ယနေ့ခေတ်မှာ ပျာက်ကွယ်လုနီးပါး ဖြစ်နေသော ရှေးထုံးအစဉ်အလာ စကားပုံများ

ရှေးစကား
ရှေးစကား

ယနေ့ခေတ်မှာ ပျာက်ကွယ်လုနီးပါး ဖြစ်နေသော ရှေးထုံးအစဉ်အလာ စကားပုံများ

ရှေးအခါက လူကြီးသူမများ ဆိုဆုံးမခဲ့သော စကားပုံများစွာ ရှိခဲ့ သည်။ ယခုခေတ်မှာတော့ အချို့သောစကားပုံများမှာ ပျောက်က်ွလုနီးပါး ဖြစ်နေတော့သည်။ ရှေးထုံးလည်း မပါယ်နဲ့ ဆိုသည့် အတိုင်း အချို့မှတ်သားသင့်သော ရှေးထုံး အစဉ်အလာ စကားများကို ပြန်လည် ဖော်ပြပေးပါရစေ…။

၁။ တံခွန်ကုက္ကား အောင်လံများ လွှားစိုက်အိမ်မှာ မပြုနှင့် ။

၂။ စားဖွယ်သောက်ရန် ခွက်ပန်းကန် အသံမြည်အောင် မပြုနှင့် ။

၃။ ရေလဲမည်တွင် ထမီလျှင် အိမ်တွင်း မလှန်းနှင့် ။

၎။ ခေါင်းလျှော်ပြီးတွင် ထိုဆံပင် နေတွင် မလှန်းနှင့် ။

၅။ စာဖွယ်ပို့လာ ခွက်ယောက်မှာ ဆေးကာပြန်၍ မပေးနှင့် ။

၆။ ကိုယ်ဝန်ဆောင်မိန်းမ စားသမျှ ကိုယ်ကယူငှင် မဆေးနှင့် ။

၇။ ဥစ္စာ မာန် အား ဤသုံးပါး ကိုယ်စားမပြု နှင့် ။

၈။ သူကြီးမိဘ မိတ္တတစ်ထွေ မိုးမြေတလင်း နေ လမင်း မုန်းတင်းစကား မဆိုနှင့် ။

၉။ ဦးဆောင်းပခြုပ် ဦးထုပ်တစ်ဖြာ စကောမှာ ဖာ၍ မသုံးနှင့် ။

၁၀။သင်ဖြူးအိပ်ရာ ခေါင်းပေါင်းမှာ ဖာ၍မသုံးနှင့် ။

၁၁။ ရေလဲခေါင်းပေါင်း မကောင်းဟူပြီ အင်္ကျီလယ်ခွံ စုတ်ပြတ်လွန် ကောင်းမွန်ရာရာ နည်းငယ် သာ မဖါမချုပ်နှင့် ။

၁၂။ မိဘ ဆရာ သံဃာ ဘုရား အရိပ်များ နေနားမခိုနှင့် ။

၁၃။ သူ၏ဦးခေါင်း တစ်ကြောင်းကျည်ပွေ့ အရှေ့ထရံ ဤသုံးတန် ခုံပျံမကျော်နှင့်။

၁၄။ ဆန်မရှိခိုက် မောင်းဆုံ၌ စိုက်၍ကျည်ပွေ့ မထားနှင့် ။

၁၅။ ကြိုးကြိမ်တန်းများ တံခါးလက်ကတုံး သုံးခုလုံး ကုန်းကွဝင်လို့ မလျှို နှင့် ။

၁၆။ ခရီးရောက်ခါ အိပ်ရာထစ ဒေါသမျက်ပွား ဤသူများ စကားလိုရာ မမေးနှင့် ။

၁၇။ သုံးပါးရတနာ ဆရာမိဘမစသူများ ဤသူအား စိမ်းကားမမေ့နှင့် ။

၁၈။ မိန်းမမွေးနေ့ သီတင်းနေ့နှင့် နေ့လည်အခါ ဤသုံးဖြာ ကာမမြူးတူး မပြု နှင့် ။

၁၉။ လိုမရှိကာ အင်္ဂါမမှန် ကျောင်းကန်ဘုရား သွားယင်းတစ်ထွေ သန္ဓေရင်မှာ ဤ၌သာလည်း ကာမမြူးတူးမပြု နှင့် ။

