





(1)မကြွားဝါပါနဲ့။ တိတ်တဆိတ်ကြိုးစားပါ
























Unicode

ငွေကို သဝန်တိုတတ်တဲ့ ချစ်သူတယောက်လို ပြုမူဆက်ဆံပါ

ကနေ့ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ ချမ်းသာဖို့က ခက်ခဲလွန်းပါတယ်။

ပထမဆုံးခြေလှမ်းကတော့ သင့်ဝင်ငွေတိုးလာဖို့ အာရုံစိုက်ရမယ်။ ငွေတွေထပ်ခါ ထပ်ခါဝင်နေဖို့ အာရုံစိုက်နေရမယ်။ ခုငွေနောက်ကိုစလိုက်ပါ။

ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ ငွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိလာပြီး အခွင့်အလမ်းတွေကို မြင်လာမှာဖြစ်ပါတယ်။

(1)မကြွားဝါပါနဲ့။ တိတ်တဆိတ်ကြိုးစားပါ

သင်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့ တန်ဖိုးကြီးကားတွေ, တန်ဖိုးကြီးနာရီတွေ ဝယ်မဝတ်ပါနဲ့။

သင့်အလုပ်ကြောင့်လူသိပါစေ။ သင်ဝယ်တဲ့အရာတွေကြောင့်လူမသိပါစေနဲ့။

(2)ရင်းနှီးမြှပ်နှံဖို့ ငွေစုပါ။ ငွေစုဖို့အတွက် ငွေမစုပါနဲ့

ငွေစုဖို့အတွက် တစ်ခုထဲသော အကြောင်းပြချက်က ရင်းနှီးမြှပ်နှံဖို့ပါဘဲ။ ငွေစုပြီးဆိုတာနဲ့ စုတဲ့ငွေကို လူံးဝ မထိပါနဲ့။

ဘာအတွက်မှလည်း မသုံးပါနဲ့။ အရေးပေါ ်အတွက်ဆိုရင်တောင် မသုံးပါနဲ့။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ ဝင်ငွေကို တိုးလာစေပါတယ်။

(3)အကြွေးယူတာကိုရှောင်ပါ

သင်ဘယ်တော့မှ ငွေမချေးရအောင် အကောင်းဆုံး ငွေကြေးကို ထိန်းချုပ်ပါ။ စည်းကမ်းတွေသတ်မှတ်ထားပါ။

ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေ ပြုလုပ်ဖို့ ငွေကြေးစီးဆင်းမှု တိုးတတ်ဖို့အတွက်သာ အကြွေးယူကြတာပါ။

ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ငွေချေးကြတယ်။ ဒီတော့ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်။

(4)ငွေကို သဝန်တိုတတ်တဲ့ ချစ်သူတယောက်လို ပြုမူဆက်ဆံပါ

ငွေတွေပေါများလာပါစေလို့ ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။

ငွေကြေးပိုင်းဆိုင်ရာလွပ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားပါ။ ချမ်းသာဖို့ဆိုရင် ငွေကို ဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားရမယ်။

ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။ သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။

ဒီထက်ဆိုးလာရင် သူမကသင့်ထက်ပိုကောင်းတဲ့သူတယောက်နဲ့တွေ့ပြီး သင့်ကိုစွန့်ခွာကောင်းစွန့်ခွာသွားနိုင်ပါတယ်

(5)ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး

ပိုက်ဆံ ဟာ နာရီကိုလည်းမသိဘူး။ အချိန်ဇယားတွေကိုလည်း မသိဘူး။ အားလပ်ရပ်တွေကိုလည်း မသိဘူး။ ငွေက အလုပ်ကြိုးစားတဲ့သူတွေကို ချစ်တယ်။

(6)ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာဘဲ

ဘီဂိတ် က ဆင်းဆင်းရဲရဲနဲ့မွေးလာတာ သင့်အပြစ်မဟုတ်ဘူး။ ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့သင့်အပြစ်ဘဲ လို့ ပြောဖူးပါတယ်။

(7)အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူ အကြံပေးနိုင်သူကိုရှာပါ

တိုးတတ်အောင်မြင်ဖို့ဆိုရင် မိမိကို တွန်းအားအကောင်းဆုံးပေးနိုင်တဲ့သူကို ရှာဖွေရမယ်။ ဒါဟာအကောင်းဆုံးနည်းလမ်းပါဘဲ

(8)ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ

အေမြေတြ ဘာတွေ စဉ်းစားမနေနဲ့။ စွန့်ဦးလုပ်ကိုင်သူတွေဟာအကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။

မီလ်လျံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*