ျပန္ဝင္စားတယ္လို႔ ဆိုကာ ႏြားကေလးကို ခင္ပြန္းသည္ အျဖစ္ ေပါင္းသင္းခဲ့တဲ့ အမ်ိဳးသမီး

ျပန္ဝင္စားတယ္လို႔ ဆိုကာ ႏြားကေလးကို ခင္ပြန္းသည္ အျဖစ္ ေပါင္းသင္းခဲ့တဲ့ အမ်ိဳးသမီး

ျပန္ဝင္စားတယ္လို႔ ဆိုကာ ႏြားကေလးကို ခင္ပြန္းသည္ အျဖစ္ ေပါင္းသင္းခဲ့တဲ့ အမ်ိဳးသမီး

ေသၿပီး ေနာက္ဘဝ ျပန္ဝင္စားၾကတယ္ ဆိုတဲ့ ယုံၾကည္မႈ တစ္ခုက ေတာင္အာရွတခြင္က လူ႔အသိုင္းအဝိုင္းမွာ ေတာ့ နက္နက္ရႈိင္းရႈိင္း ကို ယုံၾကည္ တတ္ၾကပါတယ္။

ေသၿပီးသား လူတစ္ေယာက္ က လူ႔ဘဝတစ္ဖန္ ျဖစ္ေစ၊ ဒါမွမဟုတ္ တျခား က်င္လည္ရာ ဘဝသစ္တစ္ခုမွာ ျပန္လည္ ဝင္စားတတ္ၾကၿပီး မိသားစုထဲမွာ ပဲ ဆက္လက္ ေနထိုင္ တတ္ၾကတယ္လို႔ ဆိုပါတယ္။

အသက္ ၇၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ကင္မ္ဟန္ဆီမွာ ခင္ပြန္းျဖစ္သူက ႏြားတစ္ေကာင္အျဖစ္ ျပန္လည္ ေမြးဖြားလာၿပီး ေနထိုင္ တယ္လို႔ ႐ြာသားေတြနဲ႔ မိသားစုဝင္ေတြ က ယုံၾကည္ ထားၾကပါတယ္။

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ က မွ ေသဆုံးသြားခဲ့တဲ့ ခင္ပြန္းျဖစ္သူက သိပ္မၾကာခင္ ဇနီးသည္ထံ မွာ ႏြားတစ္ေကာင္ အျဖစ္ ျပန္လည္ ဝင္စားေမြးဖြားလာတာ ျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ခင္ပြန္းသည္ မေသဆုံးခင္က ေနထိုင္ခဲ့တဲ့ ပုံစံေတြအတိုင္းပဲ ႏြားျဖစ္လာတဲ့ ဘဝမွာလည္း သူမခံစားသိရွိရတယ္လို႔ ဆိုကာ သူမရဲ႕ ခင္ပြန္းသည္ ျဖစ္လိမ့္မယ္ဆိုတာ ယုံၾကည္ေၾကာင္း အဆိုပါအမ်ိဳးသမီးက ဆိုထားပါတယ္။

“ ဒီႏြားငယ္ေလး က ဘယ္လိုပဲ ျဖစ္ျဖစ္ ကြၽန္မခင္ပြန္းလို႔ ယုံၾကည္ပါတယ္။ ကြၽန္မခင္ပြန္း အသက္ရွင္စဥ္ တုန္းက အတိုင္းပဲ သူေနထိုင္ျပဳမူတဲ့ပုံစံေတြက တစ္ေထရာတည္းပဲေလ။

ဒါ့ေၾကာင့္ ကြၽန္မခင္ပြန္း လို႔ ခံစားလို႔ရပါတယ္” လို႔ ႐ိုက္တာတီဗြီကို ေျပာၾကားခဲ့ ပါတယ္။ အဆိုပါ ႏြားငယ္ေလး ကို ၿပီးခဲ့တဲ့ မတ္လ တုန္းက ေမြးဖြားခဲ့ၿပီး လက္ရွိ အခ်ိန္အထိေတာ့ ဆိုရွယ္မီဒီယာေတြမွာ နာမည္ေက်ာ္ၾကား ေနပါတယ္။

