၇ ရက္သားသမီး တစ္ပတ္စာေဟာစာတမ္း (၁၆.၄.၂၀၂၀ မွ ၂၂.၄.၂၀၂၀ ထိ)

၇ ရက္သားသမီး တစ္ပတ္စာေဟာစာတမ္း (၁၆.၄.၂၀၂၀ မွ ၂၂.၄.၂၀၂၀ ထိ)
၇ ရက္သားသမီး တစ္ပတ္စာေဟာစာတမ္း (၁၆.၄.၂၀၂၀ မွ ၂၂.၄.၂၀၂၀ ထိ)

၇ ရက္သားသမီး တစ္ပတ္စာေဟာစာတမ္း (၁၆.၄.၂၀၂၀ မွ ၂၂.၄.၂၀၂၀ ထိ)

တနဂၤေႏြ

ဒီအပတ္အတြင္း ရာထူးမတတ္ေသာ္လည္း ဘဝတစ္ဆင့္ျမင့္ လုပ္ငန္းတာဝန္မ်ား ထမ္းေဆာင္ရလိမ့္မည္။ ခရီးသြားရန္ႀကံရြယ္ထားၿပီးမွ ပ်က္သြားတတ္သည္။ စီးပြားေရးတြင္ စက္ပစၥည္းပ်က္မ်ား ျပင္ေနရခ်ိန္ျဖစ္ပါတယ္။ ေရာင္းကုန္မ်ား ေဈးေကာင္းမရသလို ေရာင္းမထြက္ဘဲ ျဖစ္ေနလိမ့္မည္။ အျခားသူအလုပ္ အတြက္ ေငြစိုက္ထုတ္ ေပးရျခင္းမ်ိဳး ၾကဳံရတတ္ပါတယ္။ မင္းစိုးရာဇာတို႔၏ခ်ီးေျမႇာက္မႈ၊ ႒ာနဆိုင္ရာႏွင့္ စီးပြားတြဲဖက္လုပ္ကိုင္ျခင္းမ်ား ၾကဳံ မည္။ အလုပ္သစ္ခ်ဲ႕ျခင္းေတြေရွာင္သင့္တဲ့ ေန႔ရက္ေတြပါပဲ။ အလွဴအတန္းေတြကို အားပါးတရလုပ္ခြင့္ ရပါလိမ့္ မယ္ …။

ပစၥည္းေဟာင္းတစ္ပတ္ရစ္မ်ား ဝယ္ယူျခင္းမ်ိဳးဒီအပတ္မွာေရွာင္ေစခ်င္ပါတယ္။ အခ်စ္မရွိေသးသူမ်ား အတြက္ အခ်စ္သစ္မရွာသင့္ဆုံးကာလတစ္ခုျဖစ္ေနပါတယ္။ ခ်စ္မိလၽွင္ သူငယ္ခ်င္း အျဖစ္မွရပ္တန႔္သြားမည္။ အိမ္ ေထာင္ဖက္သည္ သူအလုပ္နဲ႔သူမ်ားေနတတ္သည္။ အိမ္တြင္းေရးမွာ ေအးစက္ေနေသာ္လည္း ေအးခ်မ္းသာယာမႈ၊ နားလည္မႈ မ်ားရွိေနမည္။ က်န္းမာေရးတြင္ေတာ့ လည္ေခ်ာင္းနာ၊ အစားပ်က္ႏွင့္ ဝမ္းေလၽွာ၊ ဝမ္းပ်က္မ်ား ျဖစ္တတ္ သည္။ အလြန္အကၽြံအိပ္ျခင္းေၾကာင့္ ေရာဂါရနိုင္သည္။ ပညာေရးတြင္ ပညာသင္ၾကားရန္ ရည္ရြယ္ထားၿပီးမွ အေႏွာက္အယွက္ၾကဳံရမည္ …။

အက်ိဳးေပးဂဏန္း ၁/၅/၂

အထူးေဟာ ကံအေကာင္းအဆိုး မၽွေနသည္ …။

ယၾတာ ဖီးၾကမ္းငွက္ေပ်ာ္သီး တစ္ဖီး ရဟန္းတစ္ပါးကို လွဴလိုက္ပါ …။

တနလၤာ

ဒီကာလအတြင္းပစၥည္းေပ်ာက္ရွာမရတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။မီးေဘး အႏၲရာယ္၊ ဓါတ္လိုက္မႈမ်ိဳး မ်ားလည္း ၾကဳံနိုင္ပါတယ္။စက္ပစၥည္းအေဟာင္းမ်ားကိုေရာင္းဝယ္ျခင္းတို႔၊ ခရီးမ်ားလာျခင္းတို႔ေၾကာင့္ ေငြမ်ားစြာရေနမည္။ ျပည္ပသြား၍လုပ္ကိုင္လိုသူမ်ား အျမန္သြားမွျဖစ္မည္။ အခ်ိဳ႕စာရြက္၊ စာတမ္း အလိမ္အညာရွိေသာ္လည္း ေျပလည္ၿပီးသြားရမည္။ ခရီးသြားလုပ္ငန္းမ်ား ယာယီအားျဖင့္ ေကာင္းေသာ္လည္း အခက္အခဲအနည္းငယ္ၾကဳံနိုင္ပါတယ္။ မိသားစုဝင္မ်ားႏွင့္ပတ္သက္၍ တက်က္က်က္ရန္ျဖစ္ေနရမည္။ အိမ္ေထာင္ေရးမွာ ညႇိမရေတြ ျဖစ္တတ္သည္။ သားသမီးတို႔၏ ပညာေရးကို ဂ႐ုမစိုက္နိုင္ပဲ ျဖစ္ေနမည္ …။

