ကၽြန္ေတာ့မွာ အေမ ရွိတယ္

ကၽြန္ေတာ့မွာ အေမ ရွိတယ္
ကၽြန္ေတာ့မွာ အေမ ရွိတယ္

မိန္းမေတြဆိုတာ

ညတစ္ညရဲ့ အျဖစ္အပ်က္ေလးတစ္ခုပါ။

ကၽြန္ေတာ္ ကုတင္ေပၚမွာ မအိပ္ခ်င္ေသးပဲ လွဲလိုက္ မိတယ္။

အသင့္ အိပ္ေပ်ာ္ေနရွာတဲ့ ကၽြန္ေတာ့ရဲ့ အားႏြဲ႕ႏြဲ႕ ခ်စ္ဇနီးေလးရဲ့ ႏူးညံ့ လွပတဲ့ မ်က္ႏွာေလးကို ကၽြန္ေတာ္ ေသခ်ာ ၾကည့္ေနရင္းကေန အေတြး တစ္ခ်ိဳ့ ဝင္လာၿပီး ကၽြန္ေတာ့ဟာ ကၽြန္ေတာ္ ေတြးေနမိတယ္။

မိန္းကေလးဆိုတာ ဘယ္လိုပါလိမ့္ ကၽြန္ေတာ္နဲ႔ မဂၤလာ မေဆာင္ခင္က မိဘအသိုင္းအဝိုင္းရဲ့အခ်စ္ေတြနဲ႔ ထိန္းသိမ္းမႈ႕ေအာက္မွာေနၿပီး ႀကီးျပင္းလာခဲ့တယ္

အခုက် တစ္ခ်က္ထဲ ႐ုတ္တစ္ရက္မွာပဲ သိေတာင္ မသိထားတဲ့ လူတစ္ေယာက္ရဲ့ေဘးမွာ အမိန္႔နာခံရင္းနဲ႔ အိပ္စက္ေနရျပန္တယ္ ကၽြန္ေတာ့ေၾကာင့္ တစ္သက္လုံး အတူေနခဲ့တဲ့ မိဘေတြကို စြန္႔ခြာလာခဲ့ျပန္တယ္ ကၽြန္ေတာ့ကို ပင္ပင္ပန္းပန္း ျပဳစုရင္း ကၽြန္ေတာ့ရဲ့ မေျပာပေလာက္တဲ့ စကားေလးေတြနဲ႔ သူ ေပ်ာ္ေနျပန္တယ္။

ၿပီးေတာ့ ကၽြန္ေတာ့ကိုယ္ ကၽြန္ေတာ္ ေမးခြန္းတစ္ခ်ိဳ့ ေမးေနမိတယ္ ဒါလဲပဲ ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ့လူေတြက မိမိရဲ့ ဇနီးမိန္းမကို ရိုက္ႏွက္ေန ႏိုင္ၾကတာလဲဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ့လူေတြက ႏွစ္ဘဝအတြက္ ရည္စူးၿပီး လာခဲ့သူကို တစ္ဘဝေတာင္ မကုန္ေသးဘူး စိတ္ကုန္သြားၾကတာလဲ

ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ့လူေတြက မိန္းမနဲ႔သားသမီးကို အိမ္မွာ ထားၿပီး သူငယ္ခ်င္းေတြနဲ႔ Hotel ေတြမွာ အစားအေသာက္ေကာင္းေတြ စားေသာက္ေနႏိုင္ၾကတာလဲတစ္ေန႔လုံး ေယာက်ာ္းလာမွ အတူတူ စားမယ္ဆိုၿပီး ထမင္းဝိုင္းေလး အသင့္နဲ႔ ကေလးေတြကို လက္ေဆးေပးၿပီး ထိုင္ေစာင့္ေနတဲ့ မိန္းမကို ဘာလို႔ ေမ့ေနရျပန္တာလဲ

ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ့ တစ္ခ်ိဳ့ေတြက မိန္းမအတြက္ေတာ့ အိမ္ကို ေထာင္လို လုပ္ထားလိုက္ၾကၿပီး ကိုယ္တိုင္က်ေတာ့ အမ်ားသုံး အိမ္သာလို လာခ်င္တဲ့ အခ်ိန္ လာ သြားခ်င္တဲ့ အခ်ိန္ သြားျဖစ္ေနၾကတာလဲ

ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ့ တစ္ခ်ိဳ့ ေတြက မိမိဇနီးကို မ်က္ရည္စက္နဲ႔ ညေတြကို ျဖတ္သန္းေစ ေနတာလဲတစ္ခ်ိဳ့ တစ္ခ်ိဳ့က မိန္းမ မိသားစုကို အခ်ိန္ မေပးပဲ လမ္းေပၚမွာပဲ အခ်ိန္ေတြကို ကုန္ဆုံး လိုက္ေနၾကတယ္ မိသားစုမွာ ဖခင္ရဲ့ ေႏြးေထြးမႈ့ ဆိုတာ သားသမီးေတြ သိခြင့္ မရေတာ့တာ ဘာ့ေၾကာင့္လဲ