၂၀။ သိမ်လည်းတခမ်း ဈေးတန်းထိုထို ဇရပ်အို မှီခိုဝင်အောင်းမပြုနှင့် ။

၂၁။ ဥစ္စာလိုသူ လူပျိုလှည့်ငြား ဤလူများ စကားအမှန်မယူနှင့် ။

၂၂။ ဦးရေငဲ့စောင်း သွန်းလောင်းမပြုတ် ပလုတ်မကျင်း ထမင်းအိုးရေ ထိုသုံးထွေပုံသေမသောက်နှင့်။

၂၃ ။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။

၂၄ ။ သားတစ်သီဖို့ မဲတံစို့ ထောင်လို့ မထားနှင့် ။

၂၅ ။ မသန့်ပြန့် တစ်ခန်း လမ်းလယ်တစ်ရပ် သူမြတ်နေရာ ဤ ၃ ဖြာ တက်ကာ မနေနှင့် ။

၂၆ ။ နှုတ်ပိုက်ရှိငြား မိန်းမများ သွား၍ မချီနှင့် ။

၂၇ ။ ဆရာမိဘ ကိစ္စတစ်ထွေ မီးနှင့်ရေ မထီလေးစား မပြုနှင့် ။

၂၈ ။ စလောင်းတစ်တန် ပန်ကန်တစ်သီး ဤမြေကြီး ခတ်တီး မပြုနှင့် ။

၂၉ ။ ထမင်းဟင်းအိုး မွှေထိုးယောက်မ လက်ကိုင်က မီးမှာ ပြန်ကာ မထိုးနှင့် ။

၃၀ ။ မီးမတောက်လျှင် စားဖိုခွင် ပြိုင်ယှဉ် နှစ်ယောက် မမှုတ်နှင့် ။

၃၁ ။ ခေါင်းပေါင်းတစ်မျိုး ပုဆိုးတဘက် သစ်ရွက်နားပန် ဆံပင်တစ်လက် ဤ ၄ ရပ် ဖြတ်တိ မပြုနှင့် ။

၃၂ ။ လက်ဆုံစားလူ အိမ်နေသူ ကိုယ်မူ နှုတ်ပိုက်ရှိ ဆင်၊မြင်း၊ကျွဲ၊နွား စသည်များ ဝယ်မှားဘေးဒဏ်ထိ ။

၃၃ ။ အဦးသီးသစ်ဦး ဖလမိန်းမ မဆွတ်ကောင် ၊ မိန်းမဆွတ်ငြား သစ်သီးများ ပျက်ပြားသိမ်ဖျင်းကြောင်း ။

၃၄ ။ သန္ဓေရင့်မာ မိတ်သဟာ မင်္ဂလာလက်ဖွဲ့ မပြုနှင့် ။

ဘာပဲဖြစ်ဖြစ် လိုက်နာရင် ကိုယ်အတွက်ကောင်းတာတွေ အများကြီးပါတယ်လို့ ယူဆနိုင်ပါတယ် ။

အခုခေတ် မြန်မာတွေကတော့ ဒါတွေဟာ လောကီအယူအဆတွေပါ နိဗ္ဗာန်ရောက်ကြေင်း

မဟုတ်ဘူးလို့ ပြောချင် ပြောနေပါ လိမ့်မယ် ။ဒါပေမယ့် ဗဟုသုတအနေဖြင့် လေ့လာသင့်ပါတယ်။

Credit-Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*