သင့္လက္ထဲမွာ… ပိုက္ဆံမျပတ္ေအာင္ သိထားသင့္တဲ့အဖိုးတန္နည္းလမ္း (၄) မ်ိဳး

ပိုက္ဆံမျပတ္ေအာင္ သိထားသင့္တဲ့အဖိုးတန္နည္းလမ္း (၄) မ်ိဳး
ပိုက္ဆံမျပတ္ေအာင္ သိထားသင့္တဲ့အဖိုးတန္နည္းလမ္း (၄) မ်ိဳး

သင့္လက္ထဲမွာ… ပိုက္ဆံမျပတ္ေအာင္ သိထားသင့္တဲ့အဖိုးတန္နည္းလမ္း (၄) မ်ိဳး

တစ္လတာဝင္ေငြကို စုမိဖို႔ေနေနသာသာ လကုန္ခါနီးတာနဲ႔ လက္ထဲေငြမေလာက္တာမ်ိဳး ႀကဳံႀကိဴက္ဖူးမွာပါ။

ဒါမ်ိဳး မျဖစ္ဖို႔အတြက္ ေငြယိုေပါက္ေတြ ကို ေသခ်ာရွာေဖြၿပီး လစဥ္ စုမယ့္ေငြပမာဏကို (အနည္းအက်ဥ္းျဖစ္ေစ) သတ္မွတ္ သင့္ပါတယ္။ ျမင္သမွ် ဝယ္ခ်င္ေနပါက သင္ တျပားမွ စုမိမွာမဟုတ္ပါဘူး။ ေငြကို စုေဆာင္းႏိုင္မယ့္ နည္းလမ္းေတြကိုေလ့လာၾကည့္ရေအာင္

၁။ ၅၀/၃၀/၂၀ နည္း

ပုံမွန္ဝင္ေငြရွိေပမယ့္ ေငြမစုမိသူမ်ားအတြက္ရည္႐ြယ္ပါတယ္။ သင့္တစ္လတာ ဝင္ေငြကို ၃ ပုံခြဲပါ။ ၅၀ရာႏႈန္းကို လစဥ္ ကုန္က်စရိတ္ အတြက္ (ထမင္းစရိတ္၊ အိမ္စရိတ္ ၊ေဘလ္ စသည္) ဖယ္ပါ။

၃၀ရာႏႈန္းကို သိပ္အေရးမႀကီးေပမယ္ လိုအပ္ေသာ အရာမ်ား အတြက္ သုံးစြဲပါ (အဝတ္အစား၊ အသုံးအေဆာင္)

၂၀ရာႏႈန္း ကို အနာဂတ္အတြက္ စုေဆာင္းပါ

၂။ ႐ိုးစင္းေသာနည္း

တအား စစ္စစ္စီစီ မစုခ်င္သူမ်ား အတြက္ ရည္႐ြယ္ပါတယ္။ လစဥ္ ဝင္ေငြကို ၂ပိုင္းခြဲပါ။

တစ္ပိုင္း ကို မျဖစ္မေန သုံးရမယ့္အရာေတြ အတြက္ ဖယ္ပါ။ ေနာက္တစ္ပိုင္း ကို သင့္သြားလာလည္ပတ္ စရိတ္၊ အေပ်ာ္အပါး ကိစၥမ်ား အတြက္ ထားပါ။ အေပ်ာ္အပါး မက္သူမ်ား အတြက္ မစုျဖစ္ရင္ေတာင္မွ လကုန္ထိ ေငြမျပတ္ေတာ့ဘူးေပါ့။

၃။ အေျခခံဝင္ေငြနည္း

ပုံမွန္ ဝင္ေငြ မရွိေပမယ့္ ေငြစုလိုသူမ်ား အတြက္ ရည္႐ြယ္ပါတယ္။

သင့္လစဥ္ အနည္းဆုံးရေသာ ဝင္ေငြကို တြက္ပါ။ ထို႔ေနာက္ ကုန္က်စရိတ္ကို တြက္ပါ။ တစ္လအတြက္ အနည္းဆုံး ဝင္ေငြက၂သိန္း ဆိုပါစို႔။ အဲ့ထဲကေန ေန႔စဥ္ကုန္က်စရိတ္ ကို စစ္စီစြာ ဖယ္ၿပီး က်န္ေငြကို စုပါ။ အခ်ိန္ၾကာရင္ စုေငြေတြ မ်ားလာပါမယ္။

