မႏၲေလးဆရာဝန္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာျဖစ္လာ

မႏၲေလးဆရာဝန္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာျဖစ္လာ

မႏၲေလးဆရာဝန္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာျဖစ္လာ

မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံႀကီးက ၂၅ ႏွစ္ အ႐ြယ္ အမ်ိဳးသားဆရာဝန္တစ္ဦး ေနမေကာင္းျဖစ္ၿပီး ကိုယ္အပူခ်ိန္ ျမင့္တက္ လာတာေၾကာင့္ ဒီေန႔မနက္ ၂ နာရီမွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ လူနာေတြကို သီးသန႔္ ထားရွိရာ ကန္ေတာ္နဒီေဆး႐ုံကို ပို႔ေဆာင္လိုက္ပါတယ္။

ေဆး႐ုံရဲ႕ အေရးေပၚနဲ႔ ျပင္ပလူနာဌာန မွာ တာဝန္က်တဲ့ ဒီဆရာဝန္ကို ေစာင့္ၾကည့္လူနာ အျဖစ္ သတ္မွတ္ လိုက္တာနဲ႔ ပတ္သက္ၿပီး စိုးရိမ္ ထိတ္လန႔္စရာ မလိုဘူးလို႔ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးရဲ႕ ဒုတိယေဆး႐ုံအုပ္ ေဒါက္တာခင္ေက်ာ္က ေျပာပါတယ္။

“အာသီးေရာင္တာပါ၊ သိပ္ေတာ့ မထင္ပါဘူး၊ ဒါေပမဲ့ က်န္းမာေရးဝန္ထမ္း ျဖစ္ေနလို႔ အကာအကြယ္ ယူထားတာ မမွားဘူးေပါ့” လို႔ ေဒါက္တာခင္ေက်ာ္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳမွာ ေက်ာက္ျဖတ္လုပ္ငန္း သြားေရာက္ လုပ္ကိုင္ခဲ့ဖူးတဲ့၊ ေခ်ာင္းဆိုးၿပီး ဖ်ားနာ ေနတဲ့ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးကို အဲဒီဆရာဝန္က လက္ခံ စစ္ေဆးေပးခဲ့ ဖူးပါတယ္။

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ တည္ေတာေက်း႐ြာက အဲဒီအမ်ိဳးသားဟာ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က တ႐ုတ္ျပည္ကို သြားေရာက္ခဲ့တယ္၊ မတ္လ ၅ ရက္ေန႔ ေနရပ္ ျပန္လာရာမွာ ဖ်ားနာေနတဲ့ အတြက္ အဲဒီၿမိဳ႕ ေဆး႐ုံမွာ တက္ေရာက္ကုခဲ့ပါတယ္။

၆ ရက္ေန႔ မွာေတာ့ လူမႈ ကူညီေရး အသင္းကား နဲ႔ မႏၲေလး ေဆး႐ုံႀကီးကို ေရာက္ရွိလာၿပီးေနာက္ ေစာင့္ၾကည့္ လူနာ အျဖစ္ ကန္ေတာ္နဒီ ေဆး႐ုံကို ပို႔ေဆာင္ ထားတာပါ။

ဒီ လူ နာ နဲ႔ ပတ္သက္ တဲ့ က်န္းမာေရး အေျဖ ဒီကေန႔ သိ ရ မယ္လို႔ ေဒါက္တာခင္ေက်ာ္ က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ သံသယ လူနာေတြ ကို သီးသန႔္ ေဆာင္ ထားရွိ ကုသဖို႔ ေဆး႐ုံေတြ အားလုံး ကို ၫႊန္ၾကား ထားတာေၾကာင့္ နယ္ေဆး႐ုံေတြမွာ ကာကြယ္ေရး ဝတ္စုံေတြ လိုအပ္ ႏိုင္တယ္ လို႔လည္း ဆိုပါတယ္။

Ref ; RFA

Unicode

မန္တလေးဆရာဝန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာဖြစ်လာ

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးက ၂၅ နှစ် အရွယ် အမျိုးသားဆရာဝန်တစ်ဦး နေမကောင်းဖြစ်ပြီး ကိုယ်အပူချိန် မြင့်တက် လာတာကြောင့် ဒီနေ့မနက် ၂ နာရီမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာတွေကို သီးသန့် ထားရှိရာ ကန်တော်နဒီဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

ဆေးရုံရဲ့ အရေးပေါ်နဲ့ ပြင်ပလူနာဌာန မှာ တာဝန်ကျတဲ့ ဒီဆရာဝန်ကို စောင့်ကြည့်လူနာ အဖြစ် သတ်မှတ် လိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ် ထိတ်လန့်စရာ မလိုဘူးလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောပါတယ်။

“အာသီးရောင်တာပါ၊ သိပ်တော့ မထင်ပါဘူး၊ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်း ဖြစ်နေလို့ အကာအကွယ် ယူထားတာ မမှားဘူးပေါ့” လို့ ဒေါက်တာခင်ကျော်က ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြိုမှာ ကျောက်ဖြတ်လုပ်ငန်း သွားရောက် လုပ်ကိုင်ခဲ့ဖူးတဲ့၊ ချောင်းဆိုးပြီး ဖျားနာ နေတဲ့ ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးကို အဲဒီဆရာဝန်က လက်ခံ စစ်ဆေးပေးခဲ့ ဖူးပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တည်တောကျေးရွာက အဲဒီအမျိုးသားဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရုတ်ပြည်ကို သွားရောက်ခဲ့တယ်၊ မတ်လ ၅ ရက်နေ့ နေရပ် ပြန်လာရာမှာ ဖျားနာနေတဲ့ အတွက် အဲဒီမြို့ ဆေးရုံမှာ တက်ရောက်ကုခဲ့ပါတယ်။

၆ ရက်နေ့ မှာတော့ လူမှု ကူညီရေး အသင်းကား နဲ့ မန္တလေး ဆေးရုံကြီးကို ရောက်ရှိလာပြီးနောက် စောင့်ကြည့် လူနာ အဖြစ် ကန်တော်နဒီ ဆေးရုံကို ပို့ဆောင် ထားတာပါ။

ဒီ လူ နာ နဲ့ ပတ်သက် တဲ့ ကျန်းမာရေး အဖြေ ဒီကနေ့ သိ ရ မယ်လို့ ဒေါက်တာခင်ကျော် က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာတွေ ကို သီးသန့် ဆောင် ထားရှိ ကုသဖို့ ဆေးရုံတွေ အားလုံး ကို ညွှန်ကြား ထားတာကြောင့် နယ်ဆေးရုံတွေမှာ ကာကွယ်ရေး ဝတ်စုံတွေ လိုအပ် နိုင်တယ် လို့လည်း ဆိုပါတယ်။

Ref ; RFA

Be the first to comment

Leave a Reply

Your email address will not be published.


*