ဘြဲ႕လက္မွတ္၊ ဂုဏ္ထူးႏွင့္ဆိုင္ေသာ ပညာရပ္မ်ားကို သင္ယူရာ၌ မ်ားစြာအခက္အခဲျဖစ္ေစလိမ့္မည္။ အခ်စ္မရွိ သူမ်ားအတြက္ အသက္ႀကီးသူ၊ မလြတ္လပ္သူကိုမွ ခ်စ္ေနပါမည္။ အခ်စ္ေရးမွာ ေအးတိေအးစက္ႏွင့္ ထုံေပေပ ဘာမၽွမသိ၊ နားလည္ရခက္ေသာ အခ်စ္ျဖစ္ေနမည္။ က်န္းမာေရးတြင္ အစားအေသာက္ပ်က္ျခင္းမ်ား၊ဝမ္းႏူးစာမ်ားစားမိ၍ ဝမ္းပ်က္၊ ဝမ္းေလၽွာ ေရာဂါရတတ္ပါတယ္။ ခါးနာေရာဂါျဖစ္လြယ္သည္။ပစၥည္းေပ်ာက္ရွာမရတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။မီးေဘး အႏၲရာယ္၊ ဓါတ္လိုက္မႈ မ်ိဳး မ်ားလည္း ၾကဳံနိုင္သျဖင္႔ ဂရုစိုက္ဖို႔လိုပါတယ္ …။

အက်ိဳးေပးဂဏန္း ၃/၆/၉

အထူးေဟာ အလုပ္ေတြေကာင္းေပမယ့္ အလိမ္အညာ ခံရတတ္ပါတယ္ …။

ယၾတာ သဇင္ပန္း/သစၥာပန္း ဘုရားကပ္လွဴေပးပါ …။

အဂၤါ

ဒီအပတ္အတြင္း စီးပြားေရးျပန္လည္ေကာင္းမြန္လာေသာအခ်ိန္ျဖစ္ပါတယ္။ အက်ိဳးေဆာင္အလုပ္ႏွင့္ ႏႈတ္ အေျပာဆိုင္ရာ လုပ္ငန္းမ်ားမွ ေငြဝင္မည္။ ယာဥ္ႏွင့္စိန္ေရာင္းဝယ္မႈမ်ား အလုပ္ျဖစ္မည္။ စာေပဆိုင္ရာမ်ား ဆက္သြယ္ေရးလုပ္ငန္း မ်ားလည္း အက်ိဳးေပးေနမည္။ စက္ပ်က္စီးမႈႏွင့္ လၽွပ္စစ္ဓါတ္အား မလုံေလာက္မႈမ်ား ေတြ႕ၾကဳံရမည္။ ၎တို႔ႏွင့္ ဆိုင္ေသာလုပ္ငန္းမ်ား ေႏွးေကြးေနမည္။ ေျဖရွင္း ရန္ခက္ခဲေသာ ထူးျခားျဖစ္ရပ္မ်ား ၾကဳံမည္။ အလြယ္တကူ ရသည္ဟူ၍ မရွိ၊ ဦးတည္လိုက္တိုင္း ေနရာတိုင္း၌ အခက္အခဲရွိမည္။ တိုးခ်ဲ႕ေသာ လုပ္ငန္း မ်ား ရပ္တန႔္သြားျခင္းမ်ား ရွိမည္ …။

ခရီးသြားရန္ ရည္ရြယ္ထားလၽွင္ အေရွ႕အရပ္ သို႔သြားပါ။ အိမ္ေထာင္ေရးကေတာ့ သာယာခ်မ္းေျမ့မႈမ်ား ျပည့္ေနေပမည္။ မိဘလိုအခ်စ္၊ ေမာင္ႏွမလိုအခ်စ္မ်ိဳးျဖင့္ ေနထိုင္ျဖစ္မည္။ ပညာေရးတြင္ ဘာသာေရးႏွင့္ ဒႆန ဆိုင္ရာပညာမ်ား၊ နိုင္ငံေရးရာပညာရပ္မ်ားကိုလည္းစာေပကေနသင္ယူခြင့္ရမည္။ အခ်စ္ေရး တြင္ အမိန႔္ေပးတတ္ ေသာသူကိုမွ ခ်စ္ျမတ္နိုးေနမည္။ခ်စ္သူက ကိုယ့္ကိုနိုင္စားပါလိမ့္မယ္။ က်န္းမာေရးတြင္ အေၾကာတတ္၊ အေညာင္း ကိုက္ ေနမည္။ ေဆးစားမွား တတ္သည္။ မတည့္ေသာ အစားအေသာက္ စားမိသျဖင့္ ေရာဂါ ရနိုင္ပါသည္ …။

