လူမႈဝန္ထမ္း

လူမႈဝန္ထမ္း
လူမႈဝန္ထမ္း

လူမႈဝန္ထမ္း

က်ေနာ္ 9 miles Ocean အေပၚထပ္မွာ ေနခဲ့စဥ္က ဒီကေလးကို သတိ ထားမိခဲ့တာပါ။ သူက မနက္ အေစာႀကီး ၅ နာရီ ေလာက္ဆို Ocean ေအာက္က ကား ပါကင္ကို ေရာက္ေနတတ္တယ္ ။ ပန္းေတြသီထားတဲ့ ႀကိဳးေလးေတြကို ကိုင္ရင္းနဲ႔ေပါ့ ။ ။

က်ေနာ္ တစ္ခါ တစ္ေလ လမ္းႀကဳံရင္ မုန႔္ဖိုး ေပးျဖစ္ခဲ့တယ္ ။ အခ်ိဳ႕ေဈးဝယ္သူ ၊ ဆိုင္ရွင္ေတြလဲ မုန႔္ဖိုး ေပးၾကတယ္ ။ အခ်ိဳ႕ဆို ေဆးေတြမုန႔္ေတြပါ ၊ ocean ထဲက ဝယ္လာေပးတတ္တယ္ ။ မိသားစုဝမ္းေရးအတြက္ ေက်ာင္းတတ္ရမဲ့ အ႐ြယ္မွာ ၊ ေက်ာင္းမတတ္ႏိုင္တာေတာ့ စိတ္မေကာင္းဘူးဗ်ာ …..။

သူက ေပ်ာ္လဲ ေပ်ာ္တတ္တယ္ ထင္တယ္ အၿမဲၿပဳံးၿပဳံးပဲဗ် က်ေနာ္နဲ႔ေတြ႕ရင္

သူ႔ကို ေမးၾကည့္ဖူးတယ္ ဘယ္မွာေနတာလဲလို႔

” ဟုတ္ကိုႀကီး က်ေနာ္ ေျမာက္ဥကၠလာ ကပါ ” တဲ့

ဘယ္အခ်ိန္ထဲက ေရာက္ေနတာလဲလို႔ ေမးေတာ့

” မနက္ ၅ နာရီ ေက်ာ္ထဲက ”

ေက်ာင္း မတတ္ေတာ့ဘူးလား ဆိုေတာ့

” အိမ္က အဆင္မေျပဘူး အာ့ေၾကာင့္ ပန္းေရာင္းေနတာ ” တဲ့

သူက ေန႔လည္ ၁၁ နာရီ ေလာက္ဆို ကားပါကင္မွာပဲ စံပယ္ပန္းေလးေတြ ကိုင္ရက္ … ႀကဳံရာေနရာမွာ အဲ့လိုေလး အိပ္ေနတတ္တယ္ ။ သူ႔စိက ပန္း ဝယ္ခ်င္ေပမဲ့ အိပ္ေနတာကို ျမင္ၿပီး မႏႈိးရက္တဲ့ လူေတြဆို ပိုက္ဆံေလးပဲ ခ်ၿပီး ထြက္သြားၾကတယ္ … ။ က်ေနာ့္မ်က္ျမင္ပါပဲ ….။
ေန႔လည္ ၂ နာရီ ေလာက္ဆို မေတြ႕ရေတာ့ဘူးဗ် ျပန္သြားတာ ထင္ပါရက္ … …

မိုးတြင္းဆို အၿမဲ သူ႔အဝတ္စားေတြက စို႐ြဲ ေနတတ္ၿပီး ခႏၶာကိုယ္ကလဲ တုန္ရီေနတတ္ပါတယ္ …. … ။ ဒီလို ဆယ္ေက်ာ္သက္ေလးက ပင္ပန္းမႈ ဒဏ္ကိုဘယ္ေလာက္ထိ ခံစားထားရလဲ က်ေနာ္မသိဘူး ။

ဒါေပမဲ့ … … …

သူ႔ကို ေစတနာရွိလို႔ လႉဒါန္းခ်င္တယ္ ။ ေပးကမ္းခ်င္တယ္ ဆိုရင္ေတာ့ ရန္ကုန္တိုင္း ၊ မရမ္းကုန္းၿမိဳ႕နယ္ ၊ 9miles Ocean ေအာက္ ကား ပါကင္ေလးကသာ အဝင္ထြက္လုပ္ ေဈးဝယ္ၿပီး ေပးကမ္း ၊ လႉဒါန္းလို႔ ရပါတယ္ ။

