









Unicode

နိုင်ငံတော်က ချီးမြှင့်တဲ့ သုဓမ္မသိင်္ဂီဘွဲ့ ကို ဒုတိယအကြိမ်ရရှိခဲ့တဲ့ ယမင်းကိုကို

တချိန်က Miss Christmas 1997 အလှမယ်‌ အဖြစ် နာမည်ကြီး ကျော်ကြား ခဲ့တဲ့ သရုပ်ဆောင် ယမင်းကိုကို တစ်ယောက် နိုင်ငံတော် က ပေးအပ်တဲ့ သုဓမ္မသိင်္ဂီဘွဲ့ ကို ဒုတိယ အကြိမ် ရရှိခဲ့ပါတယ်။

သူမဟာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ က ၂၀၁၈ ခုနှစ် အတွင်းက သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အဖြစ် ပေးအပ် ချီးမြှင့်ခြင်း ခံရသလို ယခု၂၀၂၀ပြည့်နှစ် မှာလဲ ထပ်မံချီးမြှင့်ခြင်း ခံခဲ့ ရတာပါ။

သူဟာ တစ်ချိန် က ကိုယ်လုံးလှလှလေး နဲ့ ချစ်စရာကောင်း တဲ့ သရုပ်ဆောင် ယမင်းကိုကို က အနုပညာလောကမှာ အထိုက်အလျှောက် အောင်မြင်မှု တစ်ခုကို ရရှိခဲ့သူပါ။

သူမဟာ ဆယ်စုနှစ် တစ်စုစာ ပျောက်သွားခဲ့ပြီး ၂၀၁၈ ခုနှစ် မှာ နိုင်ငံတော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိမှသာ ပရိသတ်တွေ ရှေ့ကို ပြန်လည် ရောက်ရှိ လာခဲ့ တာပါ။

ယမင်းကိုကို ဟာ သုဓမ္မမဏိဇောတဓရဘွဲ့ရ ဦးသက်ဆွေ နဲ့ အိမ်ထောင် ကျပြီးနောက် အနုပညာလောက နဲ့ ဝေးကွာ သွားတာလဲ ဖြစ်ပါတယ်။ သူက စီးပွားရေး လောကထဲကို ဝင်ရောက်အလုပ်လုပ်ကိုင် နေပြီး T & Y Foundation ကို တည်ထောင်ကာ ပရဟိတ လုပ်ငန်းတွေ များစွာ လုပ်ဆောင်ခဲ့သူလဲ ဖြစ်ပါတယ်။

သူရဲ့ ပြောင်းလဲဖွံ့ဖြိုးသွားတဲ့ ကိုယ်ဟန် အနေအထားကြောင့် ပရိသတ်တွေက ချက်ခြင်းတွေ့ရင် မမှတ်မိ နိုင်ပေမယ့် ချစ်စရာကောင်းတဲ့ မျက်နှာလေး ကိုတော့ အားလုံးက မှတ်မိနေကြဆဲပါ။ ချစ်တဲ့ ပရိသတ်ကြီးအနေ နဲ့ နိုင်ငံတော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ၂ကြိမ်တောင် ရရှိခဲ့တာဖြစ်လို့ ချီးကျူးစကား ပြောခဲ့ကြပါအုံးနော်။

May(cctv) ,Source – ya min koko’sfb

Be the first to comment

Leave a Reply

Your email address will not be published.


*