အက်ိဳးေပးဂဏန္း ၄/၇/၀

အထူးေဟာ တစ္ခုခုလုပ္မယ္ဆို အဖုအထစ္ေလးေတြၾကဳံၿပီးမွ အဆင္ေျပမည္ …။

ယၾတာ ထန္းလ်က္ ၁၁ လုံးခန႔္ ဘုရားကပ္လွဴပါ …။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း ကိုယ္တိုင္အေရာင္းအဝယ္၌ ေဈးကစားေနမိေသာအခ်ိန္ျဖစ္သည္။ အိမ္၊ ၿခံ၊ ေျမအတြက္ ေရာင္းေဈး၊ ဝယ္ ေဈးႏွင့္ ခ်ိန္ေနရင္း ေဆြမ်ိဳးမ်ားႏွင့္ ေဈးတည့္သြားလိမ့္မည္။ ေအာက္လက္ငယ္သားဝန္ထမ္းမ်ား အလြန္ေႏွး ေကြး ေန၍ဆူပူေနရပါလိမ့္မယ္။ စပ္တူရွယ္ယာမ်ားအခ်င္းခ်င္း ရန္ျဖစ္ၿပီးရွယ္ယာခြဲတာမ်ိဳးေတြထိျဖစ္ တတ္ပါ တယ္။ အိမ္ေထာင္‌ေရး တြင္ အိမ္ေထာင္ဖက္က ေနရာတိုင္းမွာ ဝင္ပါေနမည္။ အိမ္ေထာင္ဖက္ေၾကာင့္ လူမႈေရး၊ အလုပ္ အကိုင္မ်ား ပ်က္တတ္ပါသည္ …။

မနာလိုသူေတြရဲ့ထိုးႏွက္တဲ့စကားကို ဥေပကၡာျပဳနိုင္လၽွင္ ေအးခ်မ္း ေသာဘဝ ရရွိ လိမ့္မည္။ ပန္းခ်ီ၊ ပုံဆြဲ၊ဂစ္တာတီး၊ဂရပ္ဖစ္ဒီဇိုင္းစတဲ့ အႏုပညာႏွင့္ဆိုင္ေသာ ပညာရပ္မ်ားကို ေပ်ာ္ရႊင္ စြာသင္ယူ ျဖစ္မည္။ ကြန္ပ်ဴတာ ဆက္သြယ္ေရးပစၥည္းမ်ား မိဘလူႀကီးေတြဝယ္ေပးတာမ်ိဳး ၾကဳံရတတ္ ပါတယ္။ အခ်စ္ေရး တြင္ လုပ္ေဖၚကိုင္ဖက္တစ္ဦး၏အခ်စ္ကိုရရွိလိမ့္မည္။ ခ်စ္သူႏွင့္ ခရီးသြားရန္ ႀကံရြယ္ၿပီးမွ ပ်က္ သြားလိမ့္မည္။ က်န္းမာေရးတြင္ ကိုယ္လက္လႈပ္ရွားမႈနည္းသျဖင့္ ကိုယ္လက္မအီမသာျဖစ္ပါ လိမ့္မယ္။ အမ်ိဳးသမီးမ်ား ဓမၼတာ ေသြးလြန္မည္ …။

အက်ိဳးေပးဂဏန္း ၁/၅/၈

အထူးေဟာ က်န္းမာေရးအနည္းငယ္ဂ႐ုစိုက္ေပးပါ …။

ယၾတာ ပဲကပ္ေၾကာ္ဘုရား ကပ္လွဴေပးပါ …။

ၾကာသပေတး

ဒီကာလအတြင္း ေဟာင္းႏြမ္းႏွစ္ၾကာေသာ ကုန္ပစၥည္းမ်ားဒိတ္လြန္ ပ်က္စီးမႈ၊ ဆုံးရႈံးမႈမ်ားရွိေနမည္။ ဆရာ မိဘႏွင့္ ဆက္ႏြယ္ေသာအလုပ္မ်ား၊ နိုင္ငံရပ္ျခားႏွင့္ဆက္ႏြယ္ ေသာအလုပ္မ်ားလုပ္ကိုင္၍ ေငြဝင္မည္။ အက်ိဳး ေဆာင္လုပ္ငန္းမ်ား လုပ္ျဖစ္မည္။ အလုပ္အကိုင္မ်ား ျပန္လည္ေကာင္းမြန္လာခ်ိန္ ျဖစ္ေပမယ့္အလုပ္သမား တပည့္ မ်ား၏အလုပ္ထြက္မႈႏွင့္ရန္ျပႆနာေၾကာင့္အနည္းငယ္အခက္အခဲၾကဳံမည္။သတင္းအမွားမ်ားကို နားေထာင္မိရာမွ အရႈံးေပၚတတ္သည္။ စားေသာက္ကုန္ႏွင့္ အဝတ္အထည္၊ ေငြေၾကးဖလွယ္မႈမ်ားမွ အက်ိဳးအျမတ္ရပါလိမ့္မည္ …။

အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္၏ အသုံးအျဖဳန္းႀကီးမႈ ေၾကာင့္ စကားမ်ားရဖြယ္ရွိသည္။ မိသားစု၏အခက္အခဲ မ်ားကို သေဘာထားကြဲလြဲစြာ အယူအဆကိုယ္စီျဖင့္ ေျဖရွင္းျဖစ္လိမ့္မည္။ ပညာေရးတြင္ အသက္ေမြးဝမ္းေက်ာင္း မႈဆိုင္ရာပညာႏွင့္ ဆက္သြယ္ေရးဆိုင္ရာပညာရပ္မ်ားသင္ရမည္။ အခ်စ္ေရးတြင္ ဘာသူမတူ၊ လူမ်ိဳးျခားတစ္ဦးက လာေရာက္ခ်စ္ခြင့္ပန္ျခင္းကိုခံရတတ္သည္။အတိတ္က အခ်စ္ေဟာင္းကို ျပန္လည္ေတြ႕ရွိရလိမ့္မည္။ က်န္းမာေရး တြင္ ေသြးတိုး‌၊ ေသြးက်၊ ေသြးႏွင့္ဆိုင္ေသာ ေရာဂါ မ်ားျဖစ္လိမ့္မည္ …။

