အိပ္ေပ်ာ္ဖိ႔ုခက္သူေတြအတြက္ စကၠန္႔(၁၂၀)အတြင္း အိပ္ေပ်ာ္ေစမယ့္နည္း

အိပ္ေပ်ာ္ဖိ႔ုခက္သူေတြအတြက္ စကၠန္႔(၁၂၀)အတြင္း အိပ္ေပ်ာ္ေစမယ့္နည္း
အိပ္ေပ်ာ္ဖိ႔ုခက္သူေတြအတြက္ စကၠန္႔(၁၂၀)အတြင္း အိပ္ေပ်ာ္ေစမယ့္နည္း

အိပ္ေပ်ာ္ဖိ႔ုခက္သူေတြအတြက္ စကၠန္႔(၁၂၀)အတြင္း အိပ္ေပ်ာ္ေစမယ့္နည္း

အိပ္ေရးပ်က္တဲ့ဒဏ္ဟာ တစ္ျခားဒဏ္ေတြနဲ႔ မတူပါဘူး။ အိပ္ေရးပ်က္တာမ်ားလာရင္ လူကလည္း အားအင္မျပည့္သလုိလုိ၊ စိတ္ဓာတ္ေတြ အလုိုလုိက်ဆင္းလာပါတယ္။ အာ႐ုံစူးစုိက္ႏုိင္စြမ္းလည္း ကင္းမဲ့ၿပီး၊ အလုပ္ခြင္မွာေတာင္ အလုပ္လုပ္လုိ႔ လုပ္ေနမွန္းမသိ ျဖစ္ေစပါတယ္။

အိပ္ေကာင္းျခင္း မအိပ္ရဘူးဆုိသူေတြအေနနဲ႔ အခု ေဖာ္ျပမယ့္ အိပ္နည္းေလးကို အသုံးျပဳေစခ်င္ပါတယ္။ အလြန္ လြယ္ကူၿပီး (၂)မိနစ္အတြင္း အိပ္ေပ်ာ္ေစႏုိင္မွာပါ။

#မ်က္ႏွာျပင္ၾကြက္သားေတြကို ေျဖေလွ်ာ့ထားပါ

မ်က္ႏွာျပင္ကို အရင္အာ႐ုံစုိက္ၿပီး မ်က္လုံးကို ပိတ္လုိက္ပါ။ ေျဖးညႇင္းစြာ အသက္ကို နက္နက္႐ႈိင္း႐ႈိင္း ႐ွဴသြင္းပါ ။မ်က္ႏွာျပင္ ၾကြက္သား (၄၃)ခုကို တင္းေတာင့္မေနေစဘဲ အားလုံးကို ေျဖေလွ်ာ့ထားပါ။ မ်က္ေမွာင္က်ဳံ႕တာေတြ၊ မဲ့တာရြဲ႕တာေတြ မလုပ္ပါနဲ႔။

ပါးျပင္၊ ပါးစပ္၊ လွ်ာ၊ ေမး႐ုိးတုိ႔က သိတဲ့အထိ ႐ွဴထားတဲဳ့ အသက္ကုိ ေျဖးညွင္းစြာျပန္ထုတ္ပါ။ မ်က္လုံးေတြကို မမွိတ္တမွိတ္မဟုတ္ဘဲ၊ မ်က္ခြံေတြအတြင္းမွာ နက္နက္႐ႈိင္း႐ႈိင္း မွိတ္သြင္းထားပါ။ အားလုံးကို ဖိအားမထားဘဲ လြတ္လြတ္လပ္လပ္ ပစ္ထားလုိက္ပါ။

#ပခုံးေတြကို အိပ္ရာနဲ႔တစ္သားတည္း ျဖစ္ပါေစ

ပခုံးေတြကို တတ္ႏုိင္သမွ် အိပ္ရာနဲ႔ တစ္သားတည္း ျဖစ္ေနပါေစ။ ဒီလုိပဲ လည္ပင္းကုိလည္း ၾကမ္းျပင္နဲ႔ တေျပးညီျဖစ္ေနပါေစ။ အဲဒီေနာက္မွာေတာ့ လက္ေမာင္းၾကြက္သားေတြ တစ္ေလွ်ာက္လုံးကို တင္းမာမေနေစဘဲ ေျဖေလွ်ာ့ထားလုိက္ပါ။

