ေၾကာက္စရာ ေကာင္းေသာသူ

ေၾကာက္စရာ ေကာင္းေသာသူ
ေၾကာက္စရာ ေကာင္းေသာသူ

ေၾကာက္စရာ ေကာင္းေသာသူ

တစ္ခါတေလမွာ လူမုိက္ေတြထက္ လူယုတ္မာေတြက ပုိေၾကာက္စရာ ေကာင္းတယ္ ။ လူရမ္းကားေတြထက္ ဟန္ေဆာင္ေကာင္း သူေတြက ဘဝနဲ႔ အသက္ ကုိပါ ယူသြား တတ္ၾက တယ္ ။

ပုံဆုိး ပန္းဆုိး လူေတြထက္ မင္းသားေခါင္းေဆာင္း ထားေသာ ဘီလူးေတြက ရက္စက္ တတ္ၾက တယ္။ စကားၾကမ္းၾကမ္း တမ္းတမ္းေျပာေန သူထက္ အတြင္းေကာက္ၿပီး အျပင္မွာ ခ်ဳိေနသူေတြက လက္တစ္ဆုံး ႏုိက္သြား တတ္ၾက တယ္။

စိတ္တုိတတ္ၿပီး ေျဖာင့္ေျဖာင့္ သြားေန သူထက္ ႏူးညံ့သလုိနဲ႔ ေပ်ာ့ေပ်ာ့အိအိ ခ်ဳိသာေနသူက “ေဒါင္းေယာင္ေဆာင္ေသာ က်ီး” ျဖစ္ေန တတ္တယ္ ။ 💞

အေကာင္းေျပာေန သူထက္ အေျပာေကာင္းၿပီး ေျမႇာက္ပင့္ေန တတ္သူက ကုိယ့္အိတ္ ထဲကုိ အကုန္ ႏုိက္သြား တတ္တယ္။ စကားနည္းသူထက္ တစ္ခါတေလမွာ သေဘာက် လာေအာင္ စကားကုိ ရြန္းရြန္းေဝ ေအာင္ ေျပာေန တတ္သူက လိမ္သြား တတ္တယ္ ။

အေနတည္ၿပီး အျပဳံးနည္း သူထက္ အျပဳံးမ်ားၿပီး သေဘာေကာင္းခ်င္ ေယာင္ေဆာင္ေန တတ္သူက ယုံၾကည္​မႈကုိ တက္နင္း သြားတတ္ တယ္ ။

ပြင့္လင္းၿပီး စကားကုိ စည္းေဘာင္ လြတ္ေအာင္ ေျပာတတ္သူထက္ ပညာ႐ွိဆန္ဆန္ စကားကုိထိမ္းေျပာပီး သူ႔စိတ္ရင္းကုိ မျမင္ရေအာင္ ဖုံးကြယ္ေန တတ္သူက ေၾကာက္ စရာေကာင္းတယ္ ။ 💝

စိတ္တုိလြယ္ၿပီး ရင္ထဲမွာ အမွတ္အေတး မထားတတ္ သူထက္ မေက်နပ္မူွေတြကုိ ထိမ္းခ်ဳပ္ၿပီး ျပဳံးျပေန သူက တစ္ခ်ိန္ခ်ိန္မွာ သင့္ ဘဝနဲ႔ အသက္ကုိ စုတ္ျပတ္ သတ္သြားေအာင္ လုပ္ တတ္တယ္ ။

ေလာကမွာ ေၾကာက္စရာေကာင္းေသာ လူတုိင္းသည္ စိတ္ရင္းကုိ ထုတ္မျပၾကဘဲ ဟန္ေဆာင္ကာ အခြင့္အေရးကုိ ေစာင့္ေနၿပီး အခြင့္အလမ္း အျဖစ္ အသုံးခ်၍ အတုိးေရာ အရင္းပါ မေက်နပ္သူ ဆီ က ျပန္ေတာင္း တတ္ၾက တယ္ ။

