မၾကာမွီ ျပည္ၿမိဳ႕ကိုျပန္လာမည္ …။

မၾကာမွီ ျပည္ၿမိဳ႕ကိုျပန္လာမည္ …။
မၾကာမွီ ျပည္ၿမိဳ႕ကိုျပန္လာမည္ …။

မၾကာမွီ ျပည္ၿမိဳ႕ကိုျပန္လာမည္ …။

ျမန္မာ့ေဆးပညာသမိုင္းမွာ”ေဒါက္တာ”ဆိုတဲ့ စကားလုံးႏွလုံးေသြးနဲ႔ေရးထိုးခဲ့ပါၿပီ …။

“ရန္သူ ျဖဴသလား၊မဲသလား သဲကြဲမသိ၊ မျမင္ရဘူး”

က်မသိတယ္….နားလည္တယ္….က်မဆႏၵအေလ်ာက္တိုက္ပြဲဝင္မယ္ …။

က်မတတ္ထားတဲ့ေဆးပညာ အသျပာအတြက္မဟုတ္ဘူး…နိုင္ငံေတာ္အတြက္ တိုင္းျပည္အတြက္ရွင့္ …။

ရဲရဲေတာက္စကား၊ ႏွလုံးသားက စကားအားပါးပါး ၾကက္သီးထတယ္ …။

ဆရာဝန္သုံးေယာက္၊ ေဆာင္ရြက္မွသာ ရတဲ့ ေက့(စ္)ကို “ဆရာမတစ္ေယာက္တည္း ျဖစ္ေအာင္လုပ္မယ္ …။

မင္းတို႔ဖယ္ၾက၊ အျပင္သြားၾကမင္းတို႔ကို ေရာဂါအကူး မခံနိုင္ဘူး…ကူးခ်င္းကူး ဆရာမသာကူးပေလ့ေစ…”

မုဆိုးေျခေထာက္ ဆူးမေၾကာက္သလို ဆရာဝန္ထံ လူနာ့ဆီက ပိုးကူးတာမဆန္းပါဘူး …။

ကူးခဲ့ရင္···…

ကူးခဲ့ရင္···..

Plan(၂၅)ခ်က္၊ ငါခ်ထားတယ္။ အဲ့ဒီကိုဗစ္ ငါရင္ဆိုင္မယ္။ ရဲရဲေတာက္စကား၊ ႏွလုံးသားကစကားအားပါးပါး·· ၾကက္သီးထတယ္ …။

ေရာဂါေဝဒနာခံစားရင္းေတာင္”ေဝဘာဂီကေန ျပည္ၿမိဳ႕ဆီသို႔သိပ္မၾကာမွီ က်န္းမာစြာျဖင့္ျပန္လာပါမည္၊ ျပန္လာမည္တဲ့”

ျပည္ၿမိဳ႕ကအထြက္၊ဆရာမႀကီးရဲ့ရဲရဲေတာက္စကား၊ႏွလုံးသားကစကားအားပါးပါး··ၾကက္သီးထတယ္ …။

မိမိအသက် ပဓာနမထားဘဲ စြန႔္စြန႔္စားစား ကိုယ္က်ိဳးမဖက္အမ်ားအတြက္ ေဆာင္ရြက္သူမ်ားေပၚထြက္လာတိုင္း နတ္တို႔သနင္း သိၾကားမင္းေတာင္ ေနလို႔မရ …။

အခ်ိန္ပိုဆင္းကာ လူ႔ျပည္ဆင္းၿပီး ေစာင့္ေရွာက္ေနတယ္ ဆရာမႀကီး …။

ထို႔အတူ တိုင္းသူျပည္သားအေပါင္းကလဲေမတၱာ သစၥာ သြန္းကာေလာင္း၍ ဝန္းရံခကာ ဆုေတာင္းေခၽြသည္ …။

ဆရာမႀကီး က်န္းမာပါေစ …။

ဆရာမႀကီး က်န္းမာပါေစ …။ ။

ၿဖိဳးေဝျမင့္(၁၃ ၊ ၄ ၊ ၂၀၂၀)

Unicode

မကြာမှီ ပြည်မြို့ကိုပြန်လာမည် …။

မြန်မာ့ဆေးပညာသမိုင်းမှာ”ဒေါက်တာ”ဆိုတဲ့ စကားလုံးနှလုံးသွေးနဲ့ရေးထိုးခဲ့ပါပြီ …။

“ရန်သူ ဖြူသလား၊မဲသလား သဲကွဲမသိ၊ မမြင်ရဘူး”

ကျမသိတယ်….နားလည်တယ်….ကျမဆန္ဒအလျောက်တိုက်ပွဲဝင်မယ် …။

ကျမတတ်ထားတဲ့ဆေးပညာ အသပြာအတွက်မဟုတ်ဘူး…နိုင်ငံတော်အတွက် တိုင်းပြည်အတွက်ရှင့် …။

ရဲရဲတောက်စကား၊ နှလုံးသားက စကားအားပါးပါး ကြက်သီးထတယ် …။

ဆရာဝန်သုံးယောက်၊ ဆောင်ရွက်မှသာ ရတဲ့ ကေ့(စ်)ကို “ဆရာမတစ်ယောက်တည်း ဖြစ်အောင်လုပ်မယ် …။

မင်းတို့ဖယ်ကြ၊ အပြင်သွားကြမင်းတို့ကို ရောဂါအကူး မခံနိုင်ဘူး…ကူးချင်းကူး ဆရာမသာကူးပလေ့စေ…”

မုဆိုးခြေထောက် ဆူးမကြောက်သလို ဆရာဝန်ထံ လူနာ့ဆီက ပိုးကူးတာမဆန်းပါဘူး …။

ကူးခဲ့ရင်···…

ကူးခဲ့ရင်···..

Plan(၂၅)ချက်၊ ငါချထားတယ်။ အဲ့ဒီကိုဗစ် ငါရင်ဆိုင်မယ်။ ရဲရဲတောက်စကား၊ နှလုံးသားကစကားအားပါးပါး·· ကြက်သီးထတယ် …။

ရောဂါဝေဒနာခံစားရင်းတောင်”ဝေဘာဂီကနေ ပြည်မြို့ဆီသို့သိပ်မကြာမှီ ကျန်းမာစွာဖြင့်ပြန်လာပါမည်၊ ပြန်လာမည်တဲ့”

ပြည်မြို့ကအထွက်၊ဆရာမကြီးရဲ့ရဲရဲတောက်စကား၊နှလုံးသားကစကားအားပါးပါး··ကြက်သီးထတယ် …။

မိမိအသကျ ပဓာနမထားဘဲ စွန့်စွန့်စားစား ကိုယ်ကျိုးမဖက်အများအတွက် ဆောင်ရွက်သူများပေါ်ထွက်လာတိုင်း နတ်တို့သနင်း သိကြားမင်းတောင် နေလို့မရ …။

အချိန်ပိုဆင်းကာ လူ့ပြည်ဆင်းပြီး စောင့်ရှောက်နေတယ် ဆရာမကြီး …။

ထို့အတူ တိုင်းသူပြည်သားအပေါင်းကလဲမေတ္တာ သစ္စာ သွန်းကာလောင်း၍ ဝန်းရံခကာ ဆုတောင်းချွေသည် …။

ဆရာမကြီး ကျန်းမာပါစေ …။

ဆရာမကြီး ကျန်းမာပါစေ …။ ။

ဖြိုးဝေမြင့်(၁၃ ၊ ၄ ၊ ၂၀၂၀)

Be the first to comment

Leave a Reply

Your email address will not be published.


*