အက်ိဳးေပးဂဏန္း ၂/၆/၉

အထူးေဟာ အလွဴအတန္းႏွင့္ဘာသာေရး အလုပ္မ်ားအဆင္ေျပမည္ …။

ယၾတာ သစ္ခြပန္း ဘုရားကပ္လွဴပါ …။

ေသာၾကာ

ဒီကာလအတြင္းရပ္ေနေသာအလုပ္မ်ား ျပန္လည္လႈပ္ရွားလာမည္။ ဝင္ေငြမ်ားသိသာလာေသာ္လည္း ဆရာမိဘမ်ားကို ေပးကမ္းရမႈမ်ားေၾကာင့္ မစုမိျဖစ္ေနမည္။ အက်ိဳးေဆာင္ႏွင့္ စပ္တူရွယ္ယာမ်ားမွ ဝင္ေငြတျဖည္းျဖည္း ေကာင္းလာ မည္။ အလုပ္သမားမ်ားကို အမွီျပဳ၍ လုပ္ငန္းမ်ားလည္ပတ္လာမည္။ နိုင္ငံရပ္ျခားခရီးေဝး အလြန္ ေကာင္းက်ိဳးေပးမည္။ အလုပ္ထဲမွေငြေၾကးအထားမွားေပ်ာက္ဆုံးမႈျဖစ္ေပၚေနမည္။ ဆက္သြယ္ေရးႏွင့္ စာအုပ္ ထုတ္ေဝေရး၊လူထုကိုတိုက္ရိုက္ အက်ိဳးသက္ေရာက္ေစေသာ အလုပ္မ်ား အထူးေကာင္းမြန္မည္ …။

ေျမယာႏွင့္ ေဆာက္ လုပ္ ေရးမ်ား အနည္းငယ္ညံ့ေနမည္။ အိမ္ေထာင္ေရးတြင္ လင္မယားႏွစ္ေယာက္တက္ညီလက္ညီ တစ္နယ္စီေဝး ေသာ္လည္း ဆက္သြယ္ေရးေကာင္းမြန္မႈေၾကာင့္ အနီးမွာ ရွိေနသကဲ့သို႔ေႏြးေထြးေနမည္။ သီခ်င္းေရးႏွင့္ အႏုပညာ ဆိုင္ရာမ်ား သင္ၾကားရာတြင္ အလြန္တတ္လြယ္မည္။ အြန္လိုင္းကေနပညာသင္ျခင္းမ်ားအထူး ေအာင္ျမင္မည္။ အခ်စ္ေရးတြင္ အရြယ္လြန္အပ်ိဳႀကီးျဖစ္ေပမယ့္ ငယ္ရြယ္ သူ၏ခ်စ္ျမတ္နိုးမႈကို ခံရခ်ိန္ပါပဲ။စုံတြဲမ်ားကေတာ့ ၾကားေလေသြး၍ ေဝးမွာစိုးရိမ္ေနတဲ့ ခ်စ္ျခင္းခိုင္ျမဲတဲ့အခ်ိန္ပါပဲ။ က်န္းမာေရးတြင္ေရာဂါေဗဒဆိုတာမ်ိဳး ခံစားရတာ မရွိဘဲ ထိခိုက္ရွနာ ေသြးထြက္သံယို အေသးစားေလးေတြျဖစ္ တတ္ပါတယ္ …။

အက်ိဳးေပးဂဏန္း ၃/၆/၇

အထူးေဟာ စန္းအား ေကာင္းေနပါတယ္ …။

ယၾတာ နို႔ဆီတစ္ဗူး ရဟန္းတစ္ပါးကို လွဴလိုက္ပါ …။

စေန

စီးပြားေရးလုပ္ငန္းမ်ား တစ္ေက်ာ့ျပန္အားေကာင္းလာခ်ိန္၊ လုပ္ငန္းအတြက္ရင္းႏွီးျမႇပ္ႏွံလိုသူမ်ား ေရာက္ရွိ လာမည္။ မိတ္ေဟာင္း၊ ဆရာေဟာင္းတို႔၏ ကူညီမႈရရွိမည္။ မူရင္းအလုပ္မွာေႏွးေကြးေနေသာ္လည္း ေခတ္ႏွင့္အညီ ေျပာင္းလဲတိုးတတ္ေအာင္နည္းပညာနဲ႔ေပါင္းၿပီးလုပ္ကိုင္နိုင္ရင္ေတာ့အလြန္ေအာင္ျမင္မည္။ မိသားစုဝင္အားလုံး အလုပ္ကိုယ္စီႏွင့္ တတ္ႂကြစြာလုပ္ကိုင္ျဖစ္မည္။ အရက္ေသာက္တတ္ေသာ သူမ်ားမေသာက္နဲ႔မေျပာပါဘူး။ ခ်ိန္ဆ ေသာက္ သင့္တဲ့ကာလပါ။ အိမ္ေထာင္ေရးတြင္ ေဆြမ်ိဳးမ်ား၊ တပည့္မ်ားေၾကာင့္ လင္မယား စကားမ်ားရမည္ …။

