ေဆးလိပ္သမားေတြ ေဆးလိပ္ျဖတ္ခ်င္စိတ္ ျဖစ္သြားေစမယ့္ အမ်ိဳးသားတစ္ဦးရဲ့အျဖစ္

ေဆးလိပ္သမားေတြ ေဆးလိပ္ျဖတ္ခ်င္စိတ္ ျဖစ္သြားေစမယ့္ အမ်ိဳးသားတစ္ဦးရဲ့အျဖစ္
ေဆးလိပ္သမားေတြ ေဆးလိပ္ျဖတ္ခ်င္စိတ္ ျဖစ္သြားေစမယ့္ အမ်ိဳးသားတစ္ဦးရဲ့အျဖစ္

ေဆးလိပ္သမားေတြ ေဆးလိပ္ျဖတ္ခ်င္စိတ္ ျဖစ္သြားေစမယ့္ အမ်ိဳးသားတစ္ဦးရဲ့အျဖစ္

ေဆးလိပ္တို႔အရက္တို႔ဟာ လူကို စြဲလန္းေစနိုင္ပါတယ္။ မစြဲေလာက္ပါဘူးကြာ ဆိုၿပီး စမ္းသပ္ခဲ့သုူေတြဟာ တစ္ခ်ိဳ႕ဆို ေဆးလိပ္ဂ်ိဳး၊ အရက္ခ်ိဳးႀကီးေတြ ျဖစ္ေနပါၿပီ။

အခု D Nae Khit က ေဆးလိပ္ေသာက္ခဲ့သူတစ္ေယာက္ရဲ့ အလြန္ဆိုးရြားလွတဲ့ အျဖစ္အပ်က္ေလးကို ျပန္လည္မၽွေဝခ်င္ပါတယ္။

ဒီအေၾကာင္းကို WorldOfBuzz က ေဖာ္ျပထားတာပါ။ ေဆးလိပ္ေသာက္တဲ့သက္တမ္း (၃၀)ႏွစ္အထိ ရွိခဲ့တဲ့လူတစ္ေယာက္ရဲ့အဆုတ္ပုံေတြနဲ႔ သတင္းကို ေဖာ္ျပထားပါတယ္။ အဲဒီအဆုတ္ဟာ ဘယ္လိုျဖစ္ေနတယ္ဆိုတာကို ရွင္းျပဖို႔ေတာင္ လိုမယ္မထင္ပါဘူး။

သူဟာ ေဆးလိပ္ တစ္ရက္ကို တစ္ဘူးသာ ေသာက္ပါတယ္တဲ့။တကယ္ေတာ့ တစ္ရက္ကို ေဆးလိပ္တစ္ဘူးေသာက္တာဟာ တကယ့္ ေဆးလိပ္သမားႀကီးေတြရဲ့စံခ်ိန္ကိုေတာ့ မမီေသးပါဘူး။

တစ္ခ်ိဳ႕ဆို စီးကရက္ဘူးနဲ႔ဆိုရင္ ေလးငါးဘူးအထိ ကုန္တဲ့သူရွိပါတယ္။ ဒါေပမယ့္ ဒီေလာက္ေလးသာ ေဆးလိပ္ေသာက္ခဲ့တဲ့သူရဲ့အဆုတ္က ဒီလိုႀကီးျဖစ္ေနတာပါလားဆိုတာ ျမင္သာေစမွာပါ။

အဆုတ္ဟာ အမည္းေရာင္အျဖစ္ လုံးဝ ေျပာင္းေနၿပီျဖစ္ပါတယ္။ ဒီအဆုတ္ဓာတ္ပုံကို တ႐ုတ္နိုင္ငံ၊ Jiangsu မွာတည္ရွိတဲ့ Wuxi People’s Hospital ေဆး႐ုံကေန အမ်ားျပည္သူသိေအာင္ ျပန္လည္မၽွေဝခဲ့တာပါ။ အဆုတ္ရွင္ကေတာ့ အသက္(၅၂)ႏွစ္ပါ။

သူဟာ ေဆးလိပ္ေသာက္သက္ (၃၀)ႏွစ္အေရာက္မွာ ဦးေႏွာက္ေသသြားပါတယ္။ဒါေၾကာင့္ သူရဲ့ ကိုယ္တြင္းအဂၤါေတြကို မေသခင္မွာ လႉခ်င္ခဲ့တယ္ဆိုတဲ့ဆႏၵေၾကာင့္ ေဒါက္တာေတြက သူရဲဲ့အဆုတ္ကို ျဖဳတ္ယူဖို႔ ျပင္ဆင္ခဲ့ပါတယ္။

