ပိုက္ဆံကို သုံးသင့္တဲ့ေနရာ ( ၅ ) မ်ိဳး နဲ႔ မသုံးသင့္တဲ့ေနရာ( ၅ ) မ်ိဳး

ပိုက္ဆံကို သုံးသင့္တဲ့ေနရာ ( ၅ ) မ်ိဳး နဲ႔ မသုံးသင့္တဲ့ေနရာ( ၅ ) မ်ိဳး
ပိုက္ဆံကို သုံးသင့္တဲ့ေနရာ ( ၅ ) မ်ိဳး နဲ႔ မသုံးသင့္တဲ့ေနရာ( ၅ ) မ်ိဳး

ပိုက္ဆံကို သုံးသင့္တဲ့ေနရာ ( ၅ ) မ်ိဳး နဲ႔ မသုံးသင့္တဲ့ေနရာ( ၅ ) မ်ိဳး

ပိုက္ဆံဟာ ကၽြန္ေတာ္တို႔ေန႔စဥ္ဘဝအတြက္ မရွိမျဖစ္အရာပါ။ အျမဲတမ္းသုံးစြဲေနရတဲ့ ဒီပိုက္ဆံကို မွန္မွန္ကန္ကန္ အသုံးခ်တတ္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ ေပၚသမၽွအသစ္အသစ္ေသာ အရာေတြကို ဝယ္ယူရင္း သင္ဟာ ေငြေၾကးဆိုင္ရာ ေသာက ေတြမ်ားလာရမွာ ဧကန္ပါပဲ။ ဒီေတာ့ ကၽြန္ေတာ္တို႔ရဲ့ ပိုက္ဆံေတြကို ဘယ္ေနရာမွာ သုံးသင့္ၿပီး ဘယ္ေနရာမွာ မသုံးသင့္ဘူးလဲ။

ပိုက္ဆံကို အရမ္းမသုံးသင့္တဲ့ေနရာ(၅)မ်ိဳးကေတာ့

၁။ အီလက္ထေရာနစ္ ပစၥည္းမ်ား

ယေန႔အခါ အီလက္ထေရာနစ္ပစၥည္းေတြဟာ ကၽြန္ေတာ္တို႔ဘဝေတြအတြက္ မရွိမျဖစ္အရာေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပစၥည္းေတြကို လိုအပ္တာထက္ ပိုၿပီး မဝယ္ယူသင့္ပါဘူး။ ေန႔တိုင္းေန႔တိုင္း အသစ္အသစ္ေတြ ထြက္ရွိလာတာေၾကာင့္ပဲျဖစ္ပါတယ္။ ဒီေတာ့ အသစ္ေတြထြက္တိုင္း မဝယ္ယူပဲ သင့္ေတာ္တဲ့ပစၥည္းေတြကို ဝယ္ယူရင္း အခ်ိန္တစ္ခုထိသုံးသင့္ပါတယ္။

၂။ အိမ္အလွဆင္ ပစၥည္းမ်ား

လူတိုင္းကေတာ့ကိုယ္အိမ္ေလးကိုလွခ်င္ၾကတာပါပဲ။ ဒါေပမယ့္အျခားသူေတြရဲ့အျပင္အဆင္ေတြကိုေတြ႕တိုင္း၊ စာအုပ္ေတြထဲမွာျမင္ရတိုင္း လိုက္လံေျပာင္းလဲဖို႔ေတာ့ မႀကိဳးစားသင့္ပါဘူး။ ေတာ္႐ုံပဲ အသုံးျပဳသင့္ပါတယ္။

၃။ Fancy လက္ဝတ္ရတနာမ်ား

လက္ပတ္နာရီနဲ႔အျခား Fancy လက္ဝတ္ရတနာေတြဟာ လည္းေန႔စဥ္ဘဝအတြက္ လိုအပ္ပါတယ္။ ဒါေပမယ့္ ဒီအရာေတြကိုလည္း ခ်င့္ခ်ိန္ၿပီးမွ ဝယ္ယူသင့္ပါတယ္။

၄။ အသစ္အသစ္ေသာ fashion ပစၥည္းမ်ား

အရာအရာတိုင္းအသစ္အသစ္ေတြထြက္ေနသလိုဒီ fashion အသုံးအေဆာင္ေတြဟာလည္းပိုလို႔ေတာင္ထြက္ရွိေနပါေသးတယ္။သေဘာက်တိုင္း၊အသစ္ထြက္တိုင္း အလြန္အမင္း ဝယ္ယူဖို႔ မသင့္ပါဘူး။

