ႏွလုံးသားပုံစံနဲ႔အရမ္းလွတဲ့ ခ်င္းျပည္နယ္က ရိဒ္ေရကန္ႀကီးရဲ႕အေၾကာင္းသိေကာင္းစရာမ်ား

ရိဒ္ေရကန္ႀကီ
ရိဒ္ေရကန္ႀကီ

ႏွလုံးသားပုံစံနဲ႔အရမ္းလွတဲ့ ခ်င္းျပည္နယ္က ရိဒ္ေရကန္ႀကီးရဲ႕အေၾကာင္းသိေကာင္းစရာမ်ား

အံၾသဖြယ္ေကာင္းေလာက္ေအာင္ သဘာဝအတိုင္းျဖစ္ေနတဲ့ Heart-Shaped ပုံဒီေရကန္ဟာျမန္မာျပည္ႀကီးကပိုင္ဆိုင္တာပါ။ အတိအက်ေျပာရမယ္ဆို ျမန္မာႏိုင္ငံအေနာက္ေျမာက္ဘက္ ခ်င္းျပည္နယ္ရဲ႕အေနာက္ေျမာက္ဘက္ဖလမ္းၿမိဳ႕မွာတည္ရွိပါတယ္။

အိႏၵိယ-ျမန္မာနယ္စပ္နဲ႔ ၂မိုင္သာေဝးသာမို႔ အိႏၵိယမွ ခရီးသြားေတြအလာမ်ားတဲ့ေနရာလဲျဖစ္ပါတယ္။ ေတာင္ေပၚမွာရွိတဲ့ ရိဒ္ေရကန္ရဲ႕အက်ယ္အဝန္းဟာ (၈၃၂)ဧကရွိၿပီး ေရအနက္ဆုံးအျမင့္က ေပ(၆၀)ျဖစ္ပါတယ္။

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း (၂၉၆၆)ေပအျမင့္မွာလွစြာတည္ရွိေနတဲ့ေတာင္ေပၚေရကန္ႀကီးပါ။ အသည္းပုံသ႑ာန္ရိဒ္ေရကန္ဟာျဖစ္ေပၚလာပုံ ဒဏၰာရီေတြ၊ရာဇဝင္ေတြ၊ သမိုင္းေတြဟာ မ်ိဳးစုံရွိေနၿပီးတိက်မွန္ကန္မႈရွိမရွိေတာ့မေသခ်ာပါ။

ဒါေပမယ့္ ရိဒ္ေရကန္ႀကီးအေပၚ ခ်င္းလူမ်ိဳး၊မီဇိုလူမ်ိဳးတို႔ႏွင့္ေဒသခံေတြကေတာ့ ယုံၾကည္မႈျပင္းထန္ၾကပါတယ္။

ျဖစ္တည္မႈသမိုင္း

ျဖစ္တည္မႈသမိုင္းေတြထဲမွ တစ္ခုကေတာ့ လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀၀ေလာက္က မီဇိုခ်င္းလူမ်ိဳးႏွင့္ ဟြာငိုးမ်ိဳးႏြယ္ဝင္တို႔က ခ်င္းေတာင္တန္းေတြေပၚမွာ ၿမိဳ႕ျပတည္ေဆာက္ၿပီး ေနထိုင္လာခဲ့ၾကျခင္း ျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ ၿမိဳ႕သူႀကီးဟြာထန္ဟာ ဝိညာဥ္ေစာင့္နတ္မင္းႀကီးပူးရိဒ္ကို အိမ္မက္မက္ျမင္ခဲ့ပါတယ္။

နတ္မင္းက ဒီေဒသရဲ႕ဝိညာဥ္ေတြအတြက္ေစာင့္ေရွာက္ရန္ အေနာေျမာက္အရပ္၌လူ႔ႏွလုံးသားပုံစံ ေရကန္ကိုဖန္ဆင္း ေပးထားေၾကာင္း၊ ထို​ေရကန္တြင္ နတ္မင္းက စံစားမည္ျဖစ္ေၾကာင္း၊ေသေသာသူတို႔​၏ဝိညာဥ္သည္လည္း မျဖစ္မေန နတ္မင္းထံ လာေရာက္ ရမယ္ျဖစ္ေၾကာင္း မိန႔္ၾကားခဲ့ပါတယ္။