သို႔ေပမယ့္ အဆုတ္က ဆိုးဆိုးရြားရြား ပ်က္စီးေနၿပီမို႔ အဲဒီအဆုတ္ကို ေဒါက္တာေတြက မယူေတာ့ပါဘုူး။ ဒီသတင္းေလးက ေဆးလိပ္သမားေတြအတြက္ေတာ့ သံေဝဂယူဖြယ္ရာပါဘဲ။

Credit to လင္းေဇာ္ကို ( D Nae Khit Media )

Unicode

ဆေးလိပ်သမားတွေ ဆေးလိပ်ဖြတ်ချင်စိတ် ဖြစ်သွားစေမယ့် အမျိုးသားတစ်ဦးရဲ့အဖြစ်

 

ဆေးလိပ်တို့အရက်တို့ဟာ လူကို စွဲလန်းစေနိုင်ပါတယ်။ မစွဲလောက်ပါဘူးကွာ ဆိုပြီး စမ်းသပ်ခဲ့သုူတွေဟာ တစ်ချို့ဆို ဆေးလိပ်ဂျိုး၊ အရက်ချိုးကြီးတွေ ဖြစ်နေပါပြီ။

အခု D Nae Khit က ဆေးလိပ်သောက်ခဲ့သူတစ်ယောက်ရဲ့ အလွန်ဆိုးရွားလှတဲ့ အဖြစ်အပျက်လေးကို ပြန်လည်မျှဝေချင်ပါတယ်။

ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားတာပါ။ ဆေးလိပ်သောက်တဲ့သက်တမ်း (၃၀)နှစ်အထိ ရှိခဲ့တဲ့လူတစ်ယောက်ရဲ့အဆုတ်ပုံတွေနဲ့ သတင်းကို ဖော်ပြထားပါတယ်။ အဲဒီအဆုတ်ဟာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ရှင်းပြဖို့တောင် လိုမယ်မထင်ပါဘူး။

သူဟာ ဆေးလိပ် တစ်ရက်ကို တစ်ဘူးသာ သောက်ပါတယ်တဲ့။တကယ်တော့ တစ်ရက်ကို ဆေးလိပ်တစ်ဘူးသောက်တာဟာ တကယ့် ဆေးလိပ်သမားကြီးတွေရဲ့စံချိန်ကိုတော့ မမီသေးပါဘူး။

တစ်ချို့ဆို စီးကရက်ဘူးနဲ့ဆိုရင် လေးငါးဘူးအထိ ကုန်တဲ့သူရှိပါတယ်။ ဒါပေမယ့် ဒီလောက်လေးသာ ဆေးလိပ်သောက်ခဲ့တဲ့သူရဲ့အဆုတ်က ဒီလိုကြီးဖြစ်နေတာပါလားဆိုတာ မြင်သာစေမှာပါ။

အဆုတ်ဟာ အမည်းရောင်အဖြစ် လုံးဝ ပြောင်းနေပြီဖြစ်ပါတယ်။ ဒီအဆုတ်ဓာတ်ပုံကို တရုတ်နိုင်ငံ၊ Jiangsu မှာတည်ရှိတဲ့ Wuxi People’s Hospital ဆေးရုံကနေ အများပြည်သူသိအောင် ပြန်လည်မျှဝေခဲ့တာပါ။ အဆုတ်ရှင်ကတော့ အသက်(၅၂)နှစ်ပါ။

သူဟာ ဆေးလိပ်သောက်သက် (၃၀)နှစ်အရောက်မှာ ဦးနှောက်သေသွားပါတယ်။ဒါကြောင့် သူရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မသေခင်မှာ လှူချင်ခဲ့တယ်ဆိုတဲ့ဆန္ဒကြောင့် ဒေါက်တာတွေက သူရဲ့အဆုတ်ကို ဖြုတ်ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။

သို့ပေမယ့် အဆုတ်က ဆိုးဆိုးရွားရွား ပျက်စီးနေပြီမို့ အဲဒီအဆုတ်ကို ဒေါက်တာတွေက မယူတော့ပါဘုူး။ ဒီသတင်းလေးက ဆေးလိပ်သမားတွေအတွက်တော့ သံဝေဂယူဖွယ်ရာပါဘဲ။

Credit to လင်းဇော်ကို ( D Nae Khit Media )

Be the first to comment

Leave a Reply

Your email address will not be published.


*