






 





 

Unicode

မြက်ဖြတ်သည့် စက်အင်ဂျ င်နဲ့ မြန်မာပြည်ကပထ မဆုံးနဲ့ အကြီးဆုံး RCလေယာဉ်ပျံ ပြုလုပ်ပြီး မောင်းပြခဲ့ တဲ့တီထွင်ဖန်တီးရှင်….

မြန်မာပြည်တွင်း မှာ မထင်မရှား ရွက်ပုန်းသီး ပညာရှင် များစွာ ရှိ ကြပါတယ်။ အဲဒီအထဲမှာမှ ယခုတော့ မြက်ဖြတ်စက်ကြီး နဲ့ လေယာဥပျံ တီ ထွင် လိုက်နိုင် ပါပြီ။

မြက်ဖြတ်သည့် စက်အင်ဂျင်နဲ့ မြန်မာပြည်က ပထမဆုံး နဲ့ အ ကြီးဆုံး RC လေ ယာဉ်ပျံ ပြုလုပ်ပြီး မောင်းပြ ခဲ့တဲ့ တီထွင်ဖန်တီးရှင် အကြောင်းကို ဂုဏ်ယူစွာနဲ့ တင်ဆက် ရေးသား လိုက်ပါတယ်။

မနေ့က အောင်မြင် စွာ မောင်ပြ သွားပါပြီ။ လေယာဉ်ကိုယ်ထည်တစ်ခုလုံးရဲ့ အလေးချိန်ဟာ လေးပိဿာ ကျော်ရှိပြီး မြက်ဖြတ်စက်မှ ဓာတ်ဆီအင်ဂျင်ကို ကိုယ်တိုင်အယူအဆ နဲ့ တပ်ဆင်ပြီး အောင်မြင်စွာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ပျံသန်းပြထား တဲ့ video file ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ် နော်။ pp ဘုတ်ပြားနဲ့ ပြုလုပ်ထားတဲ့ လေယာဉ်တာင်ပံ အရှည် ၈ ပေ ရှိပါတယ်။ မြက်ဖြတ်တဲ့ စက်ကို အင်ဂျင်လုံး ယူထားတာပါ။

အဆိုပါ လူငယ် လေးဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် မှ RC Plane crazy လူ ငယ် လေး ဖြစ် ပါ တယ်။

မီဒီယာ တစ်ခု နဲ့ အင်တာဗျူးစဉ်မှာ ကျနော်ဟာ တော်တော်ရူးသွပ်လို့ ရူးသွပ်တယ်ဆိုတာတောင် တော်တော်ကြီးကိုရူးသွပ်စွဲလန်း လို့သာ ဒီလို ဝါသနာကို အကောင်အထည် ဖော်ဖြစ်တာလို့ ဆိုပါတယ်။

နိုင်တကာမှာလို RC အထူးပြုကျောင်းတွေ နိုင်ငံတော်ပံ့ပိုးမှုတွေ မရှိတဲ့ကြားက ဒီလောက်ထိ အောင်မြင်တဲ့ အနေအထားရောက်ရတယ်ဆိုတာ တော်ရုံ ဇွဲလုံလနဲ့တော့ မရနိုင်ပါဘူး။

ယခု တည်ဆောက်တဲ့ လေယာဉ်ဟာ rc control သုံး စက်တပ်လေယာဉ်ဖြစ်ပြီး မြန်မာပြည်မှာ အကြီးဆုံးနဲ့ ပထမဆုံး လေယာဉ်ဖြစ် ပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*