ၿမိဳ႕သူႀကီးသည္လည္း အိမ္မက္အရ အေနာက္ေျမာက္အရပ္သို႔ ထိုေရကန္ကိုလူလႊတ္၍ ရွာခိုင္းေစေသာအခါ ၇ရက္ေျမာက္ေန႔တြင္ ေရကန္ကို ရွာေတြ႕ခဲ့ၾကသည္။ ထို႔ေၾကာင့္ထိုေရကန္အား နတ္မင္း ပူးရိဒ္ကိုပိုယ္စားျပဳ ၍ ရိဒ္ေရကန္ဟု ေခၚဆိုၾကျခင္း ျဖစ္ေပသည္။

ေရကန္ရဲ႕ေဘးပတ္လည္တြင္လည္း မိုးမခပင္မ်ားက သဘာဝအေလ်ာက္ ေပါက္ေရာက္ေနၾကၿပီး ခ်င္းလူမ်ိဳးတို႔က ထိုမိုးမခပင္တန္းႀကီးကို ဝိညာဥ္ၿခံစည္း႐ိုးဟုေခၚဆိုၾကပါသည္။

ေဒသခံခ်င္းလူမ်ိဳးေတြဟာ မ်ိဳး႐ိုးစဥ္ဆက္ ဒီေရကန္အေပၚ ယုံၾကည္မႈျပင္းထန္ၾကပါတယ္။ ေသဆုံးသြားရင္ေတာင္ ဝိဉာဥ္ေတြဟာ ထိုေရကန္သို႔ သြားၾကသည္ဟာ ယုံၾကည္ၾကပါသည္။ တစ္ခ်ိဳ႕ကလဲ ဒီေရကန္ဟာ မီးေတာင္ေပါက္ကြဲရာမွ က်ရွိေသာခ်ိဳင့္ဝွမ္းလို႔ ဆိုၾကပါေသးတယ္။

ဒါေပမယ့္ ဘယ္လိုပဲ ဆိုဆို ရိဒ္ေရကန္ဟာ ထူးျခားမႈေတြနဲ႔ ျပည့္ေနပါတယ္။ ကမာၻတစ္လႊားမွာရွိသမွ်ေသာ ေရကန္မ်ားအနက္ အသည္းပုံ အပီသဆုံးျဖစ္ပါတယ္။ ႐ိုး႐ိုးေျမျပင္ေပၚတြင္မဟုတ္ပဲ အျမင္ေပေပါင္း ၁၉၀၀ေက်ာ္ ေတာင္တန္းေတြေပၚတည္ရွိေသာေရကန္ျဖစ္ပါတယ္။

ထူးျခားမႈ

အထူးျခားဆုံးကေတာ့ ခ်င္းျပည္နယ္ရဲ႕ အပူခ်ိန္ (ေရခဲမွတ္ေအာက္) အႏႈတ္ ၃ဒီဂရီ ေရာက္ေနခ်ိန္မွာေတာင္ ရိဒ္ေရကန္ကေတာ့ ထူးျခားစြာ ကန္ထဲမွေရမ်ားက ေႏြးေနဆဲျဖစ္ျခင္း ျဖစ္ပါသည္။

ဒါ့အျပင္ အနီးမွာ စမ္းေခ်ာင္းေတြ ေျမာင္းေတြရွိေနေသာ္လည္း ေခ်ာင္းေရ ေျမာင္းေရတို႔က မစီးဝင္ႏိုင္ပါ။ အံ့ဩဖြယ္ရာကေတာ့ မိုး႐ြာသြန္းျခင္းမရွိတဲ့ December လိုလမွာကန္ေရဟာ သဘာဝအရအလိုအေလ်ာက္ေရမ်ားေနာက္က်ိေနတတ္ျခင္းပဲ ျဖစ္ပါတယ္။

