္ေယာက္ရဲ့တန္ဖိုးကို မရိွေတာ့တဲ့အခ်ိန္က်မွ တမ္းတေနမၫ့္အစား ကိုယ္နဲ႔ အတူရိွေနတဲ့ အခ်ိန္ေလးမွာ တန္ဖိုးထားေပးပါ။

ကြၽန္မေသ သြားတဲ့အခါေကာင္းကင္ဘံုသို႔ ေရာက္ဖို႔ တုမေတာင္းမိပါဘး။ ယခုလက္ေတြ့ ကိုယ္ပိုင္ဆိုင္ခြင့္ ရေနတဲ့ မိသားစုဘဝေလးမွာ နားလည္မႈ အျပၫ့္နဲ႔ေပ်ာ္ရႊင္စရာေကာင္းၿပီး၊ ေအးခ်မ္း သာယာေနဖို႔ပဲ ဆုေတာင္းမိပါတယ္။

ကြၽန္မ ခင္ပြန္းသည္ေၾကာင့္ ေငျြဖင့္၀ယ္လို႔မရတဲ့ တန္ဖိုးႀကီးတဲ့ အသိတရား တစ္ခုရလိုက္တာကေတာ့ ….ေနာင္တခ်ိန္မွာ ကြၽန္မ သမီးေလးကို ေလာကအလည္မွာ ကိုယ့္အားကိုယ္ကိုးၿပီး ရွာေဖြစားေသာက္တတ္ေအာင္ ကြၽန္မသြန္သင္ေပးမယ္။

ဆံုးမေပးမယ္ ခြန္အားေတြေပးမယ္။ (ဟုတ္တယ္) လမ္းျပေပးေနမယ္။
ခုလို အသိတရားေတြ ရေအာင္ ကူညီလမ္းျပေပးတဲ့ ကြၽန္မခင္ပြန္းကိုေက်းဇူးတင္ပါတယ္။

အသိအစ္မ တစ္ေယာက္ရဲ့ ဘဝျဖစ္ရပ္မွန္ပါ။

ေလးစားလ်က္
Ma pui (ဇလပ္ေျမ)
LollababyMyanmar❤

Photo _internet
ေမတၲာျဖင့္ျပန္လည္မ်ွေဝပါသည္

Unicode

သင့်ခင်ပွန်းလောင်းကို ရွေးချယ်ခြင်းက သင့်အနာဂါတ်ကို ရွေးချယ်တာနဲ့ အတူတူပါပဲ

ခင်ပွန်းသည်က အရက်မသောက်၊ အလုပ်ကောင်းကောင်းလုပ်ပါတယ်။ ရှာသမျှ ပိုက်ဆံတွေကိုစုထားပါတယ်။ ဇနီးသည်ကို မပေးချင်ဘူး။ အပိုငွေ မကုန်အောင်လို့ထင်ပါတယ်။ လူဆိုတော့လည်း ကျန်တဲ့နေရာမှာ ချွေတာလို့ရချင်ရမယ်။ မစားလို့တော့မရဘူးလေ။

မနက်မိုးလင်းတာနဲ့ ဗိုက်ကဆာနေပြီ။ အိမ်အတွက်ဆန်တော့ ဝယ်ပေးပါတယ်။ ထမင်းပဲ စားလို့ကတော့ မဝင်နိုင်ဘူးလေနော်။ တစ်လတစ်လ ပေးထားတဲ့ ပိုက်ဆံတွေထဲက သားသမီးတွေ ပညာရေးအတွက်၊ မီးဖိုချောင်အသုံးစရိတ်အတွက် ချွေတာတာပြီးသုံးရပါတယ်။

မလောက်တဲ့ လအတွက်တော့ ဆိုင်တွေမှာအကြွေးယူရတာပေါ့လေ။ ခင်ပွန်းသည်က ငွေအပိုသုံးတယ်ထင်မှာစိုးလို့ အိမ်အသုံးစရိတ်ကို စာရင်းမှတ်ရပါတယ်။ ခင်ပွန်းသည် အရိပ်အကဲ ကြည့်ပြီး စာရင်းစာအုပ်သာပြတော့ “မင်းဟာမင်း မှတ်တဲ့ စာရင်း မင်းကြိုက်သလို ရေးမှတ်မှာပေါ့” တဲ့ခက်ပြီ။

