တော်တော်လည်တဲ့ လူကွာ
တော်တော်လည်တဲ့ လူကွာ
တော်တော်လည်တဲ့ လူကွာ
တော်တော်လည်တဲ့ လူကွာ
Unicode
တော်တော်လည်တဲ့ လူကွာ
တရုတ်နိုင်ငံက ဆရာဝန် တစ်ယောက်ဟာ အမေရိကန်နိုင်ငံကို ရောက်လာတယ်။ တစ်လကြာတဲ့အချိန်ထိ အလုပ်ရှာမရတာနဲ့ အခန်းငှားပြီး ဆေးခန်းတစ်ခု ဖွင့်လိုက်တယ်။ ဆေးခန်းအပြင်မှာ ဆိုင်းဘုတ်တစ်ခု ထောင်ထားလိုက်တယ်။ ဆိုင်းဘုတ်ပေါ်မှာ ခုလို စာရေးထားတယ် ။
– “ဆေးတစ်ခါကု ဒေါ်လာ ၂၀ ပါ။ ကုသလို့ မပျောက်ကင်းရင် ဒေါ်လာ ၁၀၀ ပြန်ပေးမည်” ။
အမေရိကန်ရှေ့နေတစ်ယောက်ဟာ ဆေးခန်းရှေ့က ဖြတ်သွားရင်း ဒေါ် ၁၀၀ အလကားရပြီဆိုပြီး ဆေးခန်းထဲ ဝင်သွားတယ် ။
တရုတ်ဆရာ ….. “ဘာဖြစ်လို့လဲ” ။
ရှေ့နေ …………. “ကျွန်တော့်လျှာဟာ အရသာ ခံစားလို့ မရလို့ပါ” ။
တရုတ်ဆရာ ….. “သူနာပြုဆရာမရေ ဆေးပုလင်း နံပါတ် ၂၂ က ဆေးရည်ကို သူ့လျှာပေါ်ကို အစက် ၃ စက် ချပေးလိုက်ပါ” ။
ရှေ့နေ ………… “ဟာ အခုအစက်ချလိုက်တာ ရေနံဆီပါ” ။
တရုတ်ဆရာ …. “အိုကေ၊ မင်းရဲ့ လျှာအရသာပြန်ခံစားလို့ ရပြီ။ ပေး ဒေါ်လာ ၂၀” ။
ရှေ့နေဟာ မကျေနပ်လို့ အဲဒီဆေးခန်းကို ၂ ရက်အကြာမှာ ထပ်သွားတယ် ။
တရုတ်ဆရာ ….. “ဆရာ ဘာဖြစ်ပြန်ပြီလဲ” ။
ရှေ့နေ …………. “ကျွန်တော့်မှတ်ဉာဏ် မကောင်းတော့ဘူး။ ဘာတစ်ခုမှ မမှတ်မိတော့ဘူး” ။
တရုတ်ဆရာ ….. “သူနာပြုဆရာမရေ ဆေးပုလင်း နံပါတ် ၂၂ က ဆေးရည်ကို သူ့လျှာပေါ်ကို အစက် ၃ စက် ချပေးလိုက်ပါ” ။
ရှေ့နေ ………… “ဟာ အခု ချလိုက်တဲ့ အစက်ဟာ ရေနံဆီပါ။ အရင်တစ်ခါ လျှာအရသာ ပျက်လို့ ချပေးတာနဲ့ အတူတူပါပဲ” ။
တရုတ်ဆရာ …. “အိုကေ။ မင်းရဲ့ မှတ်ဉာဏ်ပြန်ကောင်းသွားပြီ။ ပေး ဒေါ်လာ ၂၀” ။
ရှေ့နေဟာ အတော့်ကို မကျေနပ်ဘူး။ ဒီတစ်ခါ အပိုင်လုပ်မယ်ဆိုပြီး တပါတ်အကြာမှာ ဆေးခန်းကို ထပ်သွားပြန်တယ် ။
တရုတ်ဆရာ ….. “ဆရာရေ၊ ဒီတစ်ခါလည်း ဘာဖြစ်ပြန်ပြီလဲ” ။
ရှေ့နေ …………. “ကျွန်တော့်မျက်စေ့တွေ အရမ်းမှုန်သွားတယ်။ ဘာမှကို မမြင်ရတော့ဘူး” ။
တရုတ်ဆရာ ….. “အေးဗျာ၊ ကျွန်တော့မှာ မျက်စေ့ရောဂါအတွက် ဆေးမရှိဘူး။ ဒါကြောင့် ဒေါ်လာ ၁၀၀ သာ ယူလိုက်ပါတော့။” ။
ရှေ့နေ ………… “ဟာ ဒါက ဒေါ်လာ ၂၀ တန်ပါ။ ဒေါ်လာ ၁၀၀ မဟုတ်ပါဘူး” ။
တရုတ်ဆရာ …. “အိုကေ။ မင်းရဲ့ မျက်စေ့မမြင်ရတာ ပြန်ကောင်းသွားပြီ။ ပေး ဒေါ်လာ ၂၀” ။
အမေရိကန်ရှေ့နေလည်း စကားတစ်ခွန်းကို တိုးတိုးရေရွတ်ရင်းမကျေမနပ်နဲ့ ဆေးခန်းက ပြန်ထွက်သွားတယ် ။
– “တော်တော်လည်တဲ့ လူကွာ” တဲ့ ။
အင်တာနက်က ရှာတွေ့တာပါ ။
Be the first to comment
Leave a Reply
Your email address will not be published.
*