ႏွစ္ကုန္ကန္ေရေဆးျခင္းလားဟုပင္ ေတြးႏိုင္မိေလာက္ပါေပတယ္။ အခ်ိန္မွာေတာ့ ရိဒ္ကန္ဟာ tourism ေတြကို စြဲေဆာင္ႏိုင္တဲ့ ခ်င္းျပည္ရဲ႕ႏွလုံးသားျဖစ္ေနပါၿပီ။ စိမ္းစိုတဲ့ ေတာင္နံရံေတြဝန္းရံေနၿပီး အပင္ေတြနဲ႔ အုံ႔ဆိုင္းေနတဲ့ ရိဒ္ေရကန္ကို အနီးမွာရွိတဲ့သူေတြဟာ ပိတ္ရက္ေတြမွာ လာေရာက္လည္ပတ္ၾကပါတယ္။

တိတ္ဆိတ္ၿပီး ေအးခ်မ္းတဲ့ေဒသမို႔ အနားယူရန္၊ သဘာဝကို အျပည့္အဝခံစားရန္ၿမိဳ႕ျပကိုစြန႔္ခြာၿပီး ေခတၱလာေရာက္အနားယူၾကပါတယ္။

ရိဒ္အသည္းပုံေရကန္ကို သြားေရာက္လည္ပတ္ရန္အေကာင္းဆုံး အခ်ိန္ခါကေတာ့ မိုးတြင္းပါပဲလို႔ဆိုၾကပါတယ္။ စိမ္းညိဳ႕ညိဳ႕မိုးအုံ႔ရင္ျမင္ႏိုင္မဲ့ အံ့ဩစရာေကာင္းေလာက္ေအာင္ လွပတဲ့ေတာင္တန္းေတြ၊အၿမဲစိမ္းစပါးေတြ၊

စိတ္ဝင္စားစရာ ဒဏၰာရီေတြကို ခံစားဖို႔ မိုးတြင္းက အသင့္ေတာ္ဆုံးဆိုေပမဲ့လည္း ခ်င္းျပည္နယ္ဟာလမ္းပန္းဆက္သြယ္ေရးႏွင့္ ေျမၿပိဳမႈေတြ၊ ႐ြံထူထပ္မ်ားျပားမႈေတြေၾကာင့္ စြန႔္စားရပါလိမ့္မည္။

တစ္ခါေလာက္ေတာ့ ႏွလုံးသားသ႑ာန္ ခ်င္းျပည္ရဲ႕ရိဒ္ေရကန္ကို သြားေရာက္ခ်င္မိပါသည္။ အကယ္၍ေရာက္ျဖစ္ခဲ့ရင္လဲ သဘာဝပတ္ဝန္းက်င္ႀကီးကို ခ်စ္ခင္ေသာအားျဖင့္ စည္းမဲ့ကမ္းမဲ့ အမႈိက္မစြန႔္ပစ္ရန္လဲ ေမတၱာရပ္ခံခ်င္ပါေသးသည္။

Unicode

နှလုံးသားပုံစံနဲ့အရမ်းလှတဲ့ ချင်းပြည်နယ်က ရိဒ်ရေကန်ကြီးရဲ့အကြောင်းသိကောင်းစရာများ

အံသြဖွယ်ကောင်းလောက်အောင် သဘာဝအတိုင်းဖြစ်နေတဲ့ Heart-Shaped ပုံဒီရေကန်ဟာမြန်မာပြည်ကြီးကပိုင်ဆိုင်တာပါ။ အတိအကျပြောရမယ်ဆို မြန်မာနိုင်ငံအနောက်မြောက်ဘက် ချင်းပြည်နယ်ရဲ့အနောက်မြောက်ဘက်ဖလမ်းမြို့မှာတည်ရှိပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ၂မိုင်သာဝေးသာမို့ အိန္ဒိယမှ ခရီးသွားတွေအလာများတဲ့နေရာလဲဖြစ်ပါတယ်။ တောင်ပေါ်မှာရှိတဲ့ ရိဒ်ရေကန်ရဲ့အကျယ်အဝန်းဟာ (၈၃၂)ဧကရှိပြီး ရေအနက်ဆုံးအမြင့်က ပေ(၆၀)ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၉၆၆)ပေအမြင့်မှာလှစွာတည်ရှိနေတဲ့တောင်ပေါ်ရေကန်ကြီးပါ။ အသည်းပုံသဏ္ဍာန်ရိဒ်ရေကန်ဟာဖြစ်ပေါ်လာပုံ ဒဏ္ဏာရီတွေ၊ရာဇဝင်တွေ၊ သမိုင်းတွေဟာ မျိုးစုံရှိနေပြီးတိကျမှန်ကန်မှုရှိမရှိတော့မသေချာပါ။