က်ေနာ္က စာေရးဆရာတစ္ေယာက္ မဟုတ္ေတာ့ အခုေရးသားထားတဲ့ စာစုေတြထဲမွာ လိုအပ္ခ်က္ေတြ ၊ အမွားေတြမ်ား ပါခဲ့သည္ရွိေသာ္ ခြင့္လႊတ္ေပးေစခ်င္ပါတယ္ ။ …. …. …. …

KoZin

Unicode

လူမှုဝန်ထမ်း

ကျနော် 9 miles Ocean အပေါ်ထပ်မှာ နေခဲ့စဉ်က ဒီကလေးကို သတိ ထားမိခဲ့တာပါ။ သူက မနက် အစောကြီး ၅ နာရီ လောက်ဆို Ocean အောက်က ကား ပါကင်ကို ရောက်နေတတ်တယ် ။ ပန်းတွေသီထားတဲ့ ကြိုးလေးတွေကို ကိုင်ရင်းနဲ့ပေါ့ ။ ။

ကျနော် တစ်ခါ တစ်လေ လမ်းကြုံရင် မုန့်ဖိုး ပေးဖြစ်ခဲ့တယ် ။ အချို့ဈေးဝယ်သူ ၊ ဆိုင်ရှင်တွေလဲ မုန့်ဖိုး ပေးကြတယ် ။ အချို့ဆို ဆေးတွေမုန့်တွေပါ ၊ ocean ထဲက ဝယ်လာပေးတတ်တယ် ။ မိသားစုဝမ်းရေးအတွက် ကျောင်းတတ်ရမဲ့ အရွယ်မှာ ၊ ကျောင်းမတတ်နိုင်တာတော့ စိတ်မကောင်းဘူးဗျာ …..။

သူက ပျော်လဲ ပျော်တတ်တယ် ထင်တယ် အမြဲပြုံးပြုံးပဲဗျ ကျနော်နဲ့တွေ့ရင်

သူ့ကို မေးကြည့်ဖူးတယ် ဘယ်မှာနေတာလဲလို့

” ဟုတ်ကိုကြီး ကျနော် မြောက်ဥက္ကလာ ကပါ ” တဲ့

ဘယ်အချိန်ထဲက ရောက်နေတာလဲလို့ မေးတော့

” မနက် ၅ နာရီ ကျော်ထဲက ”

ကျောင်း မတတ်တော့ဘူးလား ဆိုတော့

” အိမ်က အဆင်မပြေဘူး အာ့ကြောင့် ပန်းရောင်းနေတာ ” တဲ့

သူက နေ့လည် ၁၁ နာရီ လောက်ဆို ကားပါကင်မှာပဲ စံပယ်ပန်းလေးတွေ ကိုင်ရက် … ကြုံရာနေရာမှာ အဲ့လိုလေး အိပ်နေတတ်တယ် ။ သူ့စိက ပန်း ဝယ်ချင်ပေမဲ့ အိပ်နေတာကို မြင်ပြီး မနှိုးရက်တဲ့ လူတွေဆို ပိုက်ဆံလေးပဲ ချပြီး ထွက်သွားကြတယ် … ။ ကျနော့်မျက်မြင်ပါပဲ ….။
နေ့လည် ၂ နာရီ လောက်ဆို မတွေ့ရတော့ဘူးဗျ ပြန်သွားတာ ထင်ပါရက် … …

မိုးတွင်းဆို အမြဲ သူ့အဝတ်စားတွေက စိုရွဲ နေတတ်ပြီး ခန္ဓာကိုယ်ကလဲ တုန်ရီနေတတ်ပါတယ် …. … ။ ဒီလို ဆယ်ကျော်သက်လေးက ပင်ပန်းမှု ဒဏ်ကိုဘယ်လောက်ထိ ခံစားထားရလဲ ကျနော်မသိဘူး ။

ဒါပေမဲ့ … … …

သူ့ကို စေတနာရှိလို့ လှူဒါန်းချင်တယ် ။ ပေးကမ်းချင်တယ် ဆိုရင်တော့ ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ် ၊ 9miles Ocean အောက် ကား ပါကင်လေးကသာ အဝင်ထွက်လုပ် ဈေးဝယ်ပြီး ပေးကမ်း ၊ လှူဒါန်းလို့ ရပါတယ် ။

ကျနော်က စာရေးဆရာတစ်ယောက် မဟုတ်တော့ အခုရေးသားထားတဲ့ စာစုတွေထဲမှာ လိုအပ်ချက်တွေ ၊ အမှားတွေများ ပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးစေချင်ပါတယ် ။ …. …. …. …

KoZin

Be the first to comment

Leave a Reply

Your email address will not be published.


*