လက္႐ုံးၾကြက္သားေတြကို အထူးအာ႐ုံစုိက္ၿပီး ေျဖေလွ်ာ့ထားပါ။ အဲဒီေနာက္ လက္ဖ်ံဆီကို စိတ္အာ႐ုံေျပာင္းလုိက္ၿပီး ေျဖေလွ်ာ့လုိက္ပါ။ ဒီလုိျပဳလုပ္မႈမ်ိဳးကို အေလ့အက်င့္ျဖစ္ေအာင္ ထပ္ကာထပ္ကာ ျပဳလုပ္ေပးပါ။

#ေျခေထာက္ေတြကို ေလွ်ာ့ေပးပါ

အေပၚပုိင္းခႏၶာကုိယ္ကို ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ျဖစ္ေစၿပီးသကာလ ေအာက္ပိုင္းခႏၶာကိုယ္ကုိ အာ႐ုံစုိက္လုိက္ပါ။

ေျခေထာက္အတြင္းက အေၾကာမွန္သမွ်ကို ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ျဖစ္ေစၿပီး၊ တစ္ဖက္ခ်င္းကို ေပါင္ၿခံၾကြက္သားမွသည့္ ေျခသလုံး ေျခဖ်ားေတြအထိ ဘာဖိအားမွမရွိေစဘဲ ေပ်ာ့ေျပာင္းေနပါေစ။ နဖူးျပင္ ၾကြက္သားမွ ေျခေခ်ာင္းၾကြက္သားေလးေတြအထိ ေဖာ့ဖေယာင္းလုိ႔ ေပ်ာ့ေျပာင္းေနပါေစ။

#စိတ္အာ႐ုံကုိ ရွင္းရွင္းထားပါ

အိပ္ခါနီးမွာ မဆပ္ရတဲ့အေၾကြးေတြ၊ ရမယ့္ အေၾကြးစာရင္းေတြ စိတ္ထဲကေန လုိက္ေပါင္းမေနပါနဲ႔ေတာ့။ စိတ္ကုိ ဘာမွ မေရးခ်ယ္ရေသးတဲ့ ဝႈိက္ဘုတ္တစ္ခုလုိ သေဘာထားလုိက္ပါ။ စိတ္ထဲမွာ မည့္သည့္အေတြးဖိအားမွ ရွိမေနပါေစနဲ႔။

တစ္ေန႔တာ ေက်ာ္လြန္သြားတဲ့အခ်ိန္ေတြအေၾကာင္း ျပန္မစဥ္းစားဘဲ၊ အနာဂတ္အေၾကာင္းကုိလည္း ေမ့ထားလုိက္ပါ။ စိတ္ကုိ ၿငိမ္ေအာင္ထားၿပီး ပုံရိပ္အၿငိမ္တစ္ခုကို ျမင္ေယာင္ေနလုိက္ပါ။

အေမွာင္ခန္းတစ္ခုထဲမွာ ဟာလာဟင္းလင္း အိပ္စက္ေနသလုိမ်ိဳး စိတ္ကူးလုိက္ပါ။ တကယ္လုိ႔ အေတြးကာ အာ႐ုံမစိုက္ႏုိင္ဘဲ ပ်ံ႔ေနတယ္ဆုိရင္ အခ်ိန္အတုိင္းအတာတစ္ခုအတြင္း “မေတြးဘူး … မေတြးဘူး”ထပ္ကာထပ္ကာ ရြတ္ေနလုိက္ပါ။

ဒါမွမဟုတ္ အမွတ္စဥ္ (၁-၂-၃)ေလာက္အထိ အႀကိမ္ႀကိမ္ ေရတြက္ေနလုိက္ပါ။

ဒီအခ်က္ေတြကိုသာ ေအာင္ျမင္စြာ ထိန္းခ်ဳပ္ႏုိင္မယ္ဆုိရင္ သင္ဟာ (၂)မိနစ္အတြင္းမွာ ေကာင္းေကာင္း အိပ္ေပ်ာ္ေနမွာပါ။