အိမ္ေထာင္ ဖက္၏ လက္ဝတ္ရတနာမ်ား ထြက္တတ္သည္။ သားသမီးမ်ားအတြက္ ေငြကုန္မ်ားမည္။ ပညာေရး တြင္ ဆရာေကာင္းမ်ားႏွင့္ ပညာသင္ၾကားခြင့္ရေသာ အခ်ိန္ျဖစ္သည္။ ပညာေရးအတြက္ အေထာက္အပံ့ေကာင္းမ်ား လာမည္။ အခ်စ္ေရးတြင္ တတိယလူ၏အနီးကပ္ ရင္းႏွီးစြာဝင္ေရာက္လာမႈေၾကာင့္ အလြန္ႀကီးမားေသာ အခ်စ္ ျပႆနာေပၚလာမည္။ လက္ရွိခ်စ္သူကိုလည္းမစြန႔္ရက္နဲ႔ဒုကၡမ်ားရတတ္ပါတယ္။ က်န္းမာေရးတြင္ ေသြးတိုးေသြး တတ္ ျဖစ္နိုင္သည္။ အစားအစာလြန္ကဲမႈေၾကာင့္ အစာမေၾကႏွင့္ ဗိုက္နာေရာဂါမ်ား ခံစားရတတ္ပါသည္ …။

အက်ိဳးေပးဂဏန္း ၁/၄/၈

အထူးေဟာ ကံအင္အား နည္းေနတတ္ပါတယ္ …။

ယၾတာ အာလူးနဲ႔ဝက္သား ေရာခ်က္ၿပီး ရဟန္းသံဃာေတြကို ေလာင္းလွဴလိုက္ပါ …။

ရရက္သားသမီးအေပါင္း ေကာင္းေသာ လိုအင္ဆႏၵေတြျပည့္ဝပါေစ …။ ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 09 77 5555 695 /09 44 5555 69

Unicode

၇ ရက်သားသမီး တစ်ပတ်စာဟောစာတမ်း (၁၆.၄.၂၀၂၀ မှ ၂၂.၄.၂၀၂၀ ထိ)

တနင်္ဂနွေ

ဒီအပတ်အတွင်း ရာထူးမတတ်သော်လည်း ဘဝတစ်ဆင့်မြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရလိမ့်မည်။ ခရီးသွားရန်ကြံရွယ်ထားပြီးမှ ပျက်သွားတတ်သည်။ စီးပွားရေးတွင် စက်ပစ္စည်းပျက်များ ပြင်နေရချိန်ဖြစ်ပါတယ်။ ရောင်းကုန်များ ဈေးကောင်းမရသလို ရောင်းမထွက်ဘဲ ဖြစ်နေလိမ့်မည်။ အခြားသူအလုပ် အတွက် ငွေစိုက်ထုတ် ပေးရခြင်းမျိုး ကြုံရတတ်ပါတယ်။ မင်းစိုးရာဇာတို့၏ချီးမြှောက်မှု၊ ဋ္ဌာနဆိုင်ရာနှင့် စီးပွားတွဲဖက်လုပ်ကိုင်ခြင်းများ ကြုံ မည်။ အလုပ်သစ်ချဲ့ခြင်းတွေရှောင်သင့်တဲ့ နေ့ရက်တွေပါပဲ။ အလှူအတန်းတွေကို အားပါးတရလုပ်ခွင့် ရပါလိမ့် မယ် …။

ပစ္စည်းဟောင်းတစ်ပတ်ရစ်များ ဝယ်ယူခြင်းမျိုးဒီအပတ်မှာရှောင်စေချင်ပါတယ်။ အချစ်မရှိသေးသူများ အတွက် အချစ်သစ်မရှာသင့်ဆုံးကာလတစ်ခုဖြစ်နေပါတယ်။ ချစ်မိလျှင် သူငယ်ချင်း အဖြစ်မှရပ်တန့်သွားမည်။ အိမ် ထောင်ဖက်သည် သူအလုပ်နဲ့သူများနေတတ်သည်။ အိမ်တွင်းရေးမှာ အေးစက်နေသော်လည်း အေးချမ်းသာယာမှု၊ နားလည်မှု များရှိနေမည်။ ကျန်းမာရေးတွင်တော့ လည်ချောင်းနာ၊ အစားပျက်နှင့် ဝမ်းလျှော၊ ဝမ်းပျက်များ ဖြစ်တတ် သည်။ အလွန်အကျွံအိပ်ခြင်းကြောင့် ရောဂါရနိုင်သည်။ ပညာရေးတွင် ပညာသင်ကြားရန် ရည်ရွယ်ထားပြီးမှ အနှောက်အယှက်ကြုံရမည် …။

