ေ႐ႊျပည္သာ စက္မႈဇုန္ရွိ Myanmar Royal Apollo အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ထြက္ေျပးသြား၍ လုပ္သား ၅၀၀ ခန႔္ လစာမရ

ေ႐ႊျပည္သာ စက္မႈဇုန္ရွိ Myanmar Royal Apollo အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ထြက္ေျပးသြား၍ လုပ္သား ၅၀၀ ခန႔္ လစာမရ

ေ႐ႊျပည္သာ စက္မႈဇုန္ရွိ Myanmar Royal Apollo အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ထြက္ေျပးသြား၍ လုပ္သား ၅၀၀ ခန႔္ လစာမရ

ေ႐ႊျပည္သာစက္မႈဇုန္ရွိ Myanmar Royal Apollo အ ထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ထြက္ေျပး သြား၍ လုပ္သား ၅၀၀ ခန႔္ လုပ္ခ မရရွိသည့္ အေျခအေနႏွင့္ရင္ဆိုင္ ေနရေၾကာင္း ယင္းစက္႐ုံအလုပ္ သမားအခ်ိဳ႕က ေျပာသည္။

ယင္းစက္႐ုံပိုင္ရွင္တ႐ုတ္ ႏိုင္ငံသားမွာ လုပ္ခလစာေပးေခ် ရမည့္ေန႔တြင္ စက္႐ုံမွေပ်ာက္ သြားခဲ့၍ စက္႐ုံလုပ္သားမ်ားမွာ မတ္လ ၅ ရက္ကစ၍ ေနအိမ္ သို႔မျပန္ဘဲ စက္႐ုံတြင္ေစာင့္ဆိုင္း ေနၾကသည္။

ထို႔အျပင္ မတ္လ ၆ ရက္ တြင္လည္း အဆက္အသြယ္မရရွိ ဘဲၿမိဳ႕နယ္အာဏာပိုင္မ်ား၏စုံ စမ္းေပးခ်က္အရ ျမန္မာႏိုင္ငံ၌ မရွိေတာ့ေၾကာင္း သိရွိရသည္ဟု ယင္းစက္႐ုံလုပ္သားအခ်ိဳ႕ကဆို သည္။

‘‘စက္႐ုံမွာလည္းဘာျပႆ နာမွမရွိပါဘူး။ သူေဌးမရွိေတာ့ ဘူးဆိုမွ အားလုံးကပ်ာပ်ာသ လဲေတြျဖစ္ကုန္တာ’’ ဟု ယင္း စက္႐ုံလုပ္သားမေအးမာက ေျပာ သည္။

Myanmar Royal Apollo စက္႐ုံသည္ လြန္ခဲ့သည့္ ေလးႏွစ္ ခန႔္ကတည္းက ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ကာ လုပ္သားအင္အား ၄၆၀ ေက်ာ္ျဖင့္လည္ပတ္ေနျခင္း ျဖစ္ သည္။

ထိုသို႔ စက္႐ုံပိုင္ရွင္ထြက္ ေျပးသြားျခင္းေၾကာင့္ က်န္ရွိခဲ့ သည့္ စက္ပစၥည္းမ်ားကိုေရာင္း ခ်၍ ယင္းစက္႐ုံလုပ္သားမ်ားအား လုပ္ခလစာေပးေခ်ရန္ အလုပ္သ မားေရးရာတာဝန္ရွိသူမ်ားက စီ စဥ္ေနသည္။

သို႔ေသာ္ ယင္းစက္႐ုံမွာအ ျခားသူထံမွ ေျမငွားရမ္းဖြင့္လွစ္ ထားျခင္းျဖစ္ၿပီး က်န္ရွိခဲ့သည့္ ကားႏွစ္စီးမွာလည္း ငွားရမ္းအ သုံးျပဳထားျခင္းျဖစ္၍ စက္ပစၥည္း မ်ားသာေရာင္းခ်ရန္ရွိေနသည္။