ပိုက်ဆံကိစ္စနဲ့ တစ်ယောက်တစ်ခွန်း စကားများကြတဲ့အခါ ပိုက်ဆံ တစ်ပြားမှ မပေးတော့ပါဘူး။ သောရောတစ်ခါတစ်လေ လနဲ့ချီကြာတတ်ပါတယ်။ သူ့ကိုပြန်ခံပြောလို့ အပြစ်ပေးတာလေ ကျွန်မက အမျိုးတွေဆီက ချေးငှားပြီး အဆင်ပြေအောင် ဖြေရှင်းရတာပေါ့။

သူကတော့ အလုပ်မှာ သူဌေးကျွေးတဲ့ ထမင်းဟင်း စားရတယ်ဆိုတော့ အိမ်က သားမယားတွေကို ဘယ်လိုစားသောက် နေရတယ်ဆိုတာ သူတကယ်မသိတာလား? မသိချင်ယောင်ဆောင် တာလား?? သူကိုယ်တိုင်ပဲ အသိဆုံးနေမှာပါ။ကျွန်မ ဝင်ငွေရအောင် မရှာနိုင်ပါဘူး မှန်ပါတယ်။

တအိမ်လုံး အလုပ်၊ သားသမီးတွေကိစ္စ မနက်မိုးလင်းက မိုးချုပ်ထိ နားချိန်မရှိသလောက်ပဲတစ်ယောက်တည်း လုပ်ရပါတယ်။ သားသမီးတွေ နေထိုင်မကောင်းရင်တော့ ပိုဆိုးပေါ့။ အလုပ်ကပြန်လာရင် အိမ်မှာနေရတဲ့ ဇနီးသည်က ဘာအလုပ်မှ မလုပ်ပဲ ဇိမ်နဲ့နေရတယ် ထင်နေသလားမသိပါဘူး။ မျက်နှာက ရှစ်ခေါက်ချိုး။

တစ်ခါတလေ စိတ်မထင်ရင် မထင်သလို ခွေးလိုကိုက်တတ်ပါသေးတယ်။ သူစိမ်းလူတွေနဲ့ စကားပြောရင်တော့ မျက်နှာက ပျားသာကာလို ချိုလို့ပေါ့။ ကျွန်မတို့ကို ရှာဖွေကျွေးမွေးပေးနေလို့ ကျေးဇူးတော့တင်ပါတယ်။

ကျွန်မ ခင်ပွန်းသည်ကို ပြောချင်တာကတော့ ဇနီးသည်တစ်ယောက်ရဲ့တန်ဖိုးကို မရှိတော့တဲ့အချိန်ကျမှ တမ်းတနေမည့်အစား ကိုယ်နဲ့ အတူရှိနေတဲ့ အချိန်လေးမှာ တန်ဖိုးထားပေးပါ။

ကျွန်မသေ သွားတဲ့အခါကောင်းကင်ဘုံသို့ ရောက်ဖို့ တုမတောင်းမိပါဘး။ ယခုလက်တွေ့ ကိုယ်ပိုင်ဆိုင်ခွင့် ရနေတဲ့ မိသားစုဘဝလေးမှာ နားလည်မှု အပြည့်နဲ့ပျော်ရွှင်စရာကောင်းပြီး၊ အေးချမ်း သာယာနေဖို့ပဲ ဆုတောင်းမိပါတယ်။

ကျွန်မ ခင်ပွန်းသည်ကြောင့် ငြွေဖင့်ဝယ်လို့မရတဲ့ တန်ဖိုးကြီးတဲ့ အသိတရား တစ်ခုရလိုက်တာကတော့ ….နောင်တချိန်မှာ ကျွန်မ သမီးလေးကို လောကအလည်မှာ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစားသောက်တတ်အောင် ကျွန်မသွန်သင်ပေးမယ်။

ဆုံးမပေးမယ် ခွန်အားတွေပေးမယ်။ (ဟုတ်တယ်) လမ်းပြပေးနေမယ်။
ခုလို အသိတရားတွေ ရအောင် ကူညီလမ်းပြပေးတဲ့ ကျွန်မခင်ပွန်းကိုကျေးဇူးတင်ပါတယ်။

အသိအစ်မ တစ်ယောက်ရဲ့ ဘဝဖြစ်ရပ်မှန်ပါ။

လေးစားလျက်
Ma pui (ဇလပ်မြေ)
LollababyMyanmar❤

Photo _internet
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*