အကျိုးပေးဂဏန်း ၁/၅/၂

အထူးဟော ကံအကောင်းအဆိုး မျှနေသည် …။

ယတြာ ဖီးကြမ်းငှက်ပျော်သီး တစ်ဖီး ရဟန်းတစ်ပါးကို လှူလိုက်ပါ …။

တနင်္လာ

ဒီကာလအတွင်းပစ္စည်းပျောက်ရှာမရတာမျိုးတွေကြုံရတတ်ပါတယ်။မီးဘေး အန္တရာယ်၊ ဓါတ်လိုက်မှုမျိုး များလည်း ကြုံနိုင်ပါတယ်။စက်ပစ္စည်းအဟောင်းများကိုရောင်းဝယ်ခြင်းတို့၊ ခရီးများလာခြင်းတို့ကြောင့် ငွေများစွာရနေမည်။ ပြည်ပသွား၍လုပ်ကိုင်လိုသူများ အမြန်သွားမှဖြစ်မည်။ အချို့စာရွက်၊ စာတမ်း အလိမ်အညာရှိသော်လည်း ပြေလည်ပြီးသွားရမည်။ ခရီးသွားလုပ်ငန်းများ ယာယီအားဖြင့် ကောင်းသော်လည်း အခက်အခဲအနည်းငယ်ကြုံနိုင်ပါတယ်။ မိသားစုဝင်များနှင့်ပတ်သက်၍ တကျက်ကျက်ရန်ဖြစ်နေရမည်။ အိမ်ထောင်ရေးမှာ ညှိမရတွေ ဖြစ်တတ်သည်။ သားသမီးတို့၏ ပညာရေးကို ဂရုမစိုက်နိုင်ပဲ ဖြစ်နေမည် …။

ဘွဲ့လက်မှတ်၊ ဂုဏ်ထူးနှင့်ဆိုင်သော ပညာရပ်များကို သင်ယူရာ၌ များစွာအခက်အခဲဖြစ်စေလိမ့်မည်။ အချစ်မရှိ သူများအတွက် အသက်ကြီးသူ၊ မလွတ်လပ်သူကိုမှ ချစ်နေပါမည်။ အချစ်ရေးမှာ အေးတိအေးစက်နှင့် ထုံပေပေ ဘာမျှမသိ၊ နားလည်ရခက်သော အချစ်ဖြစ်နေမည်။ ကျန်းမာရေးတွင် အစားအသောက်ပျက်ခြင်းများ၊ဝမ်းနူးစာများစားမိ၍ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါရတတ်ပါတယ်။ ခါးနာရောဂါဖြစ်လွယ်သည်။ပစ္စည်းပျောက်ရှာမရတာမျိုးတွေကြုံရတတ်ပါတယ်။မီးဘေး အန္တရာယ်၊ ဓါတ်လိုက်မှု မျိုး များလည်း ကြုံနိုင်သဖြင့် ဂရုစိုက်ဖို့လိုပါတယ် …။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော အလုပ်တွေကောင်းပေမယ့် အလိမ်အညာ ခံရတတ်ပါတယ် …။

ယတြာ သဇင်ပန်း/သစ္စာပန်း ဘုရားကပ်လှူပေးပါ …။

အင်္ဂါ

ဒီအပတ်အတွင်း စီးပွားရေးပြန်လည်ကောင်းမွန်လာသောအချိန်ဖြစ်ပါတယ်။ အကျိုးဆောင်အလုပ်နှင့် နှုတ် အပြောဆိုင်ရာ လုပ်ငန်းများမှ ငွေဝင်မည်။ ယာဉ်နှင့်စိန်ရောင်းဝယ်မှုများ အလုပ်ဖြစ်မည်။ စာပေဆိုင်ရာများ ဆက်သွယ်ရေးလုပ်ငန်း များလည်း အကျိုးပေးနေမည်။ စက်ပျက်စီးမှုနှင့် လျှပ်စစ်ဓါတ်အား မလုံလောက်မှုများ တွေ့ကြုံရမည်။ ၎င်းတို့နှင့် ဆိုင်သောလုပ်ငန်းများ နှေးကွေးနေမည်။ ဖြေရှင်း ရန်ခက်ခဲသော ထူးခြားဖြစ်ရပ်များ ကြုံမည်။ အလွယ်တကူ ရသည်ဟူ၍ မရှိ၊ ဦးတည်လိုက်တိုင်း နေရာတိုင်း၌ အခက်အခဲရှိမည်။ တိုးချဲ့သော လုပ်ငန်း များ ရပ်တန့်သွားခြင်းများ ရှိမည် …။

ခရီးသွားရန် ရည်ရွယ်ထားလျှင် အရှေ့အရပ် သို့သွားပါ။ အိမ်ထောင်ရေးကတော့ သာယာချမ်းမြေ့မှုများ ပြည့်နေပေမည်။ မိဘလိုအချစ်၊ မောင်နှမလိုအချစ်မျိုးဖြင့် နေထိုင်ဖြစ်မည်။ ပညာရေးတွင် ဘာသာရေးနှင့် ဒဿန ဆိုင်ရာပညာများ၊ နိုင်ငံရေးရာပညာရပ်များကိုလည်းစာပေကနေသင်ယူခွင့်ရမည်။ အချစ်ရေး တွင် အမိန့်ပေးတတ် သောသူကိုမှ ချစ်မြတ်နိုးနေမည်။ချစ်သူက ကိုယ့်ကိုနိုင်စားပါလိမ့်မယ်။ ကျန်းမာရေးတွင် အကြောတတ်၊ အညောင်း ကိုက် နေမည်။ ဆေးစားမှား တတ်သည်။ မတည့်သော အစားအသောက် စားမိသဖြင့် ရောဂါ ရနိုင်ပါသည် …။

