မိန္းကေလးေတြ ညဘက္တစ္ေယာက္ထဲ သြားလာရတဲ့အခါ သတိထားၾကပါ (ရင္နာရတဲ့ဇာတ္လမ္းေလး)

မိန္းကေလးေတြ ညဘက္တစ္ေယာက္ထဲ သြားလာရတဲ့အခါ သတိထားၾကပါ (ရင္နာရတဲ့ဇာတ္လမ္းေလး)
မိန္းကေလးေတြ ညဘက္တစ္ေယာက္ထဲ သြားလာရတဲ့အခါ သတိထားၾကပါ (ရင္နာရတဲ့ဇာတ္လမ္းေလး)

မိန္းကေလးေတြ ညဘက္တစ္ေယာက္ထဲ သြားလာရတဲ့အခါ သတိထားၾကပါ (ရင္နာရတဲ့ဇာတ္လမ္းေလး)

ညႀကီးမွာ ေနာက္ကလိုက္လာတဲ့လူေၾကာင့္ သရဲဟန္ေဆာင္ၿပီး သင္းခ်ိဳင္းထဲဝင္မိတဲ့ မိန္းကေလးရဲ႕အျဖစ္

ညဖက္ အလုပ္ဆင္းျပန္လာတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ေနာက္မွာ လူတစ္ေယာက္ ကပ္ပါလာတယ္ ။ ဒါကို ေကာင္မေလးက သတိထားမိၿပီး လန္႔ေနမိတယ္။ ျဖစ္ခ်င္ေတာ့ အျပန္လမ္းမွာ သခ်ႋဳင္းတစ္ခု ျဖတ္ရတယ္ ။ ေကာင္မေလးက ျဖတ္ထိုးဥာဏ္သုံးၿပီး ဂူတစ္ခုေရွ႕ရပ္လိုက္တယ္။

အဲ… ဒီေနာက္ ဂူကိုလက္နဲ႔ပုတ္ၿပီး “အေဖ.. အေဖ.. သမီးျပန္လာၿပီ တံခါးဖြင့္ေပးအုန္း” လို႔ ေျပာလိုက္တယ္။ ေနာက္မွာကပ္ပါလာတဲ့ လူေကာင္မေလးစကားေၾကာင့္ ေၾကာက္လန္႔ၿပီး ထြက္ေျပးသြားခဲ့တယ္။ ထြက္ေျပးသြားတဲ့လူကို ၾကည့္ၿပီး ေကာင္မေလး ရယ္မိတယ္။ အဲဒီအခ်ိန္မွာ ဂူေနာက္ကေန အသံတစ္သံ ထြက္လာတယ္။ “ သမီးကလဲ … ေသာ့ယူသြားဖို႔ ေမ့ခဲ့ျပန္ၿပီလား!” အသံေၾကာင့္ ေကာင္မေလး ဂူေရွ႕ကေန ထြက္ေျပးခဲ့ရတယ္။

ေကာင္မေလး ထြက္ေျပးသြားၿပီးေနာက္ ဂူေနာက္ကေန ဂူေဖာက္ထြင္းတဲ့ သူခိုးတစ္ေယာက္ ထြက္လာတယ္။ သူခိုးက “ငါ့အလုပ္ကို အေႏွာင့္အယွက္ေပးတဲ့ လူေတြ မွတ္ေလာက္ သားေလာက္ေအာင္ ေျခာက္ပစ္ရမယ္” ဆိုၿပီး ရယ္ေနခဲ့တယ္။

သူခိုးရယ္လို႔ မၿပီးခင္ သူနဲ႔မလွမ္းမကမ္းမွာ မွတ္တိုင္ကိုင္ၿပီး ရပ္ေနတဲ့ အဘိုးအိုတစ္ေယာက္ကို ေတြ႕လိုက္တယ္။ သူခိုးက “အဘိုးႀကီး.. ခင္ဗ်ား ဘာလုပ္ေနတာလဲ” လို႔ ေမးေတာ့ အဘိုးအိုက “ေတာက္.. ဒီလူေတြ ငါ့နာမည္ကို မွားေအာင္ေရးၾကတယ္ကြာ” လို႔ ေျပာလိုက္တယ္။

