လက္ထပ္ေတာ့မယ္ဆိုရင္ မျဖစ္မေန ျပင္ဆင္ထားရမယ့္ အခ်က္မ်ား

လက္ထပ္ေတာ့မယ္ဆိုရင္ မျဖစ္မေန ျပင္ဆင္ထားရမယ့္ အခ်က္မ်ား
လက္ထပ္ေတာ့မယ္ဆိုရင္ မျဖစ္မေန ျပင္ဆင္ထားရမယ့္ အခ်က္မ်ား

လက္ထပ္ေတာ့မယ္ဆိုရင္ မျဖစ္မေန ျပင္ဆင္ထားရမယ့္ အခ်က္မ်ား

အိမ္ေထာင္ျပဳတယ္ လက္ထပ္တယ္ဆိုတာ ႏွစ္ေယာက္ အတူေနရံုနဲ႔ ၿပီးသြားတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ ခ်စ္ရတဲ့သူ ေတြ႔လာတဲ့အခါမွာေတာ့ လက္ထပ္ခ်င္ၾကတာ ထံုးစံပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ေရွးလူႀကီးေတြ စကားလို အိမ္ေထာင္ျပဳတယ္ဆိုတာ ထီထိုးသလိုပါပဲ ဆိုတဲ့အခ်က္ကို သတိထားသင့္ပါတယ္။ ဒါေၾကာင့္ ကိုယ္က တစ္စံုတစ္ေယာက္နဲ႔ လက္ထပ္ေတာ့မယ္လို႔ စိတ္္ကူးရွိၿပီဆိုရင္ေတာ့ ဒီအခ်က္ေတြကို ျပင္ထားဖို႔ လုိအပ္ပါလိမ့္မယ္။

(၁) ေငြေရးေၾကးေရး

လူတိုင္း ရုန္းကန္ လႈပ္ရွားမွသာ အဆင္ေျပတဲ့ ေခတ္မွာ ေငြေရးေၾကးေရး လည္ပတ္မႈအတြက္ မျဖစ္မေန စဥ္းစားဖို႔ လိုအပ္ပါတယ္။ ကိုယ့္ရဲ႕ ဝင္ေငြက ကိုယ့္ရဲ႕ မိဘနဲ႔ မိသားစုအတြက္ ေထာက္ပံ့ၿပီး အသံုးျပဳေနရသူေတြလည္း ရွိပါတယ္။ ဒီလိုဆိုရင္ေတာ့ အိမ္ေထာင္ျပဳျခင္းအတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္ရမွာပါ။

မိသားစုေတြကို ေထာက္ပံ့မယ့္ အစီအစဥ္ ကိုယ့္အိမ္ေထာင္အတြက္ အဆင္ေျပ မေျပ စတာေတြပါ တြက္ခ်က္ၿပီး အဆင္ေျပတဲ့ အေျခအေန ဟုတ္ မဟုတ္ကို ေစာင့္ဆိုင္း တြက္ခ်က္တတ္ဖို႔ လိုအပ္ပါတယ္။

(၂) အမူအက်င့္နဲ႔ အယူအဆ

လက္ထပ္တယ္ဆိုတာ လူႏွစ္ေယာက္ အတူေနတယ္ဆိုရံုေလာက္ေတာ့ မဟုတ္ပါဘူး။ လူေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ အတူေနထိုင္ၾကတဲ့အခါ တူညီတဲ့အခ်က္ေတြ ရွိမွသာ အဆင္ေျပတာ ျဖစ္ပါတယ္။ အသန္႔ႀကိဳက္သူနဲ႔ ညစ္တီးညစ္ပတ္ေနတဲ့သူနဲ႔က ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ အယူအဆေတြလည္း နီးဖို႔ လိုပါတယ္။

ဥပမာ ဘာသာေရးအကဲဆတ္လြန္းတဲ့သူနဲ႔ ဘာသာေရးကို ေမတၱာနဲ႔ ကိုးကြယ္တာမ်ိဳးကလည္း အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ လက္ထပ္ဖို႔ စဥ္းစားရင္ အက်င့္ေတြ အယူအဆေတြ တူမတူကိုလည္း သိထားဖို႔ လိုအပ္ပါတယ္။

(၃) ဘဝ ေလွ်ာက္လွမ္းပံု

လူတိုင္းမွာ ဘဝအိပ္မက္ေတြ ရွိပါတယ္။ လူ႔ဘဝက အိမ္ေထာင္ျပဳျခင္းမွာ အဆံုးမသတ္သြားပါဘူး။ အိပ္မက္ေတြ၊ သူငယ္ခ်င္းေတြ၊ အိမ္ေထာင္ျပဳမႈေတြ အားလံုးက ဘဝတစ္ခုလံုးရဲ႕ အစိတ္အပိုင္းေတြ ျဖစ္ပါတယ္္။ ဒါေတြကို ညီမွ်ေအာင္ ထိန္းသိမ္းျခင္းကမွ ဘဝ ျဖစ္လာတာပါ။