၄။ တစ္ပတ္တစ္ႀကိမ္ထုတ္နည္း

ေငြစုခ်င္ေပမယ့္ လမကုန္ခင္ ေငြျပတ္ေနတတ္သူေတြ အတြက္ပါ။

သင့္တစ္လတာ ဝင္ေငြမွ ဘယ္ေလာက္ကို သုံးခ်င္လဲ ဘယ္ေလာက္ကို စုခ်င္လဲ ခြဲျခားပါ။ စုမယ့္ေငြကို ဖယ္ထားပါ။ သုံးဖို႔ ခ်န္ထားေသာ ေငြကို ၄ပုံခြဲပါ။ တစ္ပတ္ကို ၁ပုံစာပဲ သုံးပါ။ လစဥ္ဝင္ေငြ ကို ခ်ိန္ဆၿပီး သုံးစြဲပါ။

Credit

Unicode

သင့်လက်ထဲမှာ… ပိုက်ဆံမပြတ်အောင် သိထားသင့်တဲ့အဖိုးတန်နည်းလမ်း (၄) မျိုး

တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိူက်ဖူးမှာပါ။

ဒါမျိုး မဖြစ်ဖို့အတွက် ငွေယိုပေါက်တွေ ကို သေချာရှာဖွေပြီး လစဉ် စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ) သတ်မှတ် သင့်ပါတယ်။ မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကို စုဆောင်းနိုင်မယ့် နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်

၁။ ၅၀/၃၀/၂၀ နည်း

ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ်။ သင့်တစ်လတာ ဝင်ငွေကို ၃ ပုံခွဲပါ။ ၅၀ရာနှုန်းကို လစဉ် ကုန်ကျစရိတ် အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ် စသည်) ဖယ်ပါ။

၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိုအပ်သော အရာများ အတွက် သုံးစွဲပါ (အဝတ်အစား၊ အသုံးအဆောင်)

၂၀ရာနှုန်း ကို အနာဂတ်အတွက် စုဆောင်းပါ

၂။ ရိုးစင်းသောနည်း

တအား စစ်စစ်စီစီ မစုချင်သူများ အတွက် ရည်ရွယ်ပါတယ်။ လစဉ် ဝင်ငွေကို ၂ပိုင်းခွဲပါ။

တစ်ပိုင်း ကို မဖြစ်မနေ သုံးရမယ့်အရာတွေ အတွက် ဖယ်ပါ။ နောက်တစ်ပိုင်း ကို သင့်သွားလာလည်ပတ် စရိတ်၊ အပျော်အပါး ကိစ္စများ အတွက် ထားပါ။ အပျော်အပါး မက်သူများ အတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိ ငွေမပြတ်တော့ဘူးပေါ့။

၃။ အခြေခံဝင်ငွေနည်း

ပုံမှန် ဝင်ငွေ မရှိပေမယ့် ငွေစုလိုသူများ အတွက် ရည်ရွယ်ပါတယ်။

သင့်လစဉ် အနည်းဆုံးရသော ဝင်ငွေကို တွက်ပါ။ ထို့နောက် ကုန်ကျစရိတ်ကို တွက်ပါ။ တစ်လအတွက် အနည်းဆုံး ဝင်ငွေက၂သိန်း ဆိုပါစို့။ အဲ့ထဲကနေ နေ့စဉ်ကုန်ကျစရိတ် ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ။ အချိန်ကြာရင် စုငွေတွေ များလာပါမယ်။

၄။ တစ်ပတ်တစ်ကြိမ်ထုတ်နည်း

ငွေစုချင်ပေမယ့် လမကုန်ခင် ငွေပြတ်နေတတ်သူတွေ အတွက်ပါ။

သင့်တစ်လတာ ဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကို စုချင်လဲ ခွဲခြားပါ။ စုမယ့်ငွေကို ဖယ်ထားပါ။ သုံးဖို့ ချန်ထားသော ငွေကို ၄ပုံခွဲပါ။ တစ်ပတ်ကို ၁ပုံစာပဲ သုံးပါ။ လစဉ်ဝင်ငွေ ကို ချိန်ဆပြီး သုံးစွဲပါ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*