ဗုဒၶဘာသာတိုင္း သိသင့္ေသာ ျမတ္စြာဘုရား၏မဟာပုရိသလကၡဏာေတာ္(၃၂) ပါးရွိသည့္အနက္ ဗုဒၶဆင္းတုေတာ္ ဦးေခါင္းပိုင္း အေခၚအေဝၚမ်ား

ဗုဒၶဘာသာတိုင္း သိသင့္ေသာ ျမတ္စြာဘုရား၏မဟာပုရိသလကၡဏာေတာ္(၃၂) ပါးရွိသည့္အနက္ ဗုဒၶဆင္းတုေတာ္ ဦးေခါင္းပိုင္း အေခၚအေဝၚမ်ား

ဗုဒၶဘာသာတိုင္း သိသင့္ေသာ ျမတ္စြာဘုရား၏မဟာပုရိသလကၡဏာေတာ္(၃၂) ပါးရွိသည့္အနက္ ဗုဒၶဆင္းတုေတာ္ ဦးေခါင္းပိုင္း အေခၚအေဝၚမ်ား

ျမတ္စြာဘုရား၏ မဟာပုရိသလကၡဏာေတာ္(၃၂) ပါးရွိသည့္ အနက္ အမွတ္(၂၅) ဥဏွလုံ ေမြးရွင္ေတာ္

ျမတ္စြာဘုရားသည္ သာဝတၳိျပည္၊ ေဇတဝန္ေက်ာင္း၌ သီတင္းသုံးေနစဥ္ ရဟန္းတို႔အား ေယာက္်ားျမတ္တို႔၏ မဟာပုရိသလကၡဏာ (၃၂) ပါးကို ေဖာ္ျပသည့္ လကၡဏသုတ္ကို ေဟာၾကားေတာ္မူပါသည္။

ဤသို႔ ေယာက္်ားျမတ္တို႔၏ လကၡဏာႏွင့္ ျပည့္စုံေသာ ေယာက္်ားသည္ လူ႔ေဘာင္၌ေနခဲ့ေသာ္ စၾကဝေတးမင္း၊ ရဟန္းျပဳခဲ့ေသာ္ ဘုရားျဖစ္မည္ဟူေသာ အလားအလာႏွစ္ပါးမွ တစ္ပါး အျခား အလားအလာမရွိဟု မိန႔္ေတာ္မူပါသည္။

မဟာပုရိသ လကၡဏာ အမွတ္(၂၅)

မ်က္ေမွာင္ႏွစ္ဖက္ၾကား၌ ႏူးညံ့၍လဲဝါဂြမ္းႏွင့္တူေသာ၊ ျဖဴစင္ေသာ ဥဏၰလုံေမြးရွင္ စသည္တို႔ ေပါက္ျခင္း၊ ေရွးဘဝတို႔၌ လူျဖစ္စဥ္က မုသားေျပာျခင္းမွ ေရွာင္ၾကဥ္၍ မွန္ေသာစကား…စြဲၿမဲတည္တံ့ေသာစကားကိုသာ ေျပာတတ္ျခင္း…

တစ္ဖက္သားအား လိမ္လည္လွည့္စားျခင္းကို ျပဳေလ့မရွိျခင္း၊ စေသာကံတို႔ေၾကာင့္ ရရွိသည္။ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးသည္ ဥဏၰလုံေမြးရွင္ေတာ္မွ ျဖဴေသာ ဩဒါတေရာင္ျခည္ေတာ္ကို လႊတ္ေတာ္မူ၏။

ျမတ္စြာဘုရား၏ မဟာပုရိသလကၡဏာေတာ္(၃၂) ပါးဆိုသည္မွာ ႐ိုေသ ေလးျမတ္စြာ ပူေဇာ္ ကန္ေတာ့ အပ္သည့္ အရာ ျဖစ္၏။ေစတီ ႐ုပ္ပြား ဗုဒၶ သာသနိက ပစၥည္းမ်ားႏွင့္ ပတ္သက္၍”ခိုက္” သည္ဟု ဆိုျခင္းမွာ အလြန္ထင္ရွားသည့္ ကိစၥႀကီးျဖစ္၏။