ဒီစနစ္ဟာ အေမရိကန္ တုိက္ပြဲဝင္စစ္သည္ေတြ က်က်နန ေလ့က်င့္ထားတဲ့ နည္းစနစ္ေတြျဖစ္ပါတယ္။ စစ္သားဆုိေတာ့ ရတဲ့အခ်ိန္ေလးမွာ ေပ်ာ္ေအာင္အိပ္ရတာမုိ႔၊ ဒီနည္းနဲ႔ အိပ္ခ်ိန္ကုိ အျမန္လုယူရတယ္လုိ႔ ဆုိပါတယ္။

Credit to လင္းေဇာ္ကို

Unicode

အိပ်ပျော်ဖိ့ုခက်သူတွေအတွက် စက္ကန့်(၁၂၀)အတွင်း အိပ်ပျော်စေမယ့်နည်း

အိပ္ေပ်ာ္ဖိ႔ုခက္သူေတြအတြက္ စကၠန္႔(၁၂၀)အတြင္း အိပ္ေပ်ာ္ေစမယ့္နည္း

အိပ်ရေးပျက်တဲ့ဒဏ်ဟာ တစ်ခြားဒဏ်တွေနဲ့ မတူပါဘူး။ အိပ်ရေးပျက်တာများလာရင် လူကလည်း အားအင်မပြည့်သလိုလို၊ စိတ်ဓာတ်တွေ အလိုလိုကျဆင်းလာပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းလည်း ကင်းမဲ့ပြီး၊ အလုပ်ခွင်မှာတောင် အလုပ်လုပ်လို့ လုပ်နေမှန်းမသိ ဖြစ်စေပါတယ်။

အိပ်ကောင်းခြင်း မအိပ်ရဘူးဆိုသူတွေအနေနဲ့ အခု ဖော်ပြမယ့် အိပ်နည်းလေးကို အသုံးပြုစေချင်ပါတယ်။ အလွန် လွယ်ကူပြီး (၂)မိနစ်အတွင်း အိပ်ပျော်စေနိုင်မှာပါ။

#မျက်နှာပြင်ကြွက်သားတွေကို ဖြေလျှော့ထားပါ

မျက်နှာပြင်ကို အရင်အာရုံစိုက်ပြီး မျက်လုံးကို ပိတ်လိုက်ပါ။ ဖြေးညှင်းစွာ အသက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းပါ ။မျက်နှာပြင် ကြွက်သား (၄၃)ခုကို တင်းတောင့်မနေစေဘဲ အားလုံးကို ဖြေလျှော့ထားပါ။ မျက်မှောင်ကျုံ့တာတွေ၊ မဲ့တာရွဲ့တာတွေ မလုပ်ပါနဲ့။

ပါးပြင်၊ ပါးစပ်၊ လျှာ၊ မေးရိုးတို့က သိတဲ့အထိ ရှူထားတဲု့ အသက်ကို ဖြေးညှင်းစွာပြန်ထုတ်ပါ။ မျက်လုံးတွေကို မမှိတ်တမှိတ်မဟုတ်ဘဲ၊ မျက်ခွံတွေအတွင်းမှာ နက်နက်ရှိုင်းရှိုင်း မှိတ်သွင်းထားပါ။ အားလုံးကို ဖိအားမထားဘဲ လွတ်လွတ်လပ်လပ် ပစ်ထားလိုက်ပါ။

#ပခုံးတွေကို အိပ်ရာနဲ့တစ်သားတည်း ဖြစ်ပါစေ

ပခုံးတွေကို တတ်နိုင်သမျှ အိပ်ရာနဲ့ တစ်သားတည်း ဖြစ်နေပါစေ။ ဒီလိုပဲ လည်ပင်းကိုလည်း ကြမ်းပြင်နဲ့ တပြေးညီဖြစ်နေပါစေ။ အဲဒီနောက်မှာတော့ လက်မောင်းကြွက်သားတွေ တစ်လျှောက်လုံးကို တင်းမာမနေစေဘဲ ဖြေလျှော့ထားလိုက်ပါ။