၅။ ကားမ်ား

ကားေတြဟာလည္းအလြန္အမင္းဝယ္ယူသင့္တဲ့အရာထဲမွာမပါပါဘူး။ဒီေန႔ဝယ္လိုက္တဲ့ကားဟာမနက္ျဖန္မွာေမာ္ဒယ္ေအာက္သြားပါၿပီ။ ကိုယ္ဝယ္စဥ္ကေဈးႀကီးႀကီးေပးဝယ္ခဲ့တဲ့ဒီအရာေတြဟာမစီးခ်င္လို႔ျပန္ေရာင္းတဲ့အခါမွာအလြန္အမင္းေဈးက်သြားတာ အားလုံးသိတဲ့အတိုင္းပါပဲ။ ဒါေၾကာင့္ ဒီအရာေတြအတြက္လည္း ေငြအရမ္းႀကီး မသုံးသင့္ပါဘူး

ပိုက္ဆံသုံးသင့္တဲ့အရာ(၅)မ်ိဳးကေတာ့

၁။ ပညာေရး

ကၽြန္ေတာ္တို႔ဘဝေတြ တစ္ဆင့္ကေန တစ္ဆင့္တိုးတက္ဖို႔ အတြက္ ကိုယ္နဲ႔သက္ဆိုင္တဲ့ပညာ အသီးသီးကို ကၽြန္ေတာ္တို႔လိုအပ္ၾကပါတယ္။ တစ္ခ်ိဳ႕သင္တန္းေတြဟာ ေဈးႀကီးတယ္လို႔ ထင္ရေပမယ့္ ကိုယ့္အတြက္လိုအပ္တယ္ဆိုရင္တက္သင့္ပါတယ္။ ဒီေနရာမွာေတာ့ ပိုက္ဆံကိုေခၽြတာေနဖို႔မလိုအပ္ပါဘူး။

၂။ ခရီးသြားျခင္း
ခရီးတစ္ခုသြားရင္ ပိုက္ဆံေတာ္ေတာ္ကုန္တတ္ပါတယ္။ ဒါေပမယ့္ ဒီလိုခရီးထြက္ျခင္းက စိတ္ကိုအပန္းေျပေစတဲ့အျပင္ ကုန္သြားတဲ့ပိုက္ဆံထက္ပိုၿပီး တန္ဖိုးရွိတဲ့ လြတ္လပ္လန္းဆန္းျခင္းနဲ႔ ေဒသႏၲရ ဗဟုသုတေတြ၊အေတြးအေခၚသစ္ေတြကိုပါ ရရွိေစနိုင္တဲ့အတြက္ဒီေနရာမွာလည္း ပိုက္ဆံကိုသုံးဖို႔လိုအပ္ပါတယ္။

၃။ ဂီတ

ဂီတဆိုင္ရာတူရိယာ တစ္ခုခုတီးဖို႔ သင္ၾကားဖို႔ပဲျဖစ္ျဖစ္၊သီခ်င္းေခြနဲ႔အျခားဂီတဆိုင္ရာ ပစၥည္းေတြ ဝယ္တဲ့ေနရာမွာေတာ့ ပိုက္ဆံကိုသုံးသင့္ပါတယ္။ ကၽြန္ေတာ္တို႔တေတြ အျမဲတမ္းအလုပ္ခ်ည္းပဲ လုပ္ေနလို႔ မျဖစ္နိုင္ပါဘူး။ တစ္ခါတစ္ရံမွာေတာ့ စိတ္အပန္းေျပေစဖို႔အတြက္ ဂီတဟာ မရွိမျဖစ္လိုအပ္တဲ့အတြက္ေၾကာင့္ ဒီေနရာမွာလည္း သင့္ပိုက္ဆံကို သုံးလိုက္ပါ။

၄။ စာအုပ္မ်ား

စာအုပ္ေတြဟာ ရတနာေတြထက္ ပိုၿပီးတန္ဖိုးရွိပါတယ္။ဒီစာအုပ္ေတြထဲကေန ကၽြန္ေတာ္တို႔အတြက္ အဖိုးမျဖတ္နိုင္တဲ့ သုတ ရသ ေတြကိုရရွိနိုင္တဲ့အတြက္ေၾကာင့္ပါ။ ဒါ့ေၾကာင့္ တန္ဖိုးရွိတဲ့ စာအုပ္ေတြဝယ္ဖို႔အတြက္သင့္ရဲ့ေငြကိုသုံးလိုက္ပါ။

၅။ က်န္းမာေရး

က်န္းမာေရးဟာ ကၽြန္ေတာ္တို႔ဘဝအတြက္ အေရးႀကီးဆုံးအရာပဲျဖစ္ပါတယ္။ အဲ့ဒီေတာ့ က်န္းမာေရးနဲ႔ပါတ္သတ္တဲ့ သင္တန္းတစ္ခုခုတက္တာပဲျဖစ္ျဖစ္၊ေဆးဝါးနဲ႔အျခားက်န္းမာေစမယ့္ အစားအစာေတြစားတာပဲျဖစ္ျဖစ္ ဝယ္ယူတဲ့ေနရာမွာလည္း ပိုက္ဆံကိုအသုံးခ်သင့္ပါတယ္။

crd

Unicode

ပိုက်ဆံကို သုံးသင့်တဲ့နေရာ ( ၅ ) မျိုး နဲ့ မသုံးသင့်တဲ့နေရာ( ၅ ) မျိုး

ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။

ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့

၁။ အီလက်ထရောနစ် ပစ္စည်းများ

ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။

၂။ အိမ်အလှဆင် ပစ္စည်းများ

လူတိုင်းကတော့ကိုယ်အိမ်လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။

၃။ Fancy လက်ဝတ်ရတနာများ

လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရတနာတွေဟာ လည်းနေ့စဉ်ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။