သူငယ္ခ်င္း မည္သူ႔ကုိမဆုိ စိတ္ဆုိးေအာင္ လုပ္မိ ခဲ့ရင္ေတာင္ စိတ္နာက်င္ သြားေအာင္ေတာ့ မလုပ္မိေစ နဲ႔ ေနာ္ ။ 💖

Credit

Unicode

ကြောက်စရာ ကောင်းသောသူ

တစ်ခါတလေမှာ လူမိုက်တွေထက် လူယုတ်မာတွေက ပိုကြောက်စရာ ကောင်းတယ် ။ လူရမ်းကားတွေထက် ဟန်ဆောင်ကောင်း သူတွေက ဘဝနဲ့ အသက် ကိုပါ ယူသွား တတ်ကြ တယ် ။

ပုံဆိုး ပန်းဆိုး လူတွေထက် မင်းသားခေါင်းဆောင်း ထားသော ဘီလူးတွေက ရက်စက် တတ်ကြ တယ်။ စကားကြမ်းကြမ်း တမ်းတမ်းပြောနေ သူထက် အတွင်းကောက်ပြီး အပြင်မှာ ချိုနေသူတွေက လက်တစ်ဆုံး နိုက်သွား တတ်ကြ တယ်။

စိတ်တိုတတ်ပြီး ဖြောင့်ဖြောင့် သွားနေ သူထက် နူးညံ့သလိုနဲ့ ပျော့ပျော့အိအိ ချိုသာနေသူက “ဒေါင်းယောင်ဆောင်သော ကျီး” ဖြစ်နေ တတ်တယ် ။ 💞

အကောင်းပြောနေ သူထက် အပြောကောင်းပြီး မြှောက်ပင့်နေ တတ်သူက ကိုယ့်အိတ် ထဲကို အကုန် နိုက်သွား တတ်တယ်။ စကားနည်းသူထက် တစ်ခါတလေမှာ သဘောကျ လာအောင် စကားကို ရွန်းရွန်းဝေ အောင် ပြောနေ တတ်သူက လိမ်သွား တတ်တယ် ။

အနေတည်ပြီး အပြုံးနည်း သူထက် အပြုံးများပြီး သဘောကောင်းချင် ယောင်ဆောင်နေ တတ်သူက ယုံကြည်မှုကို တက်နင်း သွားတတ် တယ် ။

ပွင့်လင်းပြီး စကားကို စည်းဘောင် လွတ်အောင် ပြောတတ်သူထက် ပညာရှိဆန်ဆန် စကားကိုထိမ်းပြောပီး သူ့စိတ်ရင်းကို မမြင်ရအောင် ဖုံးကွယ်နေ တတ်သူက ကြောက် စရာကောင်းတယ် ။ 💝

စိတ်တိုလွယ်ပြီး ရင်ထဲမှာ အမှတ်အတေး မထားတတ် သူထက် မကျေနပ်မူှတွေကို ထိမ်းချုပ်ပြီး ပြုံးပြနေ သူက တစ်ချိန်ချိန်မှာ သင့် ဘဝနဲ့ အသက်ကို စုတ်ပြတ် သတ်သွားအောင် လုပ် တတ်တယ် ။

လောကမှာ ကြောက်စရာကောင်းသော လူတိုင်းသည် စိတ်ရင်းကို ထုတ်မပြကြဘဲ ဟန်ဆောင်ကာ အခွင့်အရေးကို စောင့်နေပြီး အခွင့်အလမ်း အဖြစ် အသုံးချ၍ အတိုးရော အရင်းပါ မကျေနပ်သူ ဆီ က ပြန်တောင်း တတ်ကြ တယ် ။

သူငယ်ချင်း မည်သူ့ကိုမဆို စိတ်ဆိုးအောင် လုပ်မိ ခဲ့ရင်တောင် စိတ်နာကျင် သွားအောင်တော့ မလုပ်မိစေ နဲ့ နော် ။ 💖

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*