








ReF:ladbible

Unicode

ကမ္ဘာပျက်မယ့်နေ့ရောက်ရင် အသက်ရှင်ဖို့အကောင်းဆုံးနေရာအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ နယူးဇီလန်

စကြာဝဠာထဲမှာ ကမ္ဘာကြီးပေါက်ကွဲသွားဖို့ ကတော့ ပညာရှင်တွေ တွက်ချက်မှုအရ နှစ်တွေ ဘီလျံနဲ့ချီ လိုပါသေးတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက သူ့ကိုယ် သူ နေပြန်ကောင်းအောင် လုပ်တဲ့နေ့ တနည်း ကမ္ဘာပျက်တဲ့ နေ့ကတော့ နှစ်ရာချီအတွင်းမှ ာကို ဖြစ်လာ နိုင်ပါတယ်။

ရေတွေ ကြီးတာ၊ မီးတွေေ လာင်တာ၊ ငလျင်လှုပ်တာတွေ နဲ့ ကမ္ဘာ့မြေပုံ အသစ်ပြန်ပြောင်းခဲ့ရင် လုံခြုံတဲ့ နေရာဆိုတာ လိုလာပါတယ်။ တနည်းဆိုရရင် သဘာဝကပ်ဘေး ကျရောက်ဖို့ အနည်းဆုံးနေရာကို ဆိုလိုတာဖြစ်ပါတယ်။ လူသားတွေဘေးကင်းကင်းနဲ့ ကျန်ခဲ့မယ့် နေရာပါ။

ယူကေနိုင်ငံ တက္ကသိုလ် အန်ဂလီရာ (Anglia Ruskin)ကနေ ဒီအတွက် လေ့လာမှု လုပ်ခဲ့ပါတယ်။ ကမ္ဘာပျက်ခဲ့ရင် လူတွေဘယ်နေရာမှာ လုံခြုံမလဲလို့ပါ။ ဖြစ်နိုင်ခြေတွေ အမျိုးမျိုးကို ထည့်တွက်ရတာဖြစ်တဲ့ အတွက် ကမ္ဘာပျက်နိုင်တဲ့ ပုံစံတွေကြား နယူးဇီလန်နိုင်ငံ က အလုံခြုံဆုံး ဖြစ်လာပါတယ်။

ဉပမာ-သဘာဝကြောင့်မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်၊ ကိုဗစ်ထက် ဆိုးတဲ့ ကပ်ရောဂါ၊ ဇွန်ဘီ၊ စစ်ပွဲစတာတွေလို စိတ်ကူးတွေလည်း ပါပါတယ်။ အဲဒါတွေ အကုန်လုံးအတွက် နယူးဇီလန်မှာ အဖြေရှိနေခဲ့ပါတယ်။ နယူးဇီလန်ကနိုင်ငံအတွင်းစိုက်ပျို းတဲ့ ကိုယ်ပိုင်အစားအစာနဲ့ ရှင်သန်နိုင် ပါတယ်။

လူတွေ အများကြီးပြုံပြီး နိုင်ငံထဲ ရောက်မလာနိုင်ပါဘူး။ ကမ္ဘာက အဆက်အသွယ် ဖြတ်လိုက်လည်း သီးသန့်ရှင်သန် နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကပ်တွေဟာ နယူးဇီလန်ကို ကျရောက်မှု အနည်းဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် အချက်အလက်တွေ အများကြီးအရ ရှင်သန်ကျန်ဖို့ ဖြစ်နိုင်ပါတယ်။

အရင်တွက်ချက်မှုတွေ အရ ဩစတြေးလျတိုက် က နံပါတ်တစ်မှ ာရှိနေခဲ့ပေမဲ့ လက်ရှိမှာတော့ နံပါတ်နှစ်နေရာ က နယူးဇီလန် က ကျော်တက်ခဲ့ပါပြီ။ တကယ်လို့ ကိုယ်က အဆိုးဆုံးတွေကြား ရှင်သန်ကျန်ချင်တယ် ဆိုရင်တော့ လက်ရှိမှာ နယူးဇီလန် ကို စဉ်းစားထားတာ အကောင်းဆုံးပါပဲ။

ReF:ladbible

Be the first to comment

Leave a Reply

Your email address will not be published.


*