အဘိုးအို စကားကိုၾကားၿပီး သူခိုးထြက္ေျပးသြားခဲ့တယ္။ ထြက္ေျပးသြားတဲ့ သူခိုးကိုၾကည့္ၿပီး အဘိုးအို တဟားဟားနဲ႔ ရယ္ေနခဲ့တယ္။ အဘိုးအိုက “ငါ့စားက်က္ကို လုခ်င္တဲ့ေကာင္ မွတ္ေလာက္ေအာင္ ဆုံးမရမယ္” လို႔ ေရ႐ြတ္လိုက္တယ္။ အဘိုးအို ေရ႐ြတ္သံမဆုံးခင္မွာ လက္ထဲကသံတူ႐ြင္း မေတာ္တဆ ျပဳတ္က်သြားတယ္။

တူ႐ြင္းကို အဘိုးအို ကုန္းေကာက္ဖို႔ ခါးၫႊတ္လိုက္ေတာ့ ခ်ဳံထဲကေန လက္တစ္ဖက္နဲ႔အတူ “ဘယ္ကေကာင္လဲကြ.. ငါမွတ္တိုင္ကို ေလွ်ာက္ဖ်က္ေနတာ” ဆိုတဲ့ အသံအသံ ထြက္လာတယ္။ အဘိုးအို ေၾကာက္လန္႔တၾကား ထြက္ေျပးသြားခဲ့ရျပန္တယ္။

အဘိုးအို ထြက္ေျပးၿပီးေနာက္ သံတိုသံစေကာက္တဲ့ လူတစ္ေယာက္ ခ်ဳံထဲကေန ထြက္လာတယ္။ အဲဒီလူက ေျမေပၚက်ေနတဲ့ သံတူ႐ြင္းကိုေကာက္ၿပီး “သံတူ႐ြင္းရလည္း မဆိုးပါဘူး” ဆိုၿပီး ထျပန္သြားတယ္..

အဲ့အခ်ိန္မွာဘဲ.. အဲ့ဒီ အျဖစ္အပ်က္ေတြကို ” ဖတ္လိုက္ရတဲ့ ႐ုပ္ဆိုးဆိုးနဲ႔ သရဲ” က ၿပဳံးေနေလသတဲ့ …

( ဘ၀အေမာေျပႏိုင္ၾကပါေစ ) Ref :

Unicode

မိန်းကလေးတွေ ညဘက်တစ်ယောက်ထဲ သွားလာရတဲ့အခါ သတိထားကြပါ (ရင်နာရတဲ့ဇာတ်လမ်းလေး)

ညကြီးမှာ နောက်ကလိုက်လာတဲ့လူကြောင့် သရဲဟန်ဆောင်ပြီး သင်းချိုင်းထဲဝင်မိတဲ့ မိန်းကလေးရဲ့အဖြစ်

ညဖက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ် ။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ် ။ ကောင်မလေးက ဖြတ်ထိုးဉာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။

အဲ… ဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူကောင်မလေးစကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “ သမီးကလဲ … သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက် သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။

သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။

အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက “ငါ့စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရေရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။

တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရပြန်တယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း မဆိုးပါဘူး” ဆိုပြီး ထပြန်သွားတယ်..

အဲ့အချိန်မှာဘဲ.. အဲ့ဒီ အဖြစ်အပျက်တွေကို ” ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲ” က ပြုံးနေလေသတဲ့ …

( ဘဝအမောပြေနိုင်ကြပါစေ ) Ref :

Be the first to comment

Leave a Reply

Your email address will not be published.


*