ခိုက္သည္ ဆိုရာ၌ အထူး သတိျပဳရမည့္ အခ်က္မွာ ႐ုပ္တုေတာ္ ပုံေတာ္ စသည္တို႔က ခိုက္သည္ သို႔မဟုတ္ ဒုကၡေရာက္ေစျခင္း မဟုတ္။ ႐ိုေသေလးျမတ္စြာ ပူေဇာ္ ကန္ေတာ့အပ္သည့္ ရတနာသုံးပါး၌ မ႐ိုေသ အေလးအျမတ္ မျပဳေသာ …

ဗုဒၶ အဂါရဝ၊ဓမၼ အဂါရဝ၊ သံဃ အဂါရဝ စသည့္ ကာယကံရွင္ ပုဂၢိဳလ္တို႔၏ အကုသိုလ္ကပင္ ‘ ခိုက္ေစသည္ ‘ အမွန္ ျဖစ္၏။ထို ‘ အဂါရဝ’ တရားသည္ပင္ သာသနာကြယ္ပေစသည့္ အက်င့္ဆိုးႀကီးဟု ဘုရားရွင္ ေဟာေတာ္မူခဲ့ေပသည္။

ကိုးကား- ဓမၼာစရိယ ဦးေ႒းလႈိင္၏ ဓမၼဒူတ

Unicode

ဗုဒ္ဓဘာသာတိုင်း သိသင့်သော မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာတော်(၃၂) ပါးရှိသည့်အနက် ဗုဒ္ဓဆင်းတုတော် ဦးခေါင်းပိုင်း အခေါ်အဝေါ်များ

မြတ်စွာဘုရား၏ မဟာပုရိသလက္ခဏာတော်(၃၂) ပါးရှိသည့် အနက် အမှတ်(၂၅) ဥဏှလုံ မွေးရှင်တော်

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ (၃၂) ပါးကို ဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။

ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြဝတေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှ တစ်ပါး အခြား အလားအလာမရှိဟု မိန့်တော်မူပါသည်။

မဟာပုရိသ လက္ခဏာ အမှတ်(၂၅)

မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘဝတို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှ ရှောင်ကြဉ်၍ မှန်သောစကား…စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း…

တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဥဏ္ဏလုံမွေးရှင်တော်မှ ဖြူသော ဩဒါတရောင်ခြည်တော်ကို လွှတ်တော်မူ၏။

မြတ်စွာဘုရား၏ မဟာပုရိသလက္ခဏာတော်(၃၂) ပါးဆိုသည်မှာ ရိုသေ လေးမြတ်စွာ ပူဇော် ကန်တော့ အပ်သည့် အရာ ဖြစ်၏။စေတီ ရုပ်ပွား ဗုဒ္ဓ သာသနိက ပစ္စည်းများနှင့် ပတ်သက်၍”ခိုက်” သည်ဟု ဆိုခြင်းမှာ အလွန်ထင်ရှားသည့် ကိစ္စကြီးဖြစ်၏။

ခိုက်သည် ဆိုရာ၌ အထူး သတိပြုရမည့် အချက်မှာ ရုပ်တုတော် ပုံတော် စသည်တို့က ခိုက်သည် သို့မဟုတ် ဒုက္ခရောက်စေခြင်း မဟုတ်။ ရိုသေလေးမြတ်စွာ ပူဇော် ကန်တော့အပ်သည့် ရတနာသုံးပါး၌ မရိုသေ အလေးအမြတ် မပြုသော …

ဗုဒ္ဓ အဂါရဝ၊ဓမ္မ အဂါရဝ၊ သံဃ အဂါရဝ စသည့် ကာယကံရှင် ပုဂ္ဂိုလ်တို့၏ အကုသိုလ်ကပင် ‘ ခိုက်စေသည် ‘ အမှန် ဖြစ်၏။ထို ‘ အဂါရဝ’ တရားသည်ပင် သာသနာကွယ်ပစေသည့် အကျင့်ဆိုးကြီးဟု ဘုရားရှင် ဟောတော်မူခဲ့ပေသည်။

ကိုးကား- ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၏ ဓမ္မဒူတ

Be the first to comment

Leave a Reply

Your email address will not be published.


*