









Credit

Unicode

ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ နှစ်သစ်ဦး မေတ္တာစကား

ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ နှစ်သစ်ဦး မေတ္တာစကား

ကမ္ဘာတစ်ဝန်း နှင့် မြန်မာ နိုင်ငံတော် အတွင်း မှီတင်း နေထိုင် ကြကုန်သော နိုင်ငံသူ နိုင်ငံ သား အပေါင်း တို့ မိဘ နှင့် သားသမီး ၊ ဆရာ နှင့် တပည့် ၊ လူကြီ းနှင့် လူငယ် တို့ သည် တစ်ဦးကို တစ်ဦး စောင့်ရှောက် လေးစား နိုင်ကြ ပါစေ ကုန် သ တည်း ။

ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းတို့ သည်လည်း ရိုင်းပင်း ချစ်ခင် နိုင် ကြပါစေ ကုန် သ တည်း ။ အိမ် အနီးအနားချင်း တို့သည်လည်း ရင်းနှီး ယုံကြည် နိုင်ကြပါစေ ကုန်သတည်း ။

သဘာဝ မတူ အဖွဲ့ကွဲ သူတို့ သည်လည်း အမြင်ကျယ် ၍ လက်တွဲ နိုင်ကြ ပါစေ ကုန် သ တည်း ။

သက်ဆိုင်ရာ ဘာသာ တရား အသီးသီး တို့၏ ကောင်းမြတ်သော အဆုံး အမ အရိပ် အာဝါသ အောက် တွင် အေးချမ်း ပျော်ရွှင်စွာ နေထိုင် နိုင်ကြပါစေ ကုန် သ တည်း ။

တစ်ဦးအပေါ် တစ်ဦး ကြည်နူး ခင်မင်စွာ မေတ္တာပေး မေတ္တာ ရယူပြီး နားလည်မှု ကြီးမား စွာဖြင့် အခက်အခဲ များကို ကျော်လွှား နိုင်ပြီး

ရည်မှန်းချက် ပန်းတိုင်ကို အတူ လျှောက်လှမ်း နိုင် ကြ ပါစေ ကုန် သ တည်း ။

Be the first to comment

Leave a Reply

Your email address will not be published.


*