လက်ရုံးကြွက်သားတွေကို အထူးအာရုံစိုက်ပြီး ဖြေလျှော့ထားပါ။ အဲဒီနောက် လက်ဖျံဆီကို စိတ်အာရုံပြောင်းလိုက်ပြီး ဖြေလျှော့လိုက်ပါ။ ဒီလိုပြုလုပ်မှုမျိုးကို အလေ့အကျင့်ဖြစ်အောင် ထပ်ကာထပ်ကာ ပြုလုပ်ပေးပါ။

#ခြေထောက်တွေကို လျှော့ပေးပါ

အပေါ်ပိုင်းခန္ဓာကိုယ်ကို ပျော့ပျော့ပြောင်းပြောင်း ဖြစ်စေပြီးသကာလ အောက်ပိုင်းခန္ဓာကိုယ်ကို အာရုံစိုက်လိုက်ပါ။

ခြေထောက်အတွင်းက အကြောမှန်သမျှကို ပျော့ပျော့ပြောင်းပြောင်း ဖြစ်စေပြီး၊ တစ်ဖက်ချင်းကို ပေါင်ခြံကြွက်သားမှသည့် ခြေသလုံး ခြေဖျားတွေအထိ ဘာဖိအားမှမရှိစေဘဲ ပျော့ပြောင်းနေပါစေ။ နဖူးပြင် ကြွက်သားမှ ခြေချောင်းကြွက်သားလေးတွေအထိ ဖော့ဖယောင်းလို့ ပျော့ပြောင်းနေပါစေ။

#စိတ်အာရုံကို ရှင်းရှင်းထားပါ

အိပ်ခါနီးမှာ မဆပ်ရတဲ့အကြွေးတွေ၊ ရမယ့် အကြွေးစာရင်းတွေ စိတ်ထဲကနေ လိုက်ပေါင်းမနေပါနဲ့တော့။ စိတ်ကို ဘာမှ မရေးချယ်ရသေးတဲ့ ဝှိုက်ဘုတ်တစ်ခုလို သဘောထားလိုက်ပါ။ စိတ်ထဲမှာ မည့်သည့်အတွေးဖိအားမှ ရှိမနေပါစေနဲ့။

တစ်နေ့တာ ကျော်လွန်သွားတဲ့အချိန်တွေအကြောင်း ပြန်မစဉ်းစားဘဲ၊ အနာဂတ်အကြောင်းကိုလည်း မေ့ထားလိုက်ပါ။ စိတ်ကို ငြိမ်အောင်ထားပြီး ပုံရိပ်အငြိမ်တစ်ခုကို မြင်ယောင်နေလိုက်ပါ။

အမှောင်ခန်းတစ်ခုထဲမှာ ဟာလာဟင်းလင်း အိပ်စက်နေသလိုမျိုး စိတ်ကူးလိုက်ပါ။ တကယ်လို့ အတွေးကာ အာရုံမစိုက်နိုင်ဘဲ ပျံ့နေတယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအတွင်း “မတွေးဘူး … မတွေးဘူး”ထပ်ကာထပ်ကာ ရွတ်နေလိုက်ပါ။

ဒါမှမဟုတ် အမှတ်စဉ် (၁-၂-၃)လောက်အထိ အကြိမ်ကြိမ် ရေတွက်နေလိုက်ပါ။

ဒီအချက်တွေကိုသာ အောင်မြင်စွာ ထိန်းချုပ်နိုင်မယ်ဆိုရင် သင်ဟာ (၂)မိနစ်အတွင်းမှာ ကောင်းကောင်း အိပ်ပျော်နေမှာပါ။

ဒီစနစ်ဟာ အမေရိကန် တိုက်ပွဲဝင်စစ်သည်တွေ ကျကျနန လေ့ကျင့်ထားတဲ့ နည်းစနစ်တွေဖြစ်ပါတယ်။ စစ်သားဆိုတော့ ရတဲ့အချိန်လေးမှာ ပျော်အောင်အိပ်ရတာမို့၊ ဒီနည်းနဲ့ အိပ်ချိန်ကို အမြန်လုယူရတယ်လို့ ဆိုပါတယ်။

Credit to လင်းဇော်ကို

Be the first to comment

Leave a Reply

Your email address will not be published.


*