တစ္ေယာက္က ဘဝကို တိုးတက္ေအာင္ ျပဳလုပ္ခ်င္စိတ္ေတြ ရွိသလို ပညာေတြ ဆက္ၿပီး သင္ယူခ်င္စိတ္ ရွိေပမယ့္ တစ္ေယာက္ကေတာ့ မိသားစုကိုပဲ အခ်ိန္္ေပးၿပီး တစ္ျခားဘာကိုမွ အာရံုမရွိေစခ်င္တာကလည္း အဆင္မေျပပါဘူး။ ဒါေၾကာင့္ လက္မထပ္ခင္မွာ ဒါေတြ သိထားတာက အေကာင္းဆံုးပါ။

(၄) ေနထိုင္မယ့္ ေနရာ

တစ္ေယာက္က ၿမိဳ႕မွာ အေျခခ်ခ်င္ၿပီး တစ္ေယာက္က ေမြးရပ္ေျမကေန မခြာႏိုင္ဘူးဆိုတာကလည္း အဆင္မေျပပါဘူး။ ဒါ့အျပင္ တစ္ေယာက္က မိဘကို မခြဲႏိုင္ျဖစ္ၿပီး တစ္ေယာက္ကေတာ့ မိဘေတြနဲ႔ ေနထိုင္ရတာ အဆင္မေျပျဖစ္ေနတာကလည္း အဆင္မေျပပါဘူး။

အိမ္စရိတ္ေတြကလည္း ဒီဘက္ေခတ္မွာေတာ့ တိုက္ခန္း အငွား ေနထိုင္ၾကရတာ မ်ားတဲ့အတြက္ အိမ္စရိတ္ေတြ လည္ပတ္ေအာင္ ေပးႏိုင္တဲ့ ဝင္ေငြေတြ ရွိေနၿပီလားဆိုတာကိုလည္း ၾကည့္ရမွာ ျဖစ္ပါတယ္။

(၅) အိမ္ေထာင္ျပဳၿပီးေနာက္ အစီအစဥ္မ်ား

အိမ္ေထာင္ျပဳၿပီး အစီအစဥ္ေတြကလည္း သိပ္ကို အေရးႀကီးပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အိမ္ေထာင္ျပဳတာ လက္ထပ္ျခင္းပဲ ျဖစ္ၿပီး ကိုယ့္ရဲ႕ အိပ္မက္အတြက္ ေက်ာင္းဆက္တတ္တာ အလုပ္ေနရာ အေျပာင္းအေရႊ႕ေတြကို လက္ခံခ်င္ၾကတာေတြ ရွိပါတယ္။

တစ္ခ်ိဳ႕ကေတာ့ မိသားစုနဲ႔ ပံုမွန္ဝင္ေငြ ရွိၿပီး သားသမီး ယူၿပီး အတူရွိဖို႔ သက္သက္ လိုခ်င္ၾကသူေတြလည္း ရွိပါတယ္။ ဒီလို တစ္ေယာက္နဲ႔ တစ္ေယာက္ အစီအစဥ္ေတြ မတူရင္ အိမ္ေထာင္ေရးကလည္း အဆင္မေျပႏိုင္တာမို႔ ေသခ်ာ ေတြးဖို႔ေတာ့ လိုပါတယ္ေနာ္။

Kham

Crd

Unicode

လက်ထပ်တော့မယ်ဆိုရင် မဖြစ်မနေ ပြင်ဆင်ထားရမယ့် အချက်များ

အိမ်ထောင်ပြုတယ် လက်ထပ်တယ်ဆိုတာ နှစ်ယောက် အတူနေရုံနဲ့ ပြီးသွားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ချစ်ရတဲ့သူ တွေ့လာတဲ့အခါမှာတော့ လက်ထပ်ချင်ကြတာ ထုံးစံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးလူကြီးတွေ စကားလို အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပါပဲ ဆိုတဲ့အချက်ကို သတိထားသင့်ပါတယ်။ ဒါကြောင့် ကိုယ်က တစ်စုံတစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ စိတ်ကူးရှိပြီဆိုရင်တော့ ဒီအချက်တွေကို ပြင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

(၁) ငွေရေးကြေးရေး

လူတိုင်း ရုန်းကန် လှုပ်ရှားမှသာ အဆင်ပြေတဲ့ ခေတ်မှာ ငွေရေးကြေးရေး လည်ပတ်မှုအတွက် မဖြစ်မနေ စဉ်းစားဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဝင်ငွေက ကိုယ့်ရဲ့ မိဘနဲ့ မိသားစုအတွက် ထောက်ပံ့ပြီး အသုံးပြုနေရသူတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင်တော့ အိမ်ထောင်ပြုခြင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရမှာပါ။ မိသားစုတွေကို ထောက်ပံ့မယ့် အစီအစဉ် ကိုယ့်အိမ်ထောင်အတွက် အဆင်ပြေ မပြေ စတာတွေပါ တွက်ချက်ပြီး အဆင်ပြေတဲ့ အခြေအနေ ဟုတ် မဟုတ်ကို စောင့်ဆိုင်း တွက်ချက်တတ်ဖို့ လိုအပ်ပါတယ်။

