တန္ေဆာင္မုန္းလတြင္ မယ္ဇလီဖူးသုပ္ စားရျခင္းအေၾကာင္း

တန္ေဆာင္မုန္းလတြင္ မယ္ဇလီဖူးသုပ္ စားရျခင္းအေၾကာင္း

တန္ေဆာင္မုန္းလတြင္ မယ္ဇလီဖူးသုပ္ စားရျခင္းအေၾကာင္း

တန္ေဆာင္မုန္းလအခါတြင္ ေဆးပင္အေပါင္းကို ေစါင့္ေသာနတ္တို႔သည္ မယ္ဇလီပင္ေစါင့္နတ္မင္းအား တစ္ညီတစ္ၫြတ္တည္း လာေရာက္ခစားၾကသည္။

မယ္ဇလီဖူးကို စားသုံးခဲ့ေသာ္ ၊(၉၆)ပါးေသာ ေရာဂါမ်ားကင္းရွင္း၍ ဘုန္းႀကီးအသက္ရွည္ႏိုင္သည္ ဟု ၊“သာရေကာမုဒိ” ေဆးက်မ္း ကျပဆိုပါသည္။

ထို႔ေၾကာင့္ ၊ ျမန္မာ့ေရွး႐ိုးအစဥ္အလာအရ တန္ေဆာင္မုန္းလျပည့္ အခါသမယတြင္ ၊မယ္ဇလီဖူး ကိုအဆာစုံစြာသုပ္၍ မိသားစုဝင္မ်ားအားလုံးစားသုံးကာ ၊ ပတ္ဝန္းက်င္ အိမ္နီးခ်င္းမ်ားအားလည္း ၊ မယ္ဇလီဖူးသုပ္အထုပ္ငယ္မ်ားကို ေဆးဝါးအျဖစ္ေပးေဝလ်က္ ဒါနျပဳေလ့ရွိၾကပါသည္။

နကၡတ္၊ ၾကယ္တာရာ စုံညီစြာေပၚထြန္းေသာေၾကာင့္ ၊ေဆးအာနိသင္မ်ား ႏိုးႂကြထက္ျမက္ေစ၍ “ေဆးေပါင္းခသည့္ည” -ဟုလည္း ၊ယုံၾကည္ၾကသည္။ဤညအခါ၌ ၊ခူး ဆြတ္ တူးေဖၚရရွိေသာ ေဆးပင္ ၊ေဆး႐ြက္၊ အျမစ္ ၊ အဖု ၊အဥ တို႔ကို အထူးသိမ္းဆည္းထားကာ အလိုရွိရာအခါ၌ ၊အသုံးျပဳၾကသည္။

လျပည့္ေန ညဥ့္လယ္ လမြန္းတည့္အခ်ိန္၌ ၊ လရိပ္သည္ ေရအျပင္ေပၚက်ေရာက္ေသာအခါ ၊ “လမြန္းတည့္ေရ”ကို ေသာက္သုံး၍ ၊ေဆးအာနိသင္မ်ားျပည့္ဝလ်က္ က်န္းမာေရးကို ေကာင္းမြန္ေစသည္-ဟု ယူဆၾကသည္။ဤအခါ၌ ၊ လက္လွမ္းမီရာ ေဆးပင္ ၊ေဆး႐ြက္တို႔ကို ခူးဆြတ္ကာစားသုံးေလ့ရွိၾကသည္။

တန္ေဆာင္မုန္းလတြင္ ထြက္ေပၚေသာ“ၾကတၱိကာနကၡတ္”ကို နကၡတ္ပညာရွင္တို႔က၊ “ေစာရနကၡတ္(ေခၚ) သူခိုး နကၡတ္” ဟု ၊ဆိုေလ့ရွိၾကသည္။

ထို႔ေၾကာင့္ လျပည့္ေန႔ညအခါတြင္ “က်ီးမႏိုးပြဲ”(ေခၚ)“သူခိုးကာလ” အျဖစ္ ကေလး ၊ လူငယ္မ်ား ေပ်ာ္႐ႊင္စြာ ေဆာ့ျမဴးေလ့ရွိၾကသည္။

တစ္ညလုံး နံနက္က်ီးမႏိုးမီတိုင္ေအာင္၊ အိမ္ရွင္မသိေစပဲ အလြယ္တစ္ကူ ေတြ႕ရွိခ်ီမႏိုင္ေသာပစၥည္းမ်ားကိုယ ူ၍ လမ္းမတြင္ စုပုံထားျခင္း ၊ပုဆိုး ထမီ ရရာတို႔ကို အလံထူ၍ထားျခင္း စသည္တို႔ျဖင့္ ၊နံနက္အခါ၌ လူ ရယ္ဖြယ္ျဖစ္ေအာင္ ဖန္တီးထားတတ္ၾကသည္။

တစ္ညေနခင္းလု ံး အိမ္ေပါက္ေစ့လိုက္ကာ အလႉေငြႏွင့္စားစရာမ်ား အလႉခံၾကၿပီး၊ တစ္ညခင္းလုံး ခ်က္ျပဳပ္၊စားေသာက္ကာ ျမဴတူး ေပ်ာ္႐ႊင္ၾကသည္။

ေငြေၾကးျပည့္စုံသူတို႔ကမူ ၊ လျပည့္ေန႔ညတြင္ “မေခၚမုံ႔လုံး”(ေခၚ)မုံ႔လုံးေရေပၚမ်ားေကြၽးျခင္း၊ ၾကက္သားဆန္ျပဳပ္ တိုက္ေကြၽးျခင္း ၊မယ္ဇလီဖူးသုပ္ေဝျခင္းႏွင့္ ပိုက္ဆံႀကဲျခင္း တို႔ကို ျပဳကာ ၊ ကုသိုလ္ယူေလ့ရွိၾကသည္။

Credit to Shwe Nyar Thar

Unicode

တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။

မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။

ထို့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇလီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအားလည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။

နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။

လပြည့်နေ ညဉ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ”ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြသည်။ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။

တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က၊ “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။

ထို့ကြောင့် လပြည့်နေ့ညအခါတွင် “ကျီးမနိုးပွဲ”(ခေါ်)“သူခိုးကာလ” အဖြစ် ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။

တစ်ညလုံး နံနက်ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ရှိချီမနိုင်သောပစ္စည်းများကိုယ ူ၍ လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို့ကို အလံထူ၍ထားခြင်း စသည်တို့ဖြင့် ၊နံနက်အခါ၌ လူ ရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။

တစ်ညနေခင်းလု ံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေနှင့်စားစရာများ အလှူခံကြပြီး၊ တစ်ညခင်းလုံး ချက်ပြုပ်၊စားသောက်ကာ မြူတူး ပျော်ရွှင်ကြသည်။

ငွေကြေးပြည့်စုံသူတို့ကမူ ၊ လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး”(ခေါ်)မုံ့လုံးရေပေါ်များကျွေးခြင်း၊ ကြက်သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ကို ပြုကာ ၊ ကုသိုလ်ယူလေ့ရှိကြသည်။

Credit to Shwe Nyar Thar

Be the first to comment

Leave a Reply

Your email address will not be published.


*