ဒါပေမယ့် ရိဒ်ရေကန်ကြီးအပေါ် ချင်းလူမျိုး၊မီဇိုလူမျိုးတို့နှင့်ဒေသခံတွေကတော့ ယုံကြည်မှုပြင်းထန်ကြပါတယ်။

ဖြစ်တည်မှုသမိုင်း

ဖြစ်တည်မှုသမိုင်းတွေထဲမှ တစ်ခုကတော့ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀လောက်က မီဇိုချင်းလူမျိုးနှင့် ဟွာငိုးမျိုးနွယ်ဝင်တို့က ချင်းတောင်တန်းတွေပေါ်မှာ မြို့ပြတည်ဆောက်ပြီး နေထိုင်လာခဲ့ကြခြင်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မြို့သူကြီးဟွာထန်ဟာ ဝိညာဉ်စောင့်နတ်မင်းကြီးပူးရိဒ်ကို အိမ်မက်မက်မြင်ခဲ့ပါတယ်။

နတ်မင်းက ဒီဒေသရဲ့ဝိညာဉ်တွေအတွက်စောင့်ရှောက်ရန် အနောမြောက်အရပ်၌လူ့နှလုံးသားပုံစံ ရေကန်ကိုဖန်ဆင်း ပေးထားကြောင်း၊ ထိုရေကန်တွင် နတ်မင်းက စံစားမည်ဖြစ်ကြောင်း၊သေသောသူတို့၏ဝိညာဉ်သည်လည်း မဖြစ်မနေ နတ်မင်းထံ လာရောက် ရမယ်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

 

မြို့သူကြီးသည်လည်း အိမ်မက်အရ အနောက်မြောက်အရပ်သို့ ထိုရေကန်ကိုလူလွှတ်၍ ရှာခိုင်းစေသောအခါ ၇ရက်မြောက်နေ့တွင် ရေကန်ကို ရှာတွေ့ခဲ့ကြသည်။ ထို့ကြောင့်ထိုရေကန်အား နတ်မင်း ပူးရိဒ်ကိုပိုယ်စားပြု ၍ ရိဒ်ရေကန်ဟု ခေါ်ဆိုကြခြင်း ဖြစ်ပေသည်။

ရေကန်ရဲ့ဘေးပတ်လည်တွင်လည်း မိုးမခပင်များက သဘာဝအလျောက် ပေါက်ရောက်နေကြပြီး ချင်းလူမျိုးတို့က ထိုမိုးမခပင်တန်းကြီးကို ဝိညာဉ်ခြံစည်းရိုးဟုခေါ်ဆိုကြပါသည်။

ဒေသခံချင်းလူမျိုးတွေဟာ မျိုးရိုးစဉ်ဆက် ဒီရေကန်အပေါ် ယုံကြည်မှုပြင်းထန်ကြပါတယ်။ သေဆုံးသွားရင်တောင် ဝိဉာဉ်တွေဟာ ထိုရေကန်သို့ သွားကြသည်ဟာ ယုံကြည်ကြပါသည်။ တစ်ချို့ကလဲ ဒီရေကန်ဟာ မီးတောင်ပေါက်ကွဲရာမှ ကျရှိသောချိုင့်ဝှမ်းလို့ ဆိုကြပါသေးတယ်။

