









Unicode

ထိုင်းကို အလုပ် သွားလုပ် ဖို့ စိတ်ကူး ထားရင် ဒီ Post လေးကို အရင် ဖတ်ပါ

ထိုင်း နိုင်ငံ မှာ အလုပ်ရုံ တွေလဲ အဆက်မပြတ် ပိတ်နေ ကြပြီ

အလုပ်အကိုင်မရှိတဲ့ အလုပ်လက်မဲ့ အလုပ်သမားတွေလဲ 5 သန်းဦး အထိ ရောက်ရှိနေပြီး ပိတ်ပစ်လိုက်တဲ့ အလုပ်ရုံပေါင်းလည်း 6000 ကျော်ရှိပြီလို့လည်း သိရပါတယ်။ ထိုကြောင့် ထိုင်းကိုဝင်လာချင်ရင် ထိုင်းနိုင်ငံ ရဲ့ လက်ရှိ စီးပွားရေး အခြေအနေကို လေ့လာ စေချင်ပါတယ်။

ထိုင်းနိုင်ငံထဲရှိ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနှင့်လည်း အချိန်မရွေး အလုပ်ကနေ အကြောင်းပြချက် တင်ပြီး အလုပ်ထုတ် နိုင်သလို၊ လခ ပုံမှန် ရှင်းမပေးနိုင်တော့ခြင်း၊ အိုတီများ မရှိတော့ခြင်း စသည့် ဝင်ငွေနှင့် ထွက်ငွေ ချင့်ချိန် သုံးနေရတဲ့ အချိန်ပါ။

ထိုင်းနိုင်ငံမှာ အလုပ် လုပ်ပြီး အ ဆင်ပြေ နေသူများနှင့် အဆင် မပြေတဲ့ အလုပ်သမားများ နှိုင်းယှဉ် ရလျှင် သိပ် မကွာခြား လှပေ

ဒီကြားထဲ အလုပ်သမား ဥပဒေ က အပြောင်းအလဲ မြန်ဆန်မှုတွေရယ် အလုပ်သမား ဥပဒေ ကြပ်တည်းမှုတွေ ဖြစ်ပေါ်လာတာရယ်နှင့် ပတ်သက်ပြီး၊ စာရွက်စာတမ်း ကိစ္စများနှင့် အခက်ကြုံတွေ့နေရသည့် ထိုင်းရောက် အလုပ်သမားတွေလည်း မရွေမတွက် နိုင်အောင် ဖြစ်နေကြပြီ….။

နောက်ပြီး ထိုင်းအလုပ်တွေကို ဝင်ပြီးလုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား တွေကိုလည်း အဆက်မပြတ် ဖမ်းဆီးမှုတွေ လုပ်နေ ကြ သလို အထောက်အထား ပြည်စုံသူတွေကို သက်တမ်းတိုးပေးတဲ့ နေရောတွေမှာလည်း ကုန်ကျစရိတ်တွေ တိုးကောက်နေကြတာလည်း တွေ့ရပါတယ်။

မိမိနိုင်ငံ မှာ အဆင်မပြေလို့ တိုင်းတစ်ပါးမှာ အလုပ် ထွက်လုပ်ချင်ကြတယ် ဆိုလျှင် ထိုင်းနိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံတွေမှာဘဲ ထွက်လုပ်တာ အားပေးချင်ပါတယ်၊ ထိုင်းနိုင်ငံရဲ့ လက်တလောစီးပွားရေး အခြေအနေ အရ ဆိုလျှင် လာဖို့ အာမပေးချင်တော့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*