









၎- ခရီး တစ်ခုသွားမယ်ဆိုရင် အမြဲတမ်းကြိုတင်ပြင်ဆင်ထားပါ









Unicode

“အသက်(၃၀)အရွယ်မှာကျင့်သုံးသင့်တဲ့ ချွေတာရေး နည်းလမ်းများ”

အသက် ၃၀ ဆိုတာ လူငယ် တစ်ယောက် လူကြီးဖြစ်လာတဲ့အချိန်ပါပဲ။ဒါပေမယ့်တစ်ချို့သောသူတွေဟာ အသက် ၃၀ အရွယ်မှာတောင် စုမိဆောင်းမိမရှိသေးတာကိုတွေ့ရပါတယ်။ဒါတွေဟာ မှားယွင်းနေတဲ့ ငွေသုံးနည်းစနစ်တွေကြောင့်ပါပဲ ။ဒါဆိုရင် ငွေတွေကိုဘယ်လိုချွေတာစုဆောင်းကြမလဲ။

၁- နိုင်ငံရပ်ခြား ကို သာမန်ဖုန်းနဲ့ခေါ်ဆိုခြင်း ရှောင်ကျဉ်ပါ

အခုချိန်မှာ အင်တာနက်နည်းစနစ်တွေတိုးတက်လာပြီဖြစ်တဲ့အတွက် မက်ဆင်ဂျာတို့ wechat တို့ကခေါ်မယ်ဆိုရင် အကုန်အကျမရှိသလောက်ကိုနည်းပါးပါလိမ့်မယ်။

၂- Retail Tharapy လို့ခေါ်တဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုကို ရှော့ပင်းထွက်ခြင်းနဲ့ကုစားတဲ့နည်းလမ်းဟာလည်း အကျင့်ဆိုးတစ်ခုပါပဲ

သင်ဝယ်ယူတဲ့ပစ္စည်းတွေဟာ တန်ဖိုးသိပ်မရှိဘူးဆိုပေမယ့် ပမာဏများပြားလာတဲ့အခါ ဒီပစ္စည်းတွေဝယ်တဲ့ကုန်ကျစရိတ်အပေါ် သင်အံ့အားသင့်မိပါလိမ့်မယ်။ဒီတော့ Retail Tharapy ကိုလည်းဖြစ်နိုင်ရင် မပြုလုပ်တာအကောင်းဆုံးပါပဲ။

၃- ခရက်ဒစ်ကဒ် ကို သုံးချင်သလိုသုံးတာမျိုးရှောင်ရှားသင့်ပါတယ်

ခရက်ဒစ်ကဒ်ဟာ ဘဏ်ကချေးငွေကိုသုံးစွဲတဲ့ကဒ်ဖြစ်တဲ့အတွက်သင်များများဝယ်ယူလေလေ အတိုးများများပေးရလေလေပါပဲ။

၄- ခရီး တစ်ခုသွားမယ်ဆိုရင် အမြဲတမ်းကြိုတင်ပြင်ဆင်ထားပါ

ပိတ်ရက်တွေမှာခရီးသွားမယ့်အခါ လက်မှတ်ဝယ်မယ်ဆိုရင် အစောကြီးကကြိုဝယ်ထားပါ။ဒါဆိုရင်တော့ လက်မှတ်တွေကို ဈေးသက်သာသာ နဲ့ ရရှိနိုင်မှာဖြစ်ပြီး ကိုယ်လိုချင်တဲ့နေရာကိုလည်းရွေးချယ်နိုင်ပါလိမ့်မယ်။

၅- ဘဏ်အကောင့်နဲ့ချိတ်ဆက်ထားတဲ့ အွန်လိုင်းဗီဒီယို ဝဘ်ဆိုက်တွေကို ရှောင်ရှားပါ

ဒီ ဆိုက်တွေဟာ သင်မကြည့်ရင်တောင်မှ လစဉ် သင့်အကောင့်ထဲက ငွေတွေကို ဖြတ်နေဦးမှာပါ။အ ကောင်းဆုံးကတော့ လစဉ်ကြေးမပေးရပဲ ကြေငြာတွေကို ပြသလေ့ရှိတဲ့ ရုပ်သံလိုင်းကိုသာရွေးချယ်ပါ

၆- အိမ်သာသုံးစက္ကူ ၊ ရှန်ပူဘူး ၊ ဆပ်ပြာမှုန့်နဲ့ အစရှိတဲ့အရာတွေကို ပါကင်လိုက်ဝယ်ထားသင့်ပါတယ်

တစ်ချို့စတိုးဆိုင်တွေမှာ လျော့ဈေးနဲ့ရောင်းချနေတဲ့ ရှန်ပူတွေ ဆပ်ပြာမှုန့်တွေရှိပေမယ့် အရည်အသွေးမကောင်းတာတွေဖြစ်နိုင်တာကိုသတိပြုပါ။

၇- VIP အစီအစဉ်များကိုဝင်ရောက်ပါ

ဥပမာ လေယာဉ်လက်မှတ်တစ်စောင်မှာဖို့ဆိုရင် မိုင်ဆယ်ချီပြီးတော့ လေဆိပ်ကိုသွားရတတ်ပါတယ် ။
ဒါပေမယ့် VIP အစီအစဉ်ရယူထားမယ်ဆိုရင်တော့ သင့်အတွက် အထူး app တစ်ခုဖုန်းထဲမှာပေးထားမှာဖြစ်ပြီး ဒီ App ကတစ်ဆင့် လေယာဉ်လက်မှတ်တွေမှာယူနိုင်မှာဖြစ်ပါတယ်။

Credit : – Min Thu (Daily Hot News )

Be the first to comment

Leave a Reply

Your email address will not be published.


*