coronaviruses ရဲ့ အစ်ကိုတွေဖြစ်တဲ့ ပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာစု(SARS-CoV)ရောဂါ နဲ့ အရှေ့အလယ်ပိုင်း အသက် ရှူလမ်းကြောင်း ဆိုင်ရာရောဂါ လက္ခဏာစု(MERS-CoV)တွေရဲ့ အတွေ့အကြုံ၊ လေ့လာမှုတွေ အရ အစားအစာ စားသုံးမှုက နေတဆင့် ကူးစက်မှု မဖြစ်ပေါ်ခဲ့ ပါဘူး။
ဟမ်စိုင်း(ဆေး-မန်း)
Unicode
အစားအစာ စားခြင်းမှ တဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ပါသလား
အစားအစာကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ပါသလား။
coronaviruses ရဲ့ အစ်ကိုတွေဖြစ်တဲ့ဲ ပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရ ာရောဂါလက္ခဏာစု(SARS-CoV)ရောဂါ နဲ့ အရှေ့အလယ်ပိုင်း အသက် ရှူလမ်းကြောင်း ဆိုင်ရာရောဂါ လက္ခဏာစု(MERS-CoV)တွေရဲ့ အတွေ့အကြုံ၊ လေ့လာမှုတွေ အရ အစားအစာ စားသုံးမှုက နေတဆင့် ကူးစက်မှု မဖြစ်ပေါ်ခဲ့ ပါဘူး။
ယနေ့အထိ SARS-CoV-2 (ကိုရိုနာဗိုင်းရပ်စ်) ကိုအစားအစာက တစ်ဆင့်ကူးစက်တဲ့ သတင်းတွေ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်တွေက အသားစိမ်း၊ငါးစိမ်းတွေမှာ ရှိနေမှာ၊ ပါလာမှ ာနဲ့ ပတ်သက်ပြီး စိုးရိမ် စရာတော့ ရှိပါ တယ်။ ကိုရိုနာနဲ့ ပတ်သက်ပြီး
အပြင်မှာ ရှင်သန် နိုင်မှုနဲ့ ရှင်သန် ရပ်တည် နိုင်မှု အချိန်ကို အကဲဖြတ်ဖို့ အတွက် စုံစမ်း စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြ ပါတယ်။
ယေဘုယျအားဖြင့် coronavirusesက အလွန်အေး ခဲတဲ့ အခြေအနေမှာ နေနိုင် ပါတယ်။ အနှုတ် 20 ဒီဂရီစင်တီဂရိတ်မှာဆိုရင် နှစ်နှစ်ထိ ရှင်သန် နိုင်ကြောင်း တွေ့ခဲ့ ရပါတယ်။
SARS-CoV နဲ့ MERS-CoV တွေနဲ့ ပြုလုပ် ထားတဲ့ လေ့လာမှုတွေ အရ အဆိုပါ ဗိုင်းရပ်စ်တွေက အပူချိန်၊ စိုထိုင်းဆနဲ့ အလင်းရောင် စတဲ့ အချက်အလက်တွေ အပေါ် မူတည်ပြီး အရာဝတ္ထု မျက်နှာပြင်တွေ အပေါ်မှာ ရက်အနည်းငယ် အထိ ဆက်လက် တည်ရှိ နိုင်တယ်လို့ သိ ရပါတယ်။
ဥပမာအားဖြင့် အအေး အပူချိန် (၄ ဒီဂရီစင်တီဂရိတ်) မှာ MERS-CoV က ၇၂ နာရီအထိ ဆက်လက်ရှင်သန်နိုင် ပါတယ်။
တခြားcoronavirus အမျိုးအစားများနဲ့ လေ့လာမှု အရ coronaviruses တွေက မပူလွန်းတဲ့ အပူချိန်နဲ့ အေးခဲတဲ့ အပူချိန်မှာပဲ အချိန်ကာလ တစ်ခုထိ တည်ငြိမ်စွာ နေနိုင်တာမို့
အစားအစာသန့်ရှင်းမှု၊အစားအစာဘေးကင် း မှုကို ကောင်းကောင်းလုပ်တဲ့ အလေ့အကျင့်တွေက အစားအစာ ကနေ တဆင့်ကူးစက်တာကို တားဆီး နိုင်ပါ တယ်။
အထူးသဖြင့် coronaviruses တွေက အပူချိန်တစ်ခုနဲ့ အလွယ်တကူ သတ်လို့ရပါတယ်။ ဆိုလိုချင်တာက ကိုရိုနာဗိုင်းရပ်စ်တွေက ပုံမှန်ချက်ပြုတ်တဲ့ အပူချိန် (၇၀ ဒီဂရီစင်တီဂရိတ်) နဲ့တင်ကို ခံနိုင်ရည် မရှိကြပါဘူး။
ဒါကြောင့် ယေဘုယျ စည်းမျဉ်းအရ အသားစိမ်း၊ငါးစိမ်းတွေ မကျက်တကျက် ချက်ထားတဲ့ အသားငါးတွေကို ရှောင်ရှားသင့်ပါတယ်။
အသားစိမ်း၊နို့စိမ်း( မကျိုချက်ထားတဲ့နို့)၊မချက်ထားတဲ့ ကလီစာ(တိရစ္ဆာန်ကိုယ်တွင်းအင်္ဂါများ)ကို သေချာစွာ ကိုင်တွယ်ပါ။ တခြား မချက်ရသေးတဲ့ အစားအစာတွေနဲ့ ရောနှော မထားပါနဲ့။ အသီး အနှံ၊အစားအစာကနေ ကူးတာ အခုချိန်ထိ မတွေ့ရပါ။ဒါပေမယ့် ချက်ပြုတ်စားဖို့ အကြံပြုပါတယ်။
ဝယ်လာတဲ့ အသီးအနှံတွေ ရေသေချာဆေး၊ဆားရည်စိမ်ပြီးမှ စားပါ။
ဒီကိုရိုနာပိုးက လင်းနို့မှာ စုစည်းနေပေမယ့် လူတွေဆီ ကိုတော့ လင်းနို့ိကတစ်ဆင့် ကြားခံလက်ခံတဲ့ အိမ်မွေးတိရစ္ဆာန်၊ တောရိုင်း တိရစ္ဆာန်တွေ ကိုကူးပြီး ဒီ တိရစ္တာန်တွေ ကနေမှ ဗီဇပြောင်းကာ လူတွေကို ပြန်ကူးတယ်လို့ ယူဆထားလို့ပါ။ အဲဒီ ကတဆင့်မှ လူကနေ လူတွေကို အဓိက ပြန်ကူးပါတယ်။
သတင်းပေးချင် တာက ကိုရိုနာဗိုင်းရပ်စ် က အပူချိန်ကိုကြောက် ပါတယ်။ သေချာစွာ ချက်ပြုတ်ထားရ်င် အစားအစာက တစ်ဆင့် မကူးစက် နိုင်ပါ ဘူး။
ဟမ်စိုင်း(ဆေး-မန်း)
Be the first to comment
Leave a Reply
Your email address will not be published.
*