‘‘က်န္ခဲ့တဲ့စက္ေတြစာရင္း ျပဳစုခိုင္းထားတယ္။ အလုပ္ သမားေတြရဲ႕ လစာစာရင္းလည္း ေတာင္းထားတယ္။ အဲဒါေတြရမွ စာရင္းတိုက္ၾကည့္ရမွာ။ ေရာင္း လို႔ရတဲ့ေငြပမာဏနဲ႔ေပးေခ်ရမယ့္ လစာေလာက္ရဲ႕လားဆိုတာ ေတာင္မေျပာႏိုင္ေသးဘူး’’ ဟုေ႐ႊ ျပည္သာစက္မႈဇုန္ စီမံခန႔္ခြဲေရး ေကာ္မတီမွ ႐ုံးအဖြဲ႕မႉး ဦးျမင့္ ေအးကေျပာသည္။

လက္ရွိအခ်ိန္တြင္ အထည္ ခ်ဳပ္စက္႐ုံမ်ား ကုန္ၾကမ္းျပတ္ လပ္၍ အခက္အခဲမ်ားႀကဳံေတြ႕ ေနရၾကျခင္းေၾကာင့္ ယင္းစက္ ႐ုံမွ စက္ပစၥည္းမ်ားကို ဝယ္ယူ မည့္သူရွိ၊ မရွိမသိႏိုင္ေသးဟု ၎ ကဆိုသည္။

ယင္းစက္႐ုံမွာ လုပ္ငန္း ခြင္ျပႆနာမရွိဘဲ ယခုကဲ့သို႔ ရပ္ နားမည့္အေၾကာင္းကို ႀကိဳတင္ အသိေပး အေၾကာင္းၾကားထား ျခင္းမရွိေၾကာင္း ဦးျမင့္ေအးက ဆိုသည္။

‘‘ကုန္ၾကမ္းျပတ္ၿပီးေတာင့္မ ခံႏိုင္တာေၾကာင့္လည္း ပါခ်င္ပါ မွာေပါ့။ ႀကိဳတင္သိရင္တားထား လို႔ရတယ္။ တိတ္တိတ္ေလးလုပ္ သြားလို႔အခုလိုအေျခအေနျဖစ္ ကုန္တာ’’ ဟု ၎ကေျပာသည္။

အဆိုပါ စက္႐ုံပိုင္ရွင္ထြက္ ေျပး၍ စက္႐ုံလုပ္သားမ်ားလုပ္ခ လစာမရရွိသည့္ျဖစ္စဥ္ႏွင့္ပတ္ သက္၍ အလုပ္သမားၫြန္ၾကား ေရးဦးစီးဌာနသို႔ 7Day News က ဆက္သြယ္ေမးျမန္းေသာ္လည္း တာဝန္ရွိသူမ်ားႏွင့္ ဆက္သြယ္ မရေပ။

Unicode

ရွှေပြည်သာ စက်မှုဇုန်ရှိ Myanmar Royal Apollo အထည်ချုပ်စက်ရုံပိုင်ရှင် ထွက်ပြေးသွား၍ လုပ်သား ၅၀၀ ခန့် လစာမရ

ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Royal Apollo အ ထည်ချုပ်စက်ရုံပိုင်ရှင် ထွက်ပြေး သွား၍ လုပ်သား ၅၀၀ ခန့် လုပ်ခ မရရှိသည့် အခြေအနေနှင့်ရင်ဆိုင် နေရကြောင်း ယင်းစက်ရုံအလုပ် သမားအချို့က ပြောသည်။

ယင်းစက်ရုံပိုင်ရှင်တရုတ် နိုင်ငံသားမှာ လုပ်ခလစာပေးချေ ရမည့်နေ့တွင် စက်ရုံမှပျောက် သွားခဲ့၍ စက်ရုံလုပ်သားများမှာ မတ်လ ၅ ရက်ကစ၍ နေအိမ် သို့မပြန်ဘဲ စက်ရုံတွင်စောင့်ဆိုင်း နေကြသည်။

ထို့အပြင် မတ်လ ၆ ရက် တွင်လည်း အဆက်အသွယ်မရရှိ ဘဲမြို့နယ်အာဏာပိုင်များ၏စုံ စမ်းပေးချက်အရ မြန်မာနိုင်ငံ၌ မရှိတော့ကြောင်း သိရှိရသည်ဟု ယင်းစက်ရုံလုပ်သားအချို့ကဆို သည်။