(၂) အမူအကျင့်နဲ့ အယူအဆ

လက်ထပ်တယ်ဆိုတာ လူနှစ်ယောက် အတူနေတယ်ဆိုရုံလောက်တော့ မဟုတ်ပါဘူး။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် အတူနေထိုင်ကြတဲ့အခါ တူညီတဲ့အချက်တွေ ရှိမှသာ အဆင်ပြေတာ ဖြစ်ပါတယ်။ အသန့်ကြိုက်သူနဲ့ ညစ်တီးညစ်ပတ်နေတဲ့သူနဲ့က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အယူအဆတွေလည်း နီးဖို့ လိုပါတယ်။ ဥပမာ ဘာသာရေးအကဲဆတ်လွန်းတဲ့သူနဲ့ ဘာသာရေးကို မေတ္တာနဲ့ ကိုးကွယ်တာမျိုးကလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ထပ်ဖို့ စဉ်းစားရင် အကျင့်တွေ အယူအဆတွေ တူမတူကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

(၃) ဘဝ လျှောက်လှမ်းပုံ

လူတိုင်းမှာ ဘဝအိပ်မက်တွေ ရှိပါတယ်။ လူ့ဘဝက အိမ်ထောင်ပြုခြင်းမှာ အဆုံးမသတ်သွားပါဘူး။ အိပ်မက်တွေ၊ သူငယ်ချင်းတွေ၊ အိမ်ထောင်ပြုမှုတွေ အားလုံးက ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါတွေကို ညီမျှအောင် ထိန်းသိမ်းခြင်းကမှ ဘဝ ဖြစ်လာတာပါ။ တစ်ယောက်က ဘဝကို တိုးတက်အောင် ပြုလုပ်ချင်စိတ်တွေ ရှိသလို ပညာတွေ ဆက်ပြီး သင်ယူချင်စိတ် ရှိပေမယ့် တစ်ယောက်ကတော့ မိသားစုကိုပဲ အချိန်ပေးပြီး တစ်ခြားဘာကိုမှ အာရုံမရှိစေချင်တာကလည်း အဆင်မပြေပါဘူး။ ဒါကြောင့် လက်မထပ်ခင်မှာ ဒါတွေ သိထားတာက အကောင်းဆုံးပါ။

(၄) နေထိုင်မယ့် နေရာ

တစ်ယောက်က မြို့မှာ အခြေချချင်ပြီး တစ်ယောက်က မွေးရပ်မြေကနေ မခွာနိုင်ဘူးဆိုတာကလည်း အဆင်မပြေပါဘူး။ ဒါ့အပြင် တစ်ယောက်က မိဘကို မခွဲနိုင်ဖြစ်ပြီး တစ်ယောက်ကတော့ မိဘတွေနဲ့ နေထိုင်ရတာ အဆင်မပြေဖြစ်နေတာကလည်း အဆင်မပြေပါဘူး။ အိမ်စရိတ်တွေကလည်း ဒီဘက်ခေတ်မှာတော့ တိုက်ခန်း အငှား နေထိုင်ကြရတာ များတဲ့အတွက် အိမ်စရိတ်တွေ လည်ပတ်အောင် ပေးနိုင်တဲ့ ဝင်ငွေတွေ ရှိနေပြီလားဆိုတာကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်။

(၅) အိမ်ထောင်ပြုပြီးနောက် အစီအစဉ်များ

အိမ်ထောင်ပြုပြီး အစီအစဉ်တွေကလည်း သိပ်ကို အရေးကြီးပါတယ်။ တစ်ချို့ကတော့ အိမ်ထောင်ပြုတာ လက်ထပ်ခြင်းပဲ ဖြစ်ပြီး ကိုယ့်ရဲ့ အိပ်မက်အတွက် ကျောင်းဆက်တတ်တာ အလုပ်နေရာ အပြောင်းအရွှေ့တွေကို လက်ခံချင်ကြတာတွေ ရှိပါတယ်။ တစ်ချို့ကတော့ မိသားစုနဲ့ ပုံမှန်ဝင်ငွေ ရှိပြီး သားသမီး ယူပြီး အတူရှိဖို့ သက်သက် လိုချင်ကြသူတွေလည်း ရှိပါတယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် အစီအစဉ်တွေ မတူရင် အိမ်ထောင်ရေးကလည်း အဆင်မပြေနိုင်တာမို့ သေချာ တွေးဖို့တော့ လိုပါတယ်နော်။

Kham

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*