ဝမ္းတြင္းက မကြၽတ္တဲ့ကေလးကို ဝမ္းဆြဲဆရာမက အတင္းဆြဲႏႈတ္လို႔ ကေလးေခါင္းျပတ္

ဝမ္းတြင္းက မကြၽတ္တဲ့ကေလးကို ဝမ္းဆြဲဆရာမက အတင္းဆြဲႏႈတ္လို႔ ကေလးေခါင္းျပတ္

ဝမ္းတြင္းက မကြၽတ္တဲ့ကေလးကို ဝမ္းဆြဲဆရာမက အတင္းဆြဲႏႈတ္လို႔ ကေလးေခါင္းျပတ္

ဝမ္းဆြဲဆရာမတစ္ဦးဟာ မိခင္ဝမ္းတြင္းက မကြၽတ္ေသးတဲ့ကေလးကို အေလာတႀကီး ဆြဲႏႈတ္ခဲ့တာေၾကာင့္ ကေလးဟာ ဆိုးဆိုး႐ြား႐ြား ေသဆုံးခဲ့ရပါတယ္။ ကေလးဟာ အလြန္ကို ႏုနယ္လြန္းေသးတဲ့ အျပင္ ဝမ္းဆြဲဆရာမက အားနဲ႔ ဆြဲထုတ္လိုက္တာေၾကာင့္ ေခါင္းက ျပတ္ထြက္လာခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ ယူဂန္ဒါႏိုင္ငံ၊ ဘူဆိုင္ခ႐ိုင္၊ Bulumbi Health Centre III မွာ ျဖစ္ခဲ့တာပါ။မိခင္အမည္မွာ Lilian Musazi ျဖစ္ၿပီး အသက္(၂၁)ႏွစ္သာ ရွိပါေသးတယ္။ လက္ရွိအခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕က ဒီျဖစ္စဥ္ကို စုံစမ္းစစ္ေဆးေနပါတယ္။

ကေလးဟာ ေျခေထာက္ေတြ အရင္ထြက္လာၿပီး၊ ေခါင္းက တစ္က်န္ေနခဲ့တာပါ။ သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း ကေလး မထြက္လို႔ ဝမ္းဆြဲဆရာမက ကေလးေျခေထာက္ကေနကိုင္ၿပီး အတင္း ဆြဲထုတ္ခဲ့ပါတယ္။

ကနဦးတုန္းက Lilian ကို ေသခ်ာစစ္ေဆးၿပီး၊ Caesarean section ေမြးဖြားေပးမယ္လို႔ ေဆး႐ုံေဒါက္တာတစ္ဦးက ေျပာခဲ့ပါတယ္။ ဒါေပမယ့္ သတ္မွတ္ထားတဲ့ ရက္မတိုင္မီမွာ Lilian တစ္ေယာက္ ဗိုက္က အလြန္နာလာလို႔ ေမြးခန္းဝင္ခဲ့ရတာပါ။

သူမရဲ႕ ေယာနိကို တက္ကြၽမ္းသူ O.G တစ္ဦးက စစ္ေဆးခဲ့ရာ၊ ဒီအတိုင္းေမြးဖို႔ အဆင္ေျပႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒီလိုနဲ႔ ေမြးခန္းထဲမွာ နာရီ ေတာ္ေတာ္ၾကာေအာင္ ေစာင့္ဆိုင္းခဲ့ရၿပီး၊ ကေလးက ေအာက္ပိုင္း အရင္ဆုံး ထြက္လာခဲ့တာပါ။

ကေလးက ဦးေခါင္းတစ္ေနခဲ့ပါတယ္။ ေဒါက္တာေတြနဲ႔ ဝမ္းဆြဲေတြလည္း ေသခ်ာအကဲခတ္ေနၿပီး၊ လိုတာထက္ပိုၾကာသြားရင္ ကေလး အသက္ရႈၾကပ္ ေသဆုံးႏိုင္တယ္လို႔ ေဒါက္တာတစ္ဦးက အႀကံေပးခဲ့ပါတယ္။

အဲဒါနဲ႔ ဝမ္းဆြဲဆရာမက အားနဲ႔ ကေလးရဲ႕ေျခေထာက္ကေန ဆြဲထုတ္ဖို႔ ႀကိဳးစားခဲ့ရာ၊ တစ္သက္မွာ တစ္ခါေလာက္ျဖစ္ခဲ့တဲ့ အျဖစ္ဆိုးကို ကေလးမွာ ကံဆိုးစြာ ႀကဳံခဲ့ရပါတယ္။

