






ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ ပဲခူးတိုင်း အစိုးရအဖွဲ့ တို့ ညှိနိုင်းပြီး ပြည်ထောင်စုအစိုးရကို တင်ပြပေးခြင်း၊ အမြန်လမ်း မိုင်တိုင် (၃၉) လောက် ထိ ဝန်ထမ်းကား တစ်စီးလောက် စီစဉ် ပေးခြင်း စသည့် တစ်နည်းနည်းဖြင့် ဆရာ ဆရာမတွေ ရဲ့လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးသင့် ပါတယ်လို့ အကြံပြု လျှာရှည်လိုက်ပါတယ်။


Unicode

အမြင်မတော် မနေနိုင်လို့ ပြောပါရစေ ဒီနေ့ နေပြည်တော်ကိုသွားဖို့ ရန်ကုန်-မန္တလေး အမြန်လမ်းအစ အမှတ်(၃)လမ်းဆုံမှာ ကားစောင့်နေချိန်တွေ့နေရလို့ပါ

နံနက် (၇)နာရီအချိန်လောက်က စပြီး အဖြူအစိမ်းဝတ် ဆရာ/ဆရာမလေးတွေ အမှတ် (၃) လမ်းဆုံကို တဖွဲဖွဲ ရောက်လာ ကြပါတယ်။ ဆရာမက များတယ်၊ (အနည်းဆုံး ခန့်မှန် (၅၀)ဦး မက ပါ)။

လမ်းဘေး ကနေ လာ သမျှ အိမ်စီးကားလေး တွေကို လက်ကလေးတွေ ပြ တားကြ ရပ်ပေးတဲ့ကား ရသလောက် ခွဲတက်ကြ။

အမြန်လမ်းဘေး တစ်လျှောက် ရွာလေးတွေ က ကျောင်းတွေမှာ တာဝန် ထမ်းဆောင်ဖို့ ကျောင်းဖွင့် ကာလ နေစဉ် ဒီလိုပဲ သူတို့ အစီအစဉ်နဲ့ သူတို့ သွားလာ နေကြရတာပါတဲ့။

အပြန်ကျတော့လည်း ဒီလိုပဲ ကားလမ်းဘေး ကနေ ပြန်တားစီးကြ ရတယ်တဲ့။ ကဲ အစိုးရ တာဝန်ရှိသူကြီးတွေ ဘယ်လို လုပ်ပေးကြမှာလည်း။

ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ ပဲခူးတိုင်း အစိုးရအဖွဲ့ တို့ ညှိနိူင်းပြီး ပြည်ထောင်စုအစိုးရကို တင်ပြပေးခြင်း၊ အမြန်လမ်း မိုင်တိုင် (၃၉) လောက် ထိ ဝန်ထမ်းကား တစ်စီးလောက် စီစဉ် ပေးခြင်း စသည့် တစ်နည်းနည်းဖြင့် ဆရာ ဆရာမတွေ ရဲ့လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးသင့် ပါတယ်လို့ အကြံပြု လျှာရှည်လိုက်ပါတယ်။

Credit-ဘိုတောက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပဲခူးအရှေ့)

Be the first to comment

Leave a Reply

Your email address will not be published.


*