၄။ အသစ်အသစ်သော fashion ပစ္စည်းများ

အရာအရာတိုင်းအသစ်အသစ်တွေထွက်နေသလိုဒီ fashion အသုံးအဆောင်တွေဟာလည်းပိုလို့တောင်ထွက်ရှိနေပါသေးတယ်။သဘောကျတိုင်း၊အသစ်ထွက်တိုင်း အလွန်အမင်း ဝယ်ယူဖို့ မသင့်ပါဘူး။

၅။ ကားများ

ကားတွေဟာလည်းအလွန်အမင်းဝယ်ယူသင့်တဲ့အရာထဲမှာမပါပါဘူး။ဒီနေ့ဝယ်လိုက်တဲ့ကားဟာမနက်ဖြန်မှာမော်ဒယ်အောက်သွားပါပြီ။ ကိုယ်ဝယ်စဉ်ကဈေးကြီးကြီးပေးဝယ်ခဲ့တဲ့ဒီအရာတွေဟာမစီးချင်လို့ပြန်ရောင်းတဲ့အခါမှာအလွန်အမင်းဈေးကျသွားတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒါကြောင့် ဒီအရာတွေအတွက်လည်း ငွေအရမ်းကြီး မသုံးသင့်ပါဘူး

ပိုက်ဆံသုံးသင့်တဲ့အရာ(၅)မျိုးကတော့

၁။ ပညာရေး

ကျွန်တော်တို့ဘဝတွေ တစ်ဆင့်ကနေ တစ်ဆင့်တိုးတက်ဖို့ အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ပညာ အသီးသီးကို ကျွန်တော်တို့လိုအပ်ကြပါတယ်။ တစ်ချို့သင်တန်းတွေဟာ ဈေးကြီးတယ်လို့ ထင်ရပေမယ့် ကိုယ့်အတွက်လိုအပ်တယ်ဆိုရင်တက်သင့်ပါတယ်။ ဒီနေရာမှာတော့ ပိုက်ဆံကိုချွေတာနေဖို့မလိုအပ်ပါဘူး။

၂။ ခရီးသွားခြင်း
ခရီးတစ်ခုသွားရင် ပိုက်ဆံတော်တော်ကုန်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုခရီးထွက်ခြင်းက စိတ်ကိုအပန်းပြေစေတဲ့အပြင် ကုန်သွားတဲ့ပိုက်ဆံထက်ပိုပြီး တန်ဖိုးရှိတဲ့ လွတ်လပ်လန်းဆန်းခြင်းနဲ့ ဒေသန္တရ ဗဟုသုတတွေ၊အတွေးအခေါ်သစ်တွေကိုပါ ရရှိစေနိုင်တဲ့အတွက်ဒီနေရာမှာလည်း ပိုက်ဆံကိုသုံးဖို့လိုအပ်ပါတယ်။

၃။ ဂီတ

ဂီတဆိုင်ရာတူရိယာ တစ်ခုခုတီးဖို့ သင်ကြားဖို့ပဲဖြစ်ဖြစ်၊သီချင်းခွေနဲ့အခြားဂီတဆိုင်ရာ ပစ္စည်းတွေ ဝယ်တဲ့နေရာမှာတော့ ပိုက်ဆံကိုသုံးသင့်ပါတယ်။ ကျွန်တော်တို့တတွေ အမြဲတမ်းအလုပ်ချည်းပဲ လုပ်နေလို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာတော့ စိတ်အပန်းပြေစေဖို့အတွက် ဂီတဟာ မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ဒီနေရာမှာလည်း သင့်ပိုက်ဆံကို သုံးလိုက်ပါ။

၄။ စာအုပ်များ

စာအုပ်တွေဟာ ရတနာတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်။ဒီစာအုပ်တွေထဲကနေ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သုတ ရသ တွေကိုရရှိနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့ စာအုပ်တွေဝယ်ဖို့အတွက်သင့်ရဲ့ငွေကိုသုံးလိုက်ပါ။

၅။ ကျန်းမာရေး

ကျန်းမာရေးဟာ ကျွန်တော်တို့ဘဝအတွက် အရေးကြီးဆုံးအရာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ သင်တန်းတစ်ခုခုတက်တာပဲဖြစ်ဖြစ်၊ဆေးဝါးနဲ့အခြားကျန်းမာစေမယ့် အစားအစာတွေစားတာပဲဖြစ်ဖြစ် ဝယ်ယူတဲ့နေရာမှာလည်း ပိုက်ဆံကိုအသုံးချသင့်ပါတယ်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*