မၾကာေသးမီတုန္းက ဆိုရွယ္မွာ နာမည္ႀကီးလာတဲ့ ႏြားတစ္ေကာင္ကို ခင္ပြန္း ေတာ္စပ္ထားတဲ့ ကေမာၻဒီးယား က အမ်ိဳးသမီး တစ္ဦးထံကို စိတ္ဝင္ စားလို႔ လာေရာက္ ၾကည့္ရႈတဲ့သူ တစ္ရာနီးပါး ေန႔စဥ္ ရွိတယ္လို႔ သိရပါတယ္။

Writer : Min Thu (XYZ News)

Unicode

ပြန်ဝင်စားတယ်လို့ ဆိုကာ နွားကလေးကို ခင်ပွန်းသည် အဖြစ် ပေါင်းသင်းခဲ့တဲ့ အမျိုးသမီး

သေပြီး နောက်ဘဝ ပြန်ဝင်စားကြတယ် ဆိုတဲ့ ယုံကြည်မှု တစ်ခုက တောင်အာရှတခွင်က လူ့အသိုင်းအဝိုင်းမှာ တော့ နက်နက်ရှိုင်းရှိုင်း ကို ယုံကြည် တတ်ကြပါတယ်။

သေပြီးသား လူတစ်ယောက် က လူ့ဘဝတစ်ဖန် ဖြစ်စေ၊ ဒါမှမဟုတ် တခြား ကျင်လည်ရာ ဘဝသစ်တစ်ခုမှာ ပြန်လည် ဝင်စားတတ်ကြပြီး မိသားစုထဲမှာ ပဲ ဆက်လက် နေထိုင် တတ်ကြတယ်လို့ ဆိုပါတယ်။

အသက် ၇၄ နှစ်အရွယ် အမျိုးသမီး ကင်မ်ဟန်ဆီမှာ ခင်ပွန်းဖြစ်သူက နွားတစ်ကောင်အဖြစ် ပြန်လည် မွေးဖွားလာပြီး နေထိုင် တယ်လို့ ရွာသားတွေနဲ့ မိသားစုဝင်တွေ က ယုံကြည် ထားကြပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက် က မှ သေဆုံးသွားခဲ့တဲ့ ခင်ပွန်းဖြစ်သူက သိပ်မကြာခင် ဇနီးသည်ထံ မှာ နွားတစ်ကောင် အဖြစ် ပြန်လည် ဝင်စားမွေးဖွားလာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ခင်ပွန်းသည် မသေဆုံးခင်က နေထိုင်ခဲ့တဲ့ ပုံစံတွေအတိုင်းပဲ နွားဖြစ်လာတဲ့ ဘဝမှာလည်း သူမခံစားသိရှိရတယ်လို့ ဆိုကာ သူမရဲ့ ခင်ပွန်းသည် ဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ကြောင်း အဆိုပါအမျိုးသမီးက ဆိုထားပါတယ်။

“ ဒီနွားငယ်လေး က ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မခင်ပွန်းလို့ ယုံကြည်ပါတယ်။ ကျွန်မခင်ပွန်း အသက်ရှင်စဉ် တုန်းက အတိုင်းပဲ သူနေထိုင်ပြုမူတဲ့ပုံစံတွေက တစ်ထေရာတည်းပဲလေ။

ဒါ့ကြောင့် ကျွန်မခင်ပွန်း လို့ ခံစားလို့ရပါတယ်” လို့ ရိုက်တာတီဗွီကို ပြောကြားခဲ့ ပါတယ်။ အဆိုပါ နွားငယ်လေး ကို ပြီးခဲ့တဲ့ မတ်လ တုန်းက မွေးဖွားခဲ့ပြီး လက်ရှိ အချိန်အထိတော့ ဆိုရှယ်မီဒီယာတွေမှာ နာမည်ကျော်ကြား နေပါတယ်။

မကြာသေးမီတုန်းက ဆိုရှယ်မှာ နာမည်ကြီးလာတဲ့ နွားတစ်ကောင်ကို ခင်ပွန်း တော်စပ်ထားတဲ့ ကမ္ဘောဒီးယား က အမျိုးသမီး တစ်ဦးထံကို စိတ်ဝင် စားလို့ လာရောက် ကြည့်ရှုတဲ့သူ တစ်ရာနီးပါး နေ့စဉ် ရှိတယ်လို့ သိရပါတယ်။

Writer : Min Thu (XYZ News)

Be the first to comment

Leave a Reply

Your email address will not be published.


*