အကျိုးပေးဂဏန်း ၄/၇/၀

အထူးဟော တစ်ခုခုလုပ်မယ်ဆို အဖုအထစ်လေးတွေကြုံပြီးမှ အဆင်ပြေမည် …။

ယတြာ ထန်းလျက် ၁၁ လုံးခန့် ဘုရားကပ်လှူပါ …။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ကိုယ်တိုင်အရောင်းအဝယ်၌ ဈေးကစားနေမိသောအချိန်ဖြစ်သည်။ အိမ်၊ ခြံ၊ မြေအတွက် ရောင်းဈေး၊ ဝယ် ဈေးနှင့် ချိန်နေရင်း ဆွေမျိုးများနှင့် ဈေးတည့်သွားလိမ့်မည်။ အောက်လက်ငယ်သားဝန်ထမ်းများ အလွန်နှေး ကွေး နေ၍ဆူပူနေရပါလိမ့်မယ်။ စပ်တူရှယ်ယာများအချင်းချင်း ရန်ဖြစ်ပြီးရှယ်ယာခွဲတာမျိုးတွေထိဖြစ် တတ်ပါ တယ်။ အိမ်ထောင်‌ရေး တွင် အိမ်ထောင်ဖက်က နေရာတိုင်းမှာ ဝင်ပါနေမည်။ အိမ်ထောင်ဖက်ကြောင့် လူမှုရေး၊ အလုပ် အကိုင်များ ပျက်တတ်ပါသည် …။

မနာလိုသူတွေရဲ့ထိုးနှက်တဲ့စကားကို ဥပေက္ခာပြုနိုင်လျှင် အေးချမ်း သောဘဝ ရရှိ လိမ့်မည်။ ပန်းချီ၊ ပုံဆွဲ၊ဂစ်တာတီး၊ဂရပ်ဖစ်ဒီဇိုင်းစတဲ့ အနုပညာနှင့်ဆိုင်သော ပညာရပ်များကို ပျော်ရွှင် စွာသင်ယူ ဖြစ်မည်။ ကွန်ပျူတာ ဆက်သွယ်ရေးပစ္စည်းများ မိဘလူကြီးတွေဝယ်ပေးတာမျိုး ကြုံရတတ် ပါတယ်။ အချစ်ရေး တွင် လုပ်ဖေါ်ကိုင်ဖက်တစ်ဦး၏အချစ်ကိုရရှိလိမ့်မည်။ ချစ်သူနှင့် ခရီးသွားရန် ကြံရွယ်ပြီးမှ ပျက် သွားလိမ့်မည်။ ကျန်းမာရေးတွင် ကိုယ်လက်လှုပ်ရှားမှုနည်းသဖြင့် ကိုယ်လက်မအီမသာဖြစ်ပါ လိမ့်မယ်။ အမျိုးသမီးများ ဓမ္မတာ သွေးလွန်မည် …။

အကျိုးပေးဂဏန်း ၁/၅/၈

အထူးဟော ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပေးပါ …။

ယတြာ ပဲကပ်ကြော်ဘုရား ကပ်လှူပေးပါ …။

ကြာသပတေး

ဒီကာလအတွင်း ဟောင်းနွမ်းနှစ်ကြာသော ကုန်ပစ္စည်းများဒိတ်လွန် ပျက်စီးမှု၊ ဆုံးရှုံးမှုများရှိနေမည်။ ဆရာ မိဘနှင့် ဆက်နွယ်သောအလုပ်များ၊ နိုင်ငံရပ်ခြားနှင့်ဆက်နွယ် သောအလုပ်များလုပ်ကိုင်၍ ငွေဝင်မည်။ အကျိုး ဆောင်လုပ်ငန်းများ လုပ်ဖြစ်မည်။ အလုပ်အကိုင်များ ပြန်လည်ကောင်းမွန်လာချိန် ဖြစ်ပေမယ့်အလုပ်သမား တပည့် များ၏အလုပ်ထွက်မှုနှင့်ရန်ပြဿနာကြောင့်အနည်းငယ်အခက်အခဲကြုံမည်။သတင်းအမှားများကို နားထောင်မိရာမှ အရှုံးပေါ်တတ်သည်။ စားသောက်ကုန်နှင့် အဝတ်အထည်၊ ငွေကြေးဖလှယ်မှုများမှ အကျိုးအမြတ်ရပါလိမ့်မည် …။

အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ အသုံးအဖြုန်းကြီးမှု ကြောင့် စကားများရဖွယ်ရှိသည်။ မိသားစု၏အခက်အခဲ များကို သဘောထားကွဲလွဲစွာ အယူအဆကိုယ်စီဖြင့် ဖြေရှင်းဖြစ်လိမ့်မည်။ ပညာရေးတွင် အသက်မွေးဝမ်းကျောင်း မှုဆိုင်ရာပညာနှင့် ဆက်သွယ်ရေးဆိုင်ရာပညာရပ်များသင်ရမည်။ အချစ်ရေးတွင် ဘာသူမတူ၊ လူမျိုးခြားတစ်ဦးက လာရောက်ချစ်ခွင့်ပန်ခြင်းကိုခံရတတ်သည်။အတိတ်က အချစ်ဟောင်းကို ပြန်လည်တွေ့ရှိရလိမ့်မည်။ ကျန်းမာရေး တွင် သွေးတိုး‌၊ သွေးကျ၊ သွေးနှင့်ဆိုင်သော ရောဂါ များဖြစ်လိမ့်မည် …။