‘‘စက်ရုံမှာလည်းဘာပြဿ နာမှမရှိပါဘူး။ သူဌေးမရှိတော့ ဘူးဆိုမှ အားလုံးကပျာပျာသ လဲတွေဖြစ်ကုန်တာ’’ ဟု ယင်း စက်ရုံလုပ်သားမအေးမာက ပြော သည်။

Myanmar Royal Apollo စက်ရုံသည် လွန်ခဲ့သည့် လေးနှစ် ခန့်ကတည်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ လုပ်သားအင်အား ၄၆၀ ကျော်ဖြင့်လည်ပတ်နေခြင်း ဖြစ် သည်။

ထိုသို့ စက်ရုံပိုင်ရှင်ထွက် ပြေးသွားခြင်းကြောင့် ကျန်ရှိခဲ့ သည့် စက်ပစ္စည်းများကိုရောင်း ချ၍ ယင်းစက်ရုံလုပ်သားများအား လုပ်ခလစာပေးချေရန် အလုပ်သ မားရေးရာတာဝန်ရှိသူများက စီ စဉ်နေသည်။

သို့သော် ယင်းစက်ရုံမှာအ ခြားသူထံမှ မြေငှားရမ်းဖွင့်လှစ် ထားခြင်းဖြစ်ပြီး ကျန်ရှိခဲ့သည့် ကားနှစ်စီးမှာလည်း ငှားရမ်းအ သုံးပြုထားခြင်းဖြစ်၍ စက်ပစ္စည်း များသာရောင်းချရန်ရှိနေသည်။

‘‘ကျန်ခဲ့တဲ့စက်တွေစာရင်း ပြုစုခိုင်းထားတယ်။ အလုပ် သမားတွေရဲ့ လစာစာရင်းလည်း တောင်းထားတယ်။ အဲဒါတွေရမှ စာရင်းတိုက်ကြည့်ရမှာ။ ရောင်း လို့ရတဲ့ငွေပမာဏနဲ့ပေးချေရမယ့် လစာလောက်ရဲ့လားဆိုတာ တောင်မပြောနိုင်သေးဘူး’’ ဟုရွှေ ပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ရုံးအဖွဲ့မှူး ဦးမြင့် အေးကပြောသည်။

လက်ရှိအချိန်တွင် အထည် ချုပ်စက်ရုံများ ကုန်ကြမ်းပြတ် လပ်၍ အခက်အခဲများကြုံတွေ့ နေရကြခြင်းကြောင့် ယင်းစက် ရုံမှ စက်ပစ္စည်းများကို ဝယ်ယူ မည့်သူရှိ၊ မရှိမသိနိုင်သေးဟု ၎င်း ကဆိုသည်။

ယင်းစက်ရုံမှာ လုပ်ငန်း ခွင်ပြဿနာမရှိဘဲ ယခုကဲ့သို့ ရပ် နားမည့်အကြောင်းကို ကြိုတင် အသိပေး အကြောင်းကြားထား ခြင်းမရှိကြောင်း ဦးမြင့်အေးက ဆိုသည်။

‘‘ကုန်ကြမ်းပြတ်ပြီးတောင့်မ ခံနိုင်တာကြောင့်လည်း ပါချင်ပါ မှာပေါ့။ ကြိုတင်သိရင်တားထား လို့ရတယ်။ တိတ်တိတ်လေးလုပ် သွားလို့အခုလိုအခြေအနေဖြစ် ကုန်တာ’’ ဟု ၎င်းကပြောသည်။

အဆိုပါ စက်ရုံပိုင်ရှင်ထွက် ပြေး၍ စက်ရုံလုပ်သားများလုပ်ခ လစာမရရှိသည့်ဖြစ်စဉ်နှင့်ပတ် သက်၍ အလုပ်သမားညွန်ကြား ရေးဦးစီးဌာနသို့ 7Day News က ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ရှိသူများနှင့် ဆက်သွယ် မရပေ။

Be the first to comment

Leave a Reply

Your email address will not be published.


*