







ပြုလုပ်ပုံ

သခြားသီး ၁ လုံး








ပြုလုပ်ပုံ



သံပုယိုရည် ၂ စက်



Credit

Unicode

ဝက်ခြံ၊ အဆီကြိတ်ထွက်သူတွေအတွက် အကောင်းဆုံး သဘာဝပေါင်းတင်နည်း(၂)မျိုး…

ဝက်ခြံတွေ၊ အဆီကြိတ်တွေ ရှိနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံး နေတဲ့ ပျိုမေ တို့အတွက် သတင်းကောင်းလေး တစ်ခု ရှိပါတယ်။

အဲဒါကတော့ အိမ်မှာ နေရင်းနဲ့တင် ဝက်ခြံ၊ အဆီကြိတ် တွေကို ပျောက်ကင်း စေနိုင်မယ့် နည်းလေးတွေ ရှိနေလို့ပါ။ ခုပဲ လုပ်ကြည့်လိုက်ပါနော်…..။

(၁) သခွားသီး နဲ့ ဒိန်ချဉ်

သခွားသီး က သင့်မျက်နှာကို ကြည်လင်လာစေပြီး ညစ်နွမ်းနေတာတွေ အားလုံးကို သန့်စင်ပေးနိုင်ပါတယ်။

ဒိန်ချဉ် က သင့်မျက်နှာကို အစိုဓာတ် ဖြည့်ပေးပြီး ဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေး နိုင် ပါတယ်။

ပြုလုပ်ပုံ

သခြားသီး ၁ လုံး

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းတွေကို သေသေချာချာ ရောကြိတ် လိုက်ပါ။

ရလာတဲ့ အနှစ်လေးကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၀ မိနစ် ထားလိုက်ပါ။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးကြောပေးပါ

(၂) နနွင်းမှုန့်၊ ဒိန်ချဉ်နဲ့ သံပုယိုရည်

ဒိန်ချဉ်က သင့်မျက်နှာကို အစိုဓာတ် ဖြည့်ပေးပြီး ဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

နနွင်းမှုန့်က နီရဲ ရောင်ရမ်းတာတွေကို လျော့ကျစေပြီး ဝက်ခြံ ကို ကုသပေးနိုင်စွမ်း ရှိပါတယ်။

သံပုယိုရည် က သင့်မျက်နှာကို ဖြူဝင်စေပြီး အမာရွတ်တွေကို ပျောက်ကင်း စေနိုင်ပါတယ်။

ပြုလုပ်ပုံ

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

သံပုယိုရည် ၂ စက်

ပါဝင်ပစ္စည်း အားလုံးကို သေသေချာချာ ရောမွှေလိုက် ပါ။

ရလာတဲ့ အနှစ်ကို မျက်နှာမှာ လိမ်းပြီး ၁၀ မိနစ် အကြာမှာ ရေဆေး လိုက်ရုံပါပဲ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*