


















18.5.2019

Crd #Nay Myo Thu Ya

Unicode

ယာဉ်တိုက်မှုဖြစ်ရင် …အတိုက်ခံရသူ… သေဆုံးသွားသည့်တိုင်အောင် …ထွက်မပြေးပဲ… ဒီအတိုင်းဆက်လုပ်ပါ

ယာဉ်တိုက်မှုဖြစ်ရင် အတိုက်ခံရသူ သေဆုံးသွားသည့်တိုင်အောင် ထွက်မပြေးပဲ ဒီအတိုင်း ဆက်လုပ်ပါ

ယာဉ်တိုက်မှုဖြစ်လျှင် ထွက်မပြေးပါနဲ့

ယာဉ်တိုက်မှု အတော်များများဟာ မတော်တဆ ဖြစ်ကြရတာပါ အခန့်မသင့်လို့ ယာဉ်မတော်တဆတိုက်မှု ဖြစ်ကြတဲ့နေရာမှာ ယာဉ်မောင်းရော တိုက်ခံရသူရော ဘယ်သူ့ကိုမှ အပစ်ပုံချလို့မရပါဘူး မတော်လို့ဖြစ်သွားပီးပီဗျာ ဘယ်လိုနည်းလမ်း မှန်မှန်ဖြေရှင်းကြမလဲ ဒီအပိုင်းလေးကို အဓိကထားပြောပြချင်တယ်

ယာဉ်တိုက်ပီဆိုတာနဲ့ တချို့က ထွက်ပြေးကြပါတယ်

အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ ရုတ်တရက်အကြီး အကျယ်ထိန့်လန့်သွားလို့ ထူပူသွားလို့ ဆွမ်းကြီးဝိုင်းလောင်းမှာ ကြောက်လို့ စသည်ဖြင့်ပေါ့

ကျွန်တော်ပြောချင်တာကတော့ ယာဉ်တိုက်မှုဖြစ်ခဲ့ရင် ထွက်မပြေးဖို့ပါပဲ

တိုက်ခံရတဲ့သူ ကျိုးပဲ့ပေါက်ပြဲ နောက်ဆုံး သေးဆုံးသွားသည့်တိုင်အောင် ထွက်မပြေး စေချင်ပါဘူး ။ ကောင်းပြီ ထွက်မပြေးခဲ့ရင် ဘယ်လိုအကျိုးသက်ရောက်မှု ရမှာလဲငါ့ညီလို့ ဆိုခဲ့ရင် ဒါကိုလဲရှင်းပြချင်လှပါတယ်

တိုက်မိပီ လူတစ်ယောက်ကို ဆိုကြပါစို့ ဒါဆို မိမိယာဉ်ပေါ်ကဆင်း တိုက်မိတဲ့လူနာကို အစစအရာရာအတွက် တာဝန်အပြည့်နဲ့ ကူညီလိုက်ပါ။

ဆေးရုံရောက်သည်အထိ လူနာရဲ့ဆွေးမျိုးသားချင်းများနဲ့ တွေ့ဆုံပီး လိုအပ်တာတွေ အတွက် တာဝန်ယူစကား နွေးထွေးတဲ့ စကားတွေနဲ့ နှီးနှောဖလှယ်သည် အထိ ဆောင်ရွက်လိုက်ပါ

ကဲ လူနာသေဆုံးသွားပါပီတဲ့

ရတယ် ဆက်ကူညီပေး နောက်ဆုံး ဥပဒေအရ အမှုဖွင့် အရေးယူကြပီဆိုရင် လာပီ မိမိရဲ့ရိုးသားစွာ ကူညီလုပ်ဆောင်မှုတွေက အကျိုးသက်ရောက်ပီလေ။

သေဆုံးသူရဲ့ ဆွေးမျိုးတွေက မိမိအပေါ် မလိုမုန်းထားနည်းသွားပီ ဒေါသတွေ အမြတ်တွေအစား မတော်လို့ဖြစ်ရတာပဲ သူလဲ အစစအရာရာ လာဝိုင်းလုပ်ပေးနေတာပဲ စသည်ဖြင့် အကောင်းဘက်ကနေ မေတ္တာနဲ့ပြန်တွေးလာပီလေ ။ဒီတော့ ထောင်ကျအောင် အလျှော်တွေအရမ်းတောင်ရအောင် သူတို့ မတွေးတော့ပါဘူး။

ပြေလည်ရာပြေလည်ကြောင်းပဲ စဉ်းစားတော့မှာလေ ကြေအေးကြောင်းစာချုပ်မှာလဲ လက်မှတ်ထိုးပေးဖို့ သူတို့ဝန်မလေးတော့ဘူး သင့်တင့်တဲ့ ငွေကြေးကူညီမှုလောက်နဲ့ပဲ ကျေနပ်သွားမယ်လေ

ဒီတော့ ယာဉ်တိုက်လို့လူသေဆုံးတယ်။ တရားစွဲတင်ပို့တယ် မိမိရဲ့တာဝန်ယူသိတတ်မှုကြောင့် တဖက်ကကြေအေးပေးတယ်။ ကဲ ဘယ်လောက်ပြသနာကြီးပီးဆုံးသွားသလဲ။

မဟုတ်လို့ ထွက်ပြေးလို့ ပြန်မိတဲ့အချိန် တရားရုံးရင်ဆိုင်ရရင်တော့ ဘာမေတ္တာတရားမှ ကူညီနိုင်မှာ မဟုတ်တော့တဲ့ အတွက် ထိုက်သင့်တဲ့ပစ်ဒဏ် အပြည့်ခံရမှာ ဖြစ်ပါတော့တယ်။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

18.5.2019

Crd #Nay Myo Thu Ya

Be the first to comment

Leave a Reply

Your email address will not be published.


*