COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(၁၂-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္(၁၁-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီမွ (၁၂-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအထိ ေစာင့္ၾကည့္လူနာသစ္(၁၄)ဦးအားေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ သီးျခားထားရွိေဆးကုသမႈေပးလ်က္ရွိပါသည္။၎တို႔ထံမွ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္)သို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ပါသည္။ (ဇယား -၁)

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ ဓာတ္ခြဲစစ္ေဆးခ်က္မ်ားအရ (၁၁-၃-၂၀၂၀) ရက္ေန႔၊ညေန (၆း၀၀) နာရီမွ (၁၂-၃-၂၀၂၀)ရက္ေန႔၊ ညေန (၆း၀၀) နာရီအထိ သက္ဆိုင္ရာ ေဆး႐ုံမ်ားရွိ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိေသာ လူနာမ်ားအနက္ လူနာ (၄) ဦး၏ ဓာတ္ခြဲ အေျဖမ်ားတြင္ Coronavirus Disease 2019 (COVID-19) ဗိုင္းရပ္စ္ ေရာဂါပိုးမရွိပါေၾကာင္း(မရွိေၾကာင္း)စစ္ေဆးသိရွိရပါသည္။ (ဇယား -၂)

၄။ ေဆး႐ုံမ်ားတြင္ထားရွိ၍ အသြားအလာကန႔္သတ္မႈ (Hospital Quarantine)ျပဳလုပ္ထား ေသာ ေတာင္ဥကၠလာပ အမ်ိဳးသမီးႏွင့္ကေလးေဆး႐ုံႀကီးမွ ျမန္မာႏိုင္ငံသား(၈) ဦးႏွင့္မေကြးတိုင္း ေဒသႀကီး၊ ေအာင္လံၿမိဳ႕နယ္၊ေ႐ႊပန္းေတာတိုက္နယ္ေဆး႐ုံမွ ျမန္မာႏိုင္ငံသား (၁) ဦး၊ စုစုေပါင္း(၉) ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ Coronavirus Disease 2019(COVID-19) ဗိုင္းရပ္စ္ ေရာဂါပိုးမရွိပါေၾကာင္း(မရွိေၾကာင္း)စစ္ေဆးသိရွိရပါသည္။

၅။ ယေန႔ (၁၂-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအခ်ိန္အထိ လူနာ (၁၆) ဉီးအား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိပါသည္။

၆။ (၁၂-၃-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္ လ်က္ရွိပါသည္။

ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ အပါအဝင္ ကမာၻ႔ ႏိုင္ငံ (၁၁၄) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားလ်က္ရွိၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕က COVID-19 ေရာဂါ ျဖစ္ပြားပ်ံ႕ႏွံ႔မႈကို ကမာၻ႔ကပ္ေရာဂါ (pandemic) အျဖစ္ သတ္မွတ္ေၾကညာခဲ့သျဖင့္ ….

ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရး အသိပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Crd;SiThu Maung

Unicode

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၂-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင်(၁၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၁၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအထိ စောင့်ကြည့်လူနာသစ်(၁၄)ဦးအားတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိပါသည်။၎င်းတို့ထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ (ဇယား -၁)

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၁-၃-၂၀၂၀) ရက်နေ့၊ညနေ (၆း၀၀) နာရီမှ (၁၂-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆း၀၀) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၄) ဦး၏ ဓာတ်ခွဲ အဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း(မရှိကြောင်း)စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)

၄။ ဆေးရုံများတွင်ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine)ပြုလုပ်ထား သော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ မြန်မာနိုင်ငံသား(၈) ဦးနှင့်မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်၊ရွှေပန်းတောတိုက်နယ်ဆေးရုံမှ မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း(၉) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019(COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း(မရှိကြောင်း)စစ်ဆေးသိရှိရပါသည်။

၅။ ယနေ့ (၁၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၁၆) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၆။ (၁၂-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။

ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၁၁၄) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့် ….

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။Crd;SiThu Maung

Be the first to comment

Leave a Reply

Your email address will not be published.


*