ဘယ္လိုျဖစ္လို႔ ေယာက်ာ္းေတြ တာဝန္ ခံၿပီး တာဝန္ မယူၾကေတာ့တာလဲ ေျပးမယ္ ဆိုလဲ ေျပး ဘယ္အထိ ေျပးၾကမလဲ ဒီလိုေတြ ေတြးၿပီး ေနာက္ဆုံး အဲ့ဒီ့ညမွာ ကၽြန္ေတာ္ ေတြးလိုက္တယ္။

ကၽြန္ေတာ့မွာ အေမ ရွိတယ္

ကၽြန္ေတာ့မွာ မိန္းမလဲ ရွိတယ္ကၽြန္ေတာ္ သူတို႔ ႏွစ္ေယာက္စလုံးကို ဂုဏ္ယူ ေလးစားသင့္တယ္မိန္းမကို ၾကင္နာရင္း မိဘကို ရိုေသရင္း ေပါ့

ဘာေၾကာင့္လဲ ဆိုရင္သူတို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္က ကၽြန္ေတာ့ကို အသက္နဲ႔ ရင္းၿပီး ေလာကထဲကို ေခၚေဆာင္ လာခဲ့တယ္။ေနာက္တစ္ေယာက္က တစ္ေလာကလုံးကို စြန္႔ခြာၿပီး ကၽြန္ေတာ့ အနားကို လာခဲ့တဲ့ သူပါ။

အေမဆိုတာလဲ တစ္ခ်ိန္က မိန္းမ ျဖစ္ခဲ့တယ္လက္ရွိ ေဘးနားမွာ ရွိေနတဲ့ မိန္းမ ဆိုတာ ကလည္း တစ္ခ်ိန္မွာ အေမ ျဖစ္အုံး မွာမို႔ …….

အေမ့ကို တန္ဖိုး ထားသလို မိန္းမကိုလဲ တန္ဖိုး ထားၾကပါနားလည္ ႏိုင္ၾကပါေစ

မိသားစုတိုင္း မိသားစုတိုင္း တစ္ဦးနဲ႔ တစ္ဦး ခ်စ္ခ်စ္ ခင္ခင္တစ္သက္တာ ေပ်ာ္ရႊင္စြာ ေနသြားၾကရ ပါေစ။

#Credit

Unicode

မိန်းမတွေဆိုတာ

ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက် မိတယ်။

အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့ လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ အတွေး တစ်ချို့ ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော် တွေးနေမိတယ်။

မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ်

အခုကျ တစ်ချက်ထဲ ရုတ်တစ်ရက်မှာပဲ သိတောင် မသိထားတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ် ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေခဲ့တဲ့ မိဘတွေကို စွန့်ခွာလာခဲ့ပြန်တယ် ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူ ပျော်နေပြန်တယ်။

ပြီးတော့ ကျွန်တော့ကိုယ် ကျွန်တော် မေးခွန်းတစ်ချို့ မေးနေမိတယ် ဒါလဲပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို ရိုက်နှက်နေ နိုင်ကြတာလဲဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက နှစ်ဘဝအတွက် ရည်စူးပြီး လာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးကို အိမ်မှာ ထားပြီး သူငယ်ချင်းတွေနဲ့ Hotel တွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေနိုင်ကြတာလဲတစ်နေ့လုံး ယောကျာ်းလာမှ အတူတူ စားမယ်ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ

ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကို ထောင်လို လုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကျတော့ အများသုံး အိမ်သာလို လာချင်တဲ့ အချိန် လာ သွားချင်တဲ့ အချိန် သွားဖြစ်နေကြတာလဲ

ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့ တွေက မိမိဇနီးကို မျက်ရည်စက်နဲ့ ညတွေကို ဖြတ်သန်းစေ နေတာလဲတစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန် မပေးပဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံး လိုက်နေကြတယ် မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှု့ ဆိုတာ သားသမီးတွေ သိခွင့် မရတော့တာ ဘာ့ကြောင့်လဲ

ဘယ်လိုဖြစ်လို့ ယောကျာ်းတွေ တာဝန် ခံပြီး တာဝန် မယူကြတော့တာလဲ ပြေးမယ် ဆိုလဲ ပြေး ဘယ်အထိ ပြေးကြမလဲ ဒီလိုတွေ တွေးပြီး နောက်ဆုံး အဲ့ဒီ့ညမှာ ကျွန်တော် တွေးလိုက်တယ်။

ကျွန်တော့မှာ အမေ ရှိတယ်

ကျွန်တော့မှာ မိန်းမလဲ ရှိတယ်ကျွန်တော် သူတို့ နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစားသင့်တယ်မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်း ပေါ့

ဘာကြောင့်လဲ ဆိုရင်သူတို့ နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ ရင်းပြီး လောကထဲကို ခေါ်ဆောင် လာခဲ့တယ်။နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနားကို လာခဲ့တဲ့ သူပါ။

အမေဆိုတာလဲ တစ်ချိန်က မိန်းမ ဖြစ်ခဲ့တယ်လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာ ကလည်း တစ်ချိန်မှာ အမေ ဖြစ်အုံး မှာမို့ …….

အမေ့ကို တန်ဖိုး ထားသလို မိန်းမကိုလဲ တန်ဖိုး ထားကြပါနားလည် နိုင်ကြပါစေ

မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့ တစ်ဦး ချစ်ချစ် ခင်ခင်တစ်သက်တာ ပျော်ရွှင်စွာ နေသွားကြရ ပါစေ။

#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*