ဒါပေမယ့် ဘယ်လိုပဲ ဆိုဆို ရိဒ်ရေကန်ဟာ ထူးခြားမှုတွေနဲ့ ပြည့်နေပါတယ်။ ကမ္ဘာတစ်လွှားမှာရှိသမျှသော ရေကန်များအနက် အသည်းပုံ အပီသဆုံးဖြစ်ပါတယ်။ ရိုးရိုးမြေပြင်ပေါ်တွင်မဟုတ်ပဲ အမြင်ပေပေါင်း ၁၉၀၀ကျော် တောင်တန်းတွေပေါ်တည်ရှိသောရေကန်ဖြစ်ပါတယ်။

ထူးခြားမှု

အထူးခြားဆုံးကတော့ ချင်းပြည်နယ်ရဲ့ အပူချိန် (ရေခဲမှတ်အောက်) အနှုတ် ၃ဒီဂရီ ရောက်နေချိန်မှာတောင် ရိဒ်ရေကန်ကတော့ ထူးခြားစွာ ကန်ထဲမှရေများက နွေးနေဆဲဖြစ်ခြင်း ဖြစ်ပါသည်။

ဒါ့အပြင် အနီးမှာ စမ်းချောင်းတွေ မြောင်းတွေရှိနေသော်လည်း ချောင်းရေ မြောင်းရေတို့က မစီးဝင်နိုင်ပါ။ အံ့ဩဖွယ်ရာကတော့ မိုးရွာသွန်းခြင်းမရှိတဲ့ December လိုလမှာကန်ရေဟာ သဘာဝအရအလိုအလျောက်ရေများနောက်ကျိနေတတ်ခြင်းပဲ ဖြစ်ပါတယ်။

နှစ်ကုန်ကန်ရေဆေးခြင်းလားဟုပင် တွေးနိုင်မိလောက်ပါပေတယ်။ အချိန်မှာတော့ ရိဒ်ကန်ဟာ tourism တွေကို စွဲဆောင်နိုင်တဲ့ ချင်းပြည်ရဲ့နှလုံးသားဖြစ်နေပါပြီ။ စိမ်းစိုတဲ့ တောင်နံရံတွေဝန်းရံနေပြီး အပင်တွေနဲ့ အုံ့ဆိုင်းနေတဲ့ ရိဒ်ရေကန်ကို အနီးမှာရှိတဲ့သူတွေဟာ ပိတ်ရက်တွေမှာ လာရောက်လည်ပတ်ကြပါတယ်။

တိတ်ဆိတ်ပြီး အေးချမ်းတဲ့ဒေသမို့ အနားယူရန်၊ သဘာဝကို အပြည့်အဝခံစားရန်မြို့ပြကိုစွန့်ခွာပြီး ခေတ္တလာရောက်အနားယူကြပါတယ်။

ရိဒ်အသည်းပုံရေကန်ကို သွားရောက်လည်ပတ်ရန်အကောင်းဆုံး အချိန်ခါကတော့ မိုးတွင်းပါပဲလို့ဆိုကြပါတယ်။ စိမ်းညို့ညို့မိုးအုံ့ရင်မြင်နိုင်မဲ့ အံ့ဩစရာကောင်းလောက်အောင် လှပတဲ့တောင်တန်းတွေ၊အမြဲစိမ်းစပါးတွေ၊

စိတ်ဝင်စားစရာ ဒဏ္ဏာရီတွေကို ခံစားဖို့ မိုးတွင်းက အသင့်တော်ဆုံးဆိုပေမဲ့လည်း ချင်းပြည်နယ်ဟာလမ်းပန်းဆက်သွယ်ရေးနှင့် မြေပြိုမှုတွေ၊ ရွံထူထပ်များပြားမှုတွေကြောင့် စွန့်စားရပါလိမ့်မည်။

တစ်ခါလောက်တော့ နှလုံးသားသဏ္ဍာန် ချင်းပြည်ရဲ့ရိဒ်ရေကန်ကို သွားရောက်ချင်မိပါသည်။ အကယ်၍ရောက်ဖြစ်ခဲ့ရင်လဲ သဘာဝပတ်ဝန်းကျင်ကြီးကို ချစ်ခင်သောအားဖြင့် စည်းမဲ့ကမ်းမဲ့ အမှိုက်မစွန့်ပစ်ရန်လဲ မေတ္တာရပ်ခံချင်ပါသေးသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*