ဒီေသဆုံးမႈအတြက္ Lilian နဲ႔ ခင္ပြန္းျဖစ္သူက ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့ပါတယ္။ ကေလးရဲ႕အေလာင္းကို Busai Health Centre ထံ လႊဲေျပာင္းေပးခဲ့ၿပီး ေသမႈေသခင္းစစ္မွာပါ။ ဒါေပမယ့္ အခုထက္ထိ မထုတ္ျပန္ပါဘူးတဲ့။

ဘာသာျပန္-လင္းေဇာ္ကို

Unicode

ဝမ်းတွင်းက မကျွတ်တဲ့ကလေးကို ဝမ်းဆွဲဆရာမက အတင်းဆွဲနှုတ်လို့ ကလေးခေါင်းပြတ်

ဝမ်းဆွဲဆရာမတစ်ဦးဟာ မိခင်ဝမ်းတွင်းက မကျွတ်သေးတဲ့ကလေးကို အလောတကြီး ဆွဲနှုတ်ခဲ့တာကြောင့် ကလေးဟာ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရပါတယ်။ ကလေးဟာ အလွန်ကို နုနယ်လွန်းသေးတဲ့ အပြင် ဝမ်းဆွဲဆရာမက အားနဲ့ ဆွဲထုတ်လိုက်တာကြောင့် ခေါင်းက ပြတ်ထွက်လာခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ယူဂန်ဒါနိုင်ငံ၊ ဘူဆိုင်ခရိုင်၊ Bulumbi Health Centre III မှာ ဖြစ်ခဲ့တာပါ။မိခင်အမည်မှာ Lilian Musazi ဖြစ်ပြီး အသက်(၂၁)နှစ်သာ ရှိပါသေးတယ်။ လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

ကလေးဟာ ခြေထောက်တွေ အရင်ထွက်လာပြီး၊ ခေါင်းက တစ်ကျန်နေခဲ့တာပါ။ သတ်မှတ်ထားတဲ့ အချိန်အတွင်း ကလေး မထွက်လို့ ဝမ်းဆွဲဆရာမက ကလေးခြေထောက်ကနေကိုင်ပြီး အတင်း ဆွဲထုတ်ခဲ့ပါတယ်။

ကနဦးတုန်းက Lilian ကို သေချာစစ်ဆေးပြီး၊ Caesarean section မွေးဖွားပေးမယ်လို့ ဆေးရုံဒေါက်တာတစ်ဦးက ပြောခဲ့ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ရက်မတိုင်မီမှာ Lilian တစ်ယောက် ဗိုက်က အလွန်နာလာလို့ မွေးခန်းဝင်ခဲ့ရတာပါ။

သူမရဲ့ ယောနိကို တက်ကျွမ်းသူ O.G တစ်ဦးက စစ်ဆေးခဲ့ရာ၊ ဒီအတိုင်းမွေးဖို့ အဆင်ပြေနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ မွေးခန်းထဲမှာ နာရီ တော်တော်ကြာအောင် စောင့်ဆိုင်းခဲ့ရပြီး၊ ကလေးက အောက်ပိုင်း အရင်ဆုံး ထွက်လာခဲ့တာပါ။

ကလေးက ဦးခေါင်းတစ်နေခဲ့ပါတယ်။ ဒေါက်တာတွေနဲ့ ဝမ်းဆွဲတွေလည်း သေချာအကဲခတ်နေပြီး၊ လိုတာထက်ပိုကြာသွားရင် ကလေး အသက်ရှုကြပ် သေဆုံးနိုင်တယ်လို့ ဒေါက်တာတစ်ဦးက အကြံပေးခဲ့ပါတယ်။

အဲဒါနဲ့ ဝမ်းဆွဲဆရာမက အားနဲ့ ကလေးရဲ့ခြေထောက်ကနေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့ရာ၊ တစ်သက်မှာ တစ်ခါလောက်ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးကို ကလေးမှာ ကံဆိုးစွာ ကြုံခဲ့ရပါတယ်။

ဒီသေဆုံးမှုအတွက် Lilian နဲ့ ခင်ပွန်းဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ကလေးရဲ့အလောင်းကို Busai Health Centre ထံ လွှဲပြောင်းပေးခဲ့ပြီး သေမှုသေခင်းစစ်မှာပါ။ ဒါပေမယ့် အခုထက်ထိ မထုတ်ပြန်ပါဘူးတဲ့။

ဘာသာပြန်-လင်းဇော်ကို

Be the first to comment

Leave a Reply

Your email address will not be published.


*