အကျိုးပေးဂဏန်း ၂/၆/၉

အထူးဟော အလှူအတန်းနှင့်ဘာသာရေး အလုပ်များအဆင်ပြေမည် …။

ယတြာ သစ်ခွပန်း ဘုရားကပ်လှူပါ …။

သောကြာ

ဒီကာလအတွင်းရပ်နေသောအလုပ်များ ပြန်လည်လှုပ်ရှားလာမည်။ ဝင်ငွေများသိသာလာသော်လည်း ဆရာမိဘများကို ပေးကမ်းရမှုများကြောင့် မစုမိဖြစ်နေမည်။ အကျိုးဆောင်နှင့် စပ်တူရှယ်ယာများမှ ဝင်ငွေတဖြည်းဖြည်း ကောင်းလာ မည်။ အလုပ်သမားများကို အမှီပြု၍ လုပ်ငန်းများလည်ပတ်လာမည်။ နိုင်ငံရပ်ခြားခရီးဝေး အလွန် ကောင်းကျိုးပေးမည်။ အလုပ်ထဲမှငွေကြေးအထားမှားပျောက်ဆုံးမှုဖြစ်ပေါ်နေမည်။ ဆက်သွယ်ရေးနှင့် စာအုပ် ထုတ်ဝေရေး၊လူထုကိုတိုက်ရိုက် အကျိုးသက်ရောက်စေသော အလုပ်များ အထူးကောင်းမွန်မည် …။

မြေယာနှင့် ဆောက် လုပ် ရေးများ အနည်းငယ်ညံ့နေမည်။ အိမ်ထောင်ရေးတွင် လင်မယားနှစ်ယောက်တက်ညီလက်ညီ တစ်နယ်စီဝေး သော်လည်း ဆက်သွယ်ရေးကောင်းမွန်မှုကြောင့် အနီးမှာ ရှိနေသကဲ့သို့နွေးထွေးနေမည်။ သီချင်းရေးနှင့် အနုပညာ ဆိုင်ရာများ သင်ကြားရာတွင် အလွန်တတ်လွယ်မည်။ အွန်လိုင်းကနေပညာသင်ခြင်းများအထူး အောင်မြင်မည်။ အချစ်ရေးတွင် အရွယ်လွန်အပျိုကြီးဖြစ်ပေမယ့် ငယ်ရွယ် သူ၏ချစ်မြတ်နိုးမှုကို ခံရချိန်ပါပဲ။စုံတွဲများကတော့ ကြားလေသွေး၍ ဝေးမှာစိုးရိမ်နေတဲ့ ချစ်ခြင်းခိုင်မြဲတဲ့အချိန်ပါပဲ။ ကျန်းမာရေးတွင်ရောဂါဗေဒဆိုတာမျိုး ခံစားရတာ မရှိဘဲ ထိခိုက်ရှနာ သွေးထွက်သံယို အသေးစားလေးတွေဖြစ် တတ်ပါတယ် …။

အကျိုးပေးဂဏန်း ၃/၆/၇

အထူးဟော စန်းအား ကောင်းနေပါတယ် …။

ယတြာ နို့ဆီတစ်ဗူး ရဟန်းတစ်ပါးကို လှူလိုက်ပါ …။

စနေ

စီးပွားရေးလုပ်ငန်းများ တစ်ကျော့ပြန်အားကောင်းလာချိန်၊ လုပ်ငန်းအတွက်ရင်းနှီးမြှပ်နှံလိုသူများ ရောက်ရှိ လာမည်။ မိတ်ဟောင်း၊ ဆရာဟောင်းတို့၏ ကူညီမှုရရှိမည်။ မူရင်းအလုပ်မှာနှေးကွေးနေသော်လည်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတတ်အောင်နည်းပညာနဲ့ပေါင်းပြီးလုပ်ကိုင်နိုင်ရင်တော့အလွန်အောင်မြင်မည်။ မိသားစုဝင်အားလုံး အလုပ်ကိုယ်စီနှင့် တတ်ကြွစွာလုပ်ကိုင်ဖြစ်မည်။ အရက်သောက်တတ်သော သူများမသောက်နဲ့မပြောပါဘူး။ ချိန်ဆ သောက် သင့်တဲ့ကာလပါ။ အိမ်ထောင်ရေးတွင် ဆွေမျိုးများ၊ တပည့်များကြောင့် လင်မယား စကားများရမည် …။

အိမ်ထောင် ဖက်၏ လက်ဝတ်ရတနာများ ထွက်တတ်သည်။ သားသမီးများအတွက် ငွေကုန်များမည်။ ပညာရေး တွင် ဆရာကောင်းများနှင့် ပညာသင်ကြားခွင့်ရသော အချိန်ဖြစ်သည်။ ပညာရေးအတွက် အထောက်အပံ့ကောင်းများ လာမည်။ အချစ်ရေးတွင် တတိယလူ၏အနီးကပ် ရင်းနှီးစွာဝင်ရောက်လာမှုကြောင့် အလွန်ကြီးမားသော အချစ် ပြဿနာပေါ်လာမည်။ လက်ရှိချစ်သူကိုလည်းမစွန့်ရက်နဲ့ဒုက္ခများရတတ်ပါတယ်။ ကျန်းမာရေးတွင် သွေးတိုးသွေး တတ် ဖြစ်နိုင်သည်။ အစားအစာလွန်ကဲမှုကြောင့် အစာမကြေနှင့် ဗိုက်နာရောဂါများ ခံစားရတတ်ပါသည် …။

အကျိုးပေးဂဏန်း ၁/၄/၈

အထူးဟော ကံအင်အား နည်းနေတတ်ပါတယ် …။

ယတြာ အာလူးနဲ့ဝက်သား ရောချက်ပြီး ရဟန်းသံဃာတွေကို လောင်းလှူလိုက်ပါ …။

ရရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝပါစေ …။ ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695 /09 44 5555 69

Be the first to comment